• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီတာလျံ- ထိုင်းသူဌေး လာဘ်ပေးရန် ကြံစည်မှုဖြင့် ထောင် ၁နှစ် ချမှတ် ခံရပြန်

by ဧရာဝတီ
11 June 2019
in သတင်း
A A
အီတာလျံ - ထိုင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ပရမ်ချိုင်း ကို တရားရုံးသို့ လာရောက်စဉ် / Khaosad

အီတာလျံ - ထိုင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ပရမ်ချိုင်း ကို တရားရုံးသို့ လာရောက်စဉ် / Khaosad

9.3k
VIEWS
Share on FacebookShare on Twitter

ရှားပါး ကျားသစ်နက်ကို အမဲလိုက် သတ်ဖြတ်သည့် အမှုတွင် လာဘ်ပေးရန် ကြံစည်မှုကြောင့် အီတာလျံ- ထိုင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် သူဌေးကြီး ပရမ်ချိုင်းကို ယနေ့ နံနက်က ထိုင်းတရားရုံးမှနေ၍ ထောင်ဒဏ် တနှစ် ချမှတ်လိုက်သည်။

အီတာလျံ ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ပရမ်ချိုင်း ကာနာဆူတာကို အရာရှိတဥိးကို လာဘ်ထိုး ရန် ကြိုးစားမှုအတွက် အမှတ် ၇ ဒေသ အဂတိ လိုက်စားမှု နှင့် စည်းကမ်းချိုးဖောက်မှု ဆိုင်ရာ ရာဇဝတ်တရားရုံး က စီရင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြစ်ဒဏ်တွင် လျှော့ပေါ့ခွင့် ပေးထားခြင်း မရှိပေ။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
100
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.2k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
399

ထိုသို့ ပြစ်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်၍ ပရမ်ချိုင်းက ဝေဖန်ပြောဆိုခြင်းမရှိပဲ၊ “ကျနော်ခြေထောက်နာနေတယ်” ဟု နံနက် ၁၁.၃၀ ခန့်တွင်တရားရုံးမှ လမ်းလျှောက်တုတ်ဖြင့်ထွက်ခွာသွားသည်။

သို့သော် သူသည် အမှုအတွက် အယူခံဝင်မည် ဖြစ်ပြီး ဘတ် ၂ သိန်းအာမခံမည်ဖြစ်ကြောင်း အစိုးရရှေ့နေ က ပြောသည်။

သူဌေးကြီး ပရမ်ချိုင်း၏ အကူဝန်ထမ်း ယေင်ဒေါ့ ကရူရီးယားမှာမူ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၅ရက်နေ့ သူဌေးကြီး ပရမ်ချိုင်းနှင့် သူ၏ ဝန်ထမ်း ၃ဦးတို့သည် ကန်ချနဘူရီပြည် နယ် သန်ချိုင်း နရဲစွမ် ကြိုးဝိုင်းအတွင်း အမဲလိုက်ရာ ရှားပါး ကျားသစ်နက်နှင့် ဆတ်၊ ရစ်စသည့် တောကောင်များကို ပစ်ခတ်မှုဖြင့် တရားစွဲခဲ့ခြင်း ဖြစ်ပြီး၊ ယင်းအမှုနှင့် ပတ်သက်၍ ယခုနှစ်မေလတွင် လက်နက်အမှု၊ တောရိုင်း တိရစ္ဆာန် မှောင်ခိုမှုရန် ကြံစည်မှုဖြင့် ထောင်ဒဏ် ၁၆လ ချမှတ်ခြင်း ခံခဲ့ရ သော်လည်း သို့သော် ၎င်းမှာ အာမခံဖြင့် လွတ်မြောက် နေသည်။

ထိုအမှုနှင့် ပတ်သက်၍ သန်ချိုင် နရဲစွမ် ကြိုးဝိုင်း သစ်တော အရာရှိ ဝိချန်ကို လာဘ်ထိုးရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သစ်တောအရာရှိ ဝိချန်က ကြာချိန် မိနစ် ၂၀ ရှိသည့် အသံဖိုင်ကို တရားရုံးသို့ အထောက်အထားအဖြစ် တင်ခဲ့ပြီး၊ ထိုအသံ ဖိုင်တွင် သူဌေးကြီး ပရမ်ချိုင်းက “ ခင်ဗျား ကူညီနိုင်တဲ့ နည်းလမ်း မရှိဘူးလား။ ဘာပဲ လုပ်ရ လုပ်ရဗျာ။ လိုအပ်တာရှိရင် ကျနော်ပေးမယ်” ဟု ပြောခဲ့သည်။

ထိုစကားသည် လာဘ်ပေးမည်ကို ပွင့်ပွင့်လင်းလင်းမဖေါ်ပြထားသော်လည်း  ထိုအထောက်အထားကို လာဘ်ထိုးရန် ကြိုးစားသည့် လုံလောက်သော အထောက်အထားအဖြစ် တရားရုံးက သတ်မှတ်ခဲ့သည်။

ယခု စီရင်ချက် မချမီ တရက်တွင် အီတာလျှံ-ထိုင်း အများပိုင် ကုမ္ပဏီ၏ ရှယ်ယာများသည် ထိုင်းစတော့အိတ်ချိန်းတွင် ၂.၅ ရာခိုင်နှုန်းဈေးကျသွားခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

အီတာလျံ- ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် ဘေးမဲ့တောအတွင်း အမဲလိုက်၍ ဖမ်းဆီးခံရ 

ကျားသစ်နက် စားသူက ထိုင်း-မြန်မာ နယ်စပ်လမ်း ဖောက်သတဲ့လား

အီတာလျံ- ထိုင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ပရမ်ချိုင်းကို ထောင် ၁၆ လချမှတ် 

Your Thoughts …
Tags: ဆောက်လုပ်ရေး လုပ်ငန်းရှင်ပရမ်ချိုင်းလာဘ်ပေးအမဲလိုက်အီတာလျံ - ထိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကျားသားရေကို ရုံးခန်းအတွင်း ပြသနေသော Italian-Thai Development (ITD) ဥက္ကဌ ပရမ်ချိုင်း / Phuket Gazette

ကျားသစ်နက် စားသူက ထိုင်း-မြန်မာ နယ်စပ်လမ်း ဖောက်သတဲ့လား

by ဧရာဝတီ
9 March 2018
21.4k

သဘာဝတောရိုင်း တိရိစ္ဆာန် ထိန်းသိမ်း ကာကွယ်သူများ၊ ဒေသခံများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုတို့က စီမံကိန်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ကြ

တရားခွင်သို့ လာရောက်သည့် သူဌေးကြီး ပရမ်ချိုင်းအား သတင်းထောက်များက မေးမြန်းနေစဉ် / Bangkok Post

အီတာလျံ- ထိုင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ပရမ်ချိုင်းကို ထောင် ၁၆ လချမှတ်

by ဧရာဝတီ
19 March 2019
10.9k

ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ် သန်ချိုင်း နရဲစွမ် သစ်တောကြိုးဝိုင်းအတွင်း တရား မဝင် အမဲလိုက်မှုဖြင့် တရားစွဲ ခံနေ ရသည့် အီတာလျံ- ထိုင်း ဆောက်လုပ်ရေး(ITD) လုပ်ငန်းရှင် သန်ကြွယ်သူဌေး ပရမ်ချိုင်း ကာနာဆူတာကို ယနေ့...

အထူးစီးပွားရေးဇုန်အတွင်းရှိ အီတာလျံ-ထိုင်း ကုမ္ပဏီ ဆောက်လုပ်ရေး ပရောဂျက်အနီး  / EarthRights International  / Supplied

ထားဝယ်-ကန်ချနပူရီ နှစ်လမ်းသွားစီမံကိန်း စတင်နိုင်ရန် စီစဉ်နေ

by မျိုးပပစန်း
12 September 2019
10k

ယင်းစီးပွားရေးဇုန်ကို အပိုင်း ၃ ပိုင်း ခွဲခြားထားပြီး လမ်းပိုင်းကို ထိုင်းနိုင်ငံ ချေးငွေဖြင့် လည်းကောင်း၊ လျှပ်စစ်ပိုင်းကို မိမိတို့ ကိုယ်ပိုင်ငွေဖြင့် လည်းကောင်း၊ ဆိပ်ကမ်း တည်ဆောက်ရေးကို ဂျပန်ချေးငွေဖြင့် လည်းကောင်း လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။

ITD ဥက္ကဋ္ဌ ပရန်ချိုင်း ကို သစ်တောတာဝန်ခံများက ဖမ်းဆီးနေစဉ် / Piyarach Choncharoen

အီတာလျံ- ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် ဘေးမဲ့တောအတွင်း အမဲလိုက်၍ ဖမ်းဆီးခံရ

by ဧရာဝတီ
6 February 2018
10k

အီတာလျံ- ထိုင်း (ITD) ဆောက်လုပ်ရေးလုပ်ငန်းရှင် ပရန်ချိုင်း ကာနာစုတာကို ကန်ချနဘူရီ ပြည်နယ်ရှိ သန်ချိုင်း နရဲစွမ် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် အမဲလိုက်သည့်အတွက် ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းကဆိုပါ တယ်။

Next Post
တက်တူးဆင်တူ ထိုးခဲ့တဲ့ အမျိုးသမီး နှစ်ဦး

သူငယ်ချင်းဖြစ်တာ နှစ် ၃၀ ပြည့် အထိမ်းအမှတ်နဲ့ တက်တူး ဆင်တူထိုးခဲ့တဲ့ အမျိုးသမီး နှစ်ဦး

ကမ္ဘာကျော် အဆိုတော် စလင်းဒီယွန်

အိမ်သာသွားနေတဲ့ ပရိသတ်ကို စောင့်ပြီးမှ ဖျော်ဖြေပွဲ ဆက်လုပ်ခဲ့တဲ့ စလင်းဒီယွန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate