• English
Wednesday, November 29, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

    ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

    မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

    မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

    ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

    ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

    စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

    စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

    စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

    စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

    စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

    စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          အပစ်ရပ်လက်နက်ကိုင်များ အစည်းအဝေး တားမြစ်ခံရ

          by ချစ်မင်းထွန်း
          10 June 2019
          in သတင်း
          Reading Time: 1 min read
          A A
          ချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးတွင်တွေ့ရသော KNU ခေါင်းဆောင်များ  / Karen National Union Headquarters

          ချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးတွင်တွေ့ရသော KNU ခေါင်းဆောင်များ / Karen National Union Headquarters

          23k
          VIEWS
          Share on FacebookShare on Twitter

          တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့က ပြုလုပ်မည့် အစည်းအဝေး တရပ်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံး စစ်သံမှူးမှ ကန့်ကွက်သဖြင့် ရပ်ဆိုင်းလိုက်ရသည်။

          ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်ပြီး ပြုလုပ်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) ဖွဲ့စည်းရေး အစည်းအဝေး ဖြစ်ပြီး ဇွန် ၈ ရက်မှ ၁၀ ရက်ထိ ကျင်းပရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

          RelatedPosts

          ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

          ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

          28 November 2023
          1.8k
          ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

          ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

          28 November 2023
          321
          မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

          မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

          28 November 2023
          1.4k

          သို့သော်လည်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်က တားဆီးပေးရန် ထိုင်းတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး နိုင်ငံခြားဆက်ဆံရေးဌာနခွဲ ဒါရိုက်တာ ဗိုလ်မှူးကြီး Pattana Punmongkol သို့ ဇွန်လ ၇ ရက် နေ့စွဲဖြင့် စာပေးပို့ တားမြစ်ခဲ့သည်။

          အစည်းအဝေးတွင် NCA မထိုးရ သေးသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ ပါဝင် နေခြင်းကြောင့် အစိုးရ-တပ်မတော်တို့ဖြင့် ဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အနှောက် အယှက် ဖြစ်မည်ကို စိုးရိမ်သည့်အတွက်ဟု အကြောင်းပြထားသည်။

          KNU မှ အထွေအထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး က “ဒီအစည်းအဝေးက လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးတဲ့ အဖွဲ့ပါ ပါဝင်တက်ရောက်တယ်လို့ တပ်မတော်ဘက်က အကြောင်းကြားလာတယ်လို့ ပြောတာပေါ့ နော်။ အဲအခြေခံကြောင့် ကျနော်တို့ ကျင်းပလို့ မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ တပ်မတော်ဘက်က ကန့်ကွက်တဲ့ အတွက်ကြောင့် ကျနော်တို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောလာတယ်။ ကျနော်တို့ ရုံးကနေတဆင့် အကြောင်းကြားလာတာပဲ ဖြစ်ပါတယ်။ တဆင့်ခံပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

          သို့သော် နောက်ထက် အလုပ်အဖွဲ့ တဖွဲ့ကမူ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ပါဝင်ရမည့် အဆင့် ၄ ဆင့်နှင့်ပတ်သက်ပြီး ဇွန် ၅ ရက်မှ ၇ ရက်ထိ အစည်းအဝေး ကျင်းပ ဆွေးနွေးနိုင်ခဲ့ကြသည်။

          ယခု တားမြစ်ခံရသော အလုပ်အဖွဲ့မှာ NCA ထိုး ၁၀ ဖွဲ့၏ ဒုတိယ အလုပ်အဖွဲ့ဖြစ်သည်။ ထိုအလုပ် အဖွဲ့သည် KNU မှ PPCM  ဖွဲ့စည်းရန် အဆိုပြုထားခြင်းအပေါ် ဖွဲ့စည်းသင့်/မသင့် သုံးသပ် ဆွေးနွေးရန် တဆက်တည်း စီစဉ်ခဲ့သော အလုပ်အဖွဲ့ အစည်းအဝေးဖြစ်သည်။

          အဆိုပါ တားမြစ်မှုနှင့် ပတ်သက်ပြီး တပ်မတော်မှ ညွန်ကြားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဧရာဝတီသို့ ပြောသည်။

          ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော် သိရသလောက် ဒါက စစ်သံရုံးကနေ လုပ်တဲ့ဟာ မစုံစမ်းရသေးဘူး။ ဒီဘက်ကနေတော့ ကျနော်တို့ တရားဝင် ကန့်ကွက်ခိုင်း လိုက်တဲ့ဟာ မရှိဘူးလို့ သိရတယ်။ ကျနော်တို့ မေးကြည့်တာက ဒီဘက်က ခိုင်းထား တာ မရှိဘူးလို့ သိရတယ်။ ဒီဘက်က ညွန်ကြားထားတာ ရှိလားလို့ မေးကြည့်ပြီးပြီ မရှိဘူးဗျ” ဟု ပြောသည်။

          NCA ထိုး လက်နက်ကိုင်အဖွဲ့များကတော့ မိမိတို့ ကျင်းပမည့် အစည်းအဝေးတွင် NCA မထိုးရသေးသော အဖွဲ့ များ တက်ရောက်မည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။ သို့သော် KIA နှင့် KNPP မှ ကိုယ်စားလှယ်များသည် မေ ၂၄ ရက်မှ ၂၈ ရက်ထိ ကျင်းပခဲ့သော NCA ထိုး ၁၀ ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။

          ယခု NCA ထိုးအဖွဲ့များ၏ အလုပ်အဖွဲ့ ၂ ဖွဲ့ဆိုခြင်းမှာလည်း မေ ၁၄ ရက်မှ ၁၈ ရက်ထိ ကျင်းပခဲ့သော ထိပ်သီး အစည်းအဝေးက ဖွဲ့စည်းပေးလိုက်သော အဖွဲ့များ ဖြစ်ကြပြီး ပထမ အလုပ်အဖွဲ့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ပါဝင်ရမည့် အဆင့် ၄ ဆင့်အပေါ် သုံးသပ် ဆွေးနွေးကြရန်နှင့် ဒုတိယ အလုပ်အဖွဲ့ကမူ PPCM ဖွဲ့စည်းရန် သင့်/မသင့်အပေါ် သုံးသပ် ဆွေးနွေးရန် စသဖြင့် တာဝန်များ ခွဲခြား ပေးအပ်ထားခြင်း ဖြစ် ကြောင်း သိရသည်။

          ဧရာဝတီက အစိုးရနှင့် နီးစပ်သူများ အပါအဝင် တခြားသော သတင်းရင်းမြစ်များအား မေးမြန်း စုံစမ်းကြည့်ရာ ဇွန် ၈ ရက်မှ ၁၀ ရက်ထိ ကျင်းပမည့် NCA ထိုးအဖွဲ့၏ အလုပ်အဖွဲ့ အစည်းအဝေး တားမြစ်ရခြင်းက ကျင်းပမည့် အစီအစဉ်နှင့် ပတ်သက်ပြီး အစိုးရထံ အသိမပေးခဲ့ဘဲ ဇွန် ၅ ရက်မှ ၇ ရက်ထိ ကျင်းပခဲ့သော အလုပ် အဖွဲ့ အစည်းအဝေး အတွက်သာ အသိပေးခဲ့ခြင်းကြောင့် နားလည်မှု လွဲသွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

          ပဒိုစောတာဒိုမှူးက “အဲဒါတော့ ကျနော်တို့ ရုံးကိုပဲ မေးရမယ်၊ ဘာလို့ဆို ဒီဟာက တခုနဲ့တခု ဆက်စပ် ထားတာပဲ၊ ဒီဘက်က အဖွဲ့တွေ ဒီဘက်ကိုလည်း ပြန်ပါလာတာ ရှိတာပဲလေ။ ဒီအစည်းအဝေးမှာ လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေပါလို့ ကန့်ကွက်ပါတယ်ဆိုတဲ့ အကြောင်းကြားလာတာပဲ သိလိုက်တယ်” ဟု ဆိုသည်။

          ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူး ဆလိုင်းထလဟေးကကလည်း “ကျနော်တို့ အစည်း အဝေးတွေက ရက်စွဲအတိအကျပြောဖို့က ခက်တယ်လေ၊ တခါတလေကျရင် အစည်းအဝေးကို ၂ ရက် ၃ ရက်လောက်တင်ထားတယ်။ မပြီးလို့ ထက်ဆက်တာတွေလည်းရှိတာကို အဲလို ပုံစံ မျိုးတွေ လုပ်ခဲ့တာလည်း များတယ်။ ဒီတကြိမ်လည်းပဲ အဲလိုပုံစံမျိုးနဲ့လုပ်ဖြစ်ရင် ထပ်ဆက်မယ်ဆိုတာမျိုး စဉ်းစားခဲ့တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

          လက်ရှိတွင် အစည်းအဝေးကို ပြန်လည် စတင်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် ညှိနှိုင်းနေ ကြောင်းလည်း NCA ထိုးအဖွဲ့များက ဆိုသည်။ တချို့ကတော့ ယခုလို အစည်းအဝေး ကျင်းပနိုင်ရေး တားမြစ်ခြင်းများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပိုမို အဟန့်အတားများ ဖြစ်စေနိုင်ကြောင်း ဆိုနေကြသည်။

          ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ယခုဖြစ်ရပ်ကြောင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်း ပြောသည်။

          ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မထိခိုက်နိုင်ဘူးလို့တော့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်မှတ်ထိုး ထားတဲ့ အဖွဲ့အစည်း အတော်များများ မှာက နောက်ထပ် စုဖွဲ့မှုအသစ်နဲ့ ပတ်သက်ပြီး တော်တော်များများက  သဘောမတူတဲ့ အနေအထားမှာ သိရတယ်။ ဒါကြောင့်မို့လို့ ဒီဟာနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ထိခိုက်နိုင်တာ မရှိပါဘူး” ဟု ပြောသည်။

          NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များသည် အစိုးရ-တပ်မတော်ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ဆွေးနွေးရာတွင် ဘုံသဘောထား ရပ်တည်ချက်ဖြင့် စုစုစည်းစည်း ဆွေးနွေးနိုင်ရန်အတွက် ၂၀၁၆ ခုနှစ်က စတင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် မေ ၁၄ ရက်မှ ၁၈ ရက်ထိ ကျင်းပခဲ့သော NCA ထိုး ၁၀ ၏ ထိပ်သီး အစည်းအဝေးမှာ KNU က PPST  စုဖွဲ့မှုကို အယုံအကြည်မရှိတော့သည့်အတွက် နှုတ်ထွက်ကြောင်း စာတင်ခဲ့ပြီး PPST အစား PPCM ကို ဖွဲ့စည်းရန် အဆိုပြု တင်ပြလာခဲ့သည်။

          အဆိုပါ PPCM ဖွဲ့စည်းရန် အဆိုပြုမှုအပေါ် NCA ထိုးအဖွဲ့များကြား PPST ဆက်ထားရန်နှင့် PPCM ဖွဲ့စည်းရန် သဘောထား ကွဲလွဲမှုများ ရှိနေကြပြီး မည်သည့် စုဖွဲ့မှုကို သွားမလဲ ဆုံးဖြတ်နိုင်ရန်အတွက် အလုပ်အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။

          NCA ထိုးထားသော အဖွဲ့များမှာ KNU၊ CNF၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ဖြစ်ကြသည်။

          You may also like these stories:

          NCA စာချုပ်ကို လက်မှတ်ထိုးမည်မဟုတ်ဟု NSCN-K ပြော

          အပစ်ရပ်ကာလ သက်တမ်းမတိုးမှု တပ်မတော်၏ သဘောထားအတိုင်းသာဖြစ်ဟု ဆို

          အပစ်ရပ် ကာလ လုံလောက်ပြီဟု တပ်မတော် ပြော

          AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရ ဖိတ်ခေါ်

          တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိသမျှ တပ်မတော် နိုင်ငံရေးက မထွက်

          Your Thoughts …
          Tags: NCAPPCMPPST
          ချစ်မင်းထွန်း

          ချစ်မင်းထွန်း

          ဧရာဝတီ

          Similar Picks:

          ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

          ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

          by ဧရာဝတီ
          17 October 2023
          37.7k

          ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          by ဧရာဝတီ
          8 November 2023
          27.8k

          နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

          စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

          စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

          by ဇော်တူးဆိုင်း
          3 November 2023
          25.6k

          NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          by ဇုန်းရိန်
          27 July 2023
          20.7k

          စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          by မိုးစက်ငြိမ်းချမ်း
          22 July 2023
          13.1k

          ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

          တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား

          တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား

          by မိုးစက်ငြိမ်းချမ်း
          6 November 2023
          12.4k

          ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်အများစု ကြံ့ကြံ့ခံ၍ ခုခံနိုင်ခြင်းမရှိဘဲ အချိန်တိုအတွင်း ပြိုဆင်းသွားသည်။

          Next Post
          မေ ၂၂ ရက်ည လမိုင်း ဆေးရုံရောက်နေသည့် မိကျဲလာနှင့် ကိုတင်ဇော်ဦးတို့အား စောင့်ဆိုင်းနေသူများ /  ဉာဏ်စိုးဝင်း / ဧရာဝတီ

          အွန်လိုင်း စုမဲ မသမာမှု စုမဲဒိုင်ကို အမှုပေါင်း ၃၀ ဖြင့် အမှုဖွင့် အရေးယူ

          ရသေ့တောင် မြို့နယ် ဆိုင်းဘုတ် / ဧရာဝတီ

          ကျောက်တန်းပစ်ခတ်မှု လူ့အခွင့်အရေး ကော်မရှင် တွေ့ရှိချက် သမ္မတထံ ပို့

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          2 days ago
          12.2k
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          20 hours ago
          8.9k

          Most Read

          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved