• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတနှင့် အတိုင်ပင်ခံတို့ လက်ရှိ နိုင်ငံရေး ရာထူးဖြင့် ပါတီ စည်းရုံးရေး လုပ်နိုင်ဟု ကော်မရှင် ပြော

by ထက်နိုင်ဇော်
11 June 2019
in သတင်း
A A
သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်  / ထက်နိုင်ဇော် / ဧရာဝတီ

သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / ထက်နိုင်ဇော် / ဧရာဝတီ

33k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ၎င်းတို့၏ လက်ရှိ နိုင်ငံရေး ရာထူးဖြင့် ရွေး ကောက်ပွဲ မဲဆွယ်ကာလတွင် ပါတီ စည်းရုံးရေး၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ဆောင်ရွက်ခွင့် ရှိကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် (UEC) က ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည်ဟု ကြေညာလိုက်သည့် အချိန်မှစ၍ ပါတီ စည်း ရုံးရေး လုပ်ငန်းများ၊ မဲဆွယ်ရေး လုပ်ငန်းများ စတင်ပြီး ဆောင်ရွက်၍ ရကြောင်း၊ သက်ဆိုင်ရာ ဥပဒေများတွင် ပြဌာန်းထားပြီး ဖြစ်ကြောင်း UEC အဖွဲ့ ဝင် ဦးမြင့်နိုင်က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
836
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
3.1k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
1.1k

ဦးမြင့်နိုင် က “ပါတီစည်းရုံးရေးလည်း လုပ်လို့ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက သမ္မတကြီး ဦးသိန်းစိန်ကလည်း ဒီလိုပဲ ကြေညာပြီးတာနဲ့ တနိုင်ငံလုံး လျှောက်သွားတာပဲလေ။ တကယ်တန်းကျတော့ သူမပြိုင်ခဲ့ဘူး။ ဒါပေမယ့် သူကြေညာပြီးတဲ့ နောက်ပိုင်းမှာ အကုန် သူစည်းရုံးရေး ဆင်းတာပဲ။ အဲဒီတုန်းက သတင်းစာတွေ ကြည့်လိုက် သိတာပဲ” ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကလည်း UEC က ကြေညာလိုက်သည့်အချိန်တွင် နိုင်ငံတော် သမ္မတမှ စ၍ အောက်ခြေ အဆင့်ဆင့်မှ သူများသည် စည်းရုံးရေး ဆင်းခဲ့ကြကြောင်း၊ ၎င်းတို့ကို ကန့်သတ်ထားသည့် ဥပဒေ မရှိကြောင်း ယင်းကော်မရှင် အဖွဲ့ ဝင်က ပြောသည်။

ဦးမြင့်နိုင် က “လက်ရှိ နိုင်ငံရေး ရာထူးက မထွက်ရဘူး။ ၂၀၁၅ တုန်းကလည်း အဲလိုပဲ။ မထွက်ဘဲနဲ့ လုပ်လို့ရတယ်။ မထွက်ဘဲနဲ့ စည်းရုံးလို့ ရပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၇ နဲ့ တူပါတယ်။ ပါတီ စည်းရုံးရေးတွေပါ လုပ်လို့ရတယ်။ ကိုယ့် မဲဆန္ဒနယ် တွေမှာပါ လုပ်လို့ရတယ်။ ရာထူးကနေလည်း ထွက်စရာ မလိုဘူး” ဟု ပြောသည်။

သို့သော် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင် ပုဂ္ဂိုလ်များသည် ၎င်းတို့ ရာထူးတာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း ပါတီနိုင်ငံရေး မဆောင်ရွက်ရဟု ပြဌာန်းထားကြောင်း သိရသည်။

ယင်းပြဌာန်းချက်သည် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း သက်ရောက်မှု မရှိသည့် သဘောမျိုးဟု သုံးသပ်ရပြီး ၂၀၁၅ ခုနှစ်၊
ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲဖြင့် UEC က ထုတ်ပြန်ခဲ့သည့် ကြေညာချက် ၃၁/၂၀၁၅ တွင် ပါတီ စည်းရုံးရေးနဲ့ မဲဆွယ် စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိကြောင်းဟု အတိအကျ ပါဝင်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

ဒေါက်တာမျိုးညွှန့်က “သို့သော် မဲဆွယ်ကာလပဲ ဖြစ်ရမယ်။ ပါတီ စည်းရုံးရေးလို့ တိတိကျကျပါတယ်။ ဦးသိန်းစိန် သမ္မတကြီး ကိုယ်တိုင် ပါတီ စည်းရုံး ရေးအတွက် နယ်သွားခဲ့တာတွေ ရှိပါတယ်။ အဲဒီအတွက် ဒီအငြင်းပွားမှုက ပေါ်လာတာ” ဟု ရှင်းပြသည်။

သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင် ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ဇွန်လ ၉ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

ကြံ့ခိုင်ရေးပါတီကမူ ဦးသိန်းစိန်သည် နယ်များသို့ သွားရောက်ခဲ့သော်လည်း ပါတီ စည်းရုံးရေး မလုပ်ခဲ့ကြောင်း၊ ပါတီရုံများသို့ သွား ရောက်ခြင်း၊ ပါတီဝင်များနှင့် တွေ့ဆုံခြင်းများ မလုပ်ခဲ့ကြောင်း၊ ပါတီဝင်များကလည်း ၎င်း၏ ခရီးစဉ်သို့ လိုက်ပါခြင်း မရှိခဲ့ကြောင်း၊
အခြေခံ ဥပဒေအရ ပြည်ထောင်စု အဆင့် အဖွဲ့ စည်းဝင်များသည် အစိုးရတာဝန် ထမ်းဆောင်နေချိန်တွင် ပါတီ ကိစ္စများကို လုံးဝ လုပ်ခွင့် မပြုကြောင်း ပြောသည်။

ယင်းပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့် က “အစိုးရ အဖွဲ့ ဝင် ဝန်ကြီးတွေတောင် ပါတီ စည်းရုံးရေး လုပ်ချင်လို့ သမ္မတရုံး ဝန်ကြီးအဖြစ်ကနေ ဦးတင်နိုင်သိန်းတို့ ထွက်ခဲ့ရတယ်။ ဦးသက်နိုင်ဝင်း၊ ဦးသန်းဌေးတို့ ဝန်ကြီးတွေကနေထွက်ပြီး ပါတီကို သပ်သပ် လာလုပ်ကြတာလေ။ ဦးတင်နိုင်သိန်းတို့ ဆိုရင် သမ္မတရုံး ဝန်ကြီးတွေလေ။ ပါတီအောင်နိုင်ရေးအတွက် တာဝန်ပေးမယ်ဆိုတော့ ဝန်ကြီးကနေ နုတ်ထွက်ကြတယ်လေ” ဟု ပြောသည်။

၎င်းက ဆက်၍ “ပါတီနိုင်ငံရေးကတော့ မရဘူး။ သူတို့သည် ကိုယ်စားလှယ်လောင်း ဖြစ်သွားတဲ့အတွက် ကိုယ်စားလှယ်လောင်း အနေနဲ့ကတော့ မဲဆွယ် စည်းရုံးရေး လုပ်ကြတယ်။ ဝန်ကြီးတွေကတော့ ဝင်တဲ့အခါမှာ သူတို့ မဲဆန္ဒနယ်မှာတော့ သူတို့ စည်းရုံး ရေး လုပ်ကြတယ်။ ပါတီ နိုင်ငံရေး လုပ်တာ မဟုတ်ဘူး။ ကိုယ်စားလှယ်လောင်း အနေနဲ့ လုပ်တာဆိုရင်တော့ ရမယ့် သဘော ရှိတယ်” ဟု ပြောသည်။

သမ္မတနှင့် အတိုင်ပင်ခံတို့သည် ပါတီ စည်းရုံးရေး လုပ်နိုင်ကြောင်း ကော်မရှင်၏ ပြောဆိုချက်သည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပ ဒေနှင့်ပါ အငြင်းပွားစရာ ဖြစ်လာနိုင်သဖြင့် လိုအပ်မည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြပြီး အဆုံးအဖြတ် ရ ယူထားသင့် ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ဒေါက်တာ ရန်မျိုးသိန်း က “သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတုန်းက သူက ရွေးကောက်ပွဲ ကော်မရှင်ကနေ ကြေညာချက် ထုတ်ခဲ့တာမျိုး ရှိတယ်။ ရွေးကောက်ပွဲ မဲဆွယ် ကာလမှာ မဲဆွယ် စည်းရုံးရေး လုပ်နိုင်တယ် ဆိုတာမျိုး။ သူက လက်တလုံးခြား လေးပေါ့လေ။ ပါတီရဲ့ လုပ် ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့် မရှိဘူးလို့ ပြောတာလေ။ မဲဆွယ်တယ်ဆိုတဲ့ ဥစ္စာက ရွေးကောက်ပွဲ လုပ်ငန်းဆိုတဲ့ သဘောမျိုးနဲ့ သူက အဲလို ရေးထားတယ်” ဟု ပြောသည်။

အမှန်တကယ်တွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၏ ပြဌာန်းချက်မှာ လွဲချော်နေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် လိုက်လျော ညီထွေ မဖြစ်ကြောင်း၊ သမ္မတ ဖြစ်စေ၊ ဝန်ကြီး ဖြစ်စေ ရွေးကောက်ပွဲရက်ကို သတ်မှတ်ပြီးပါက မဲဆွဲစည်းရုံးရေး လုပ်ငန်းများ၊ ပါတီစည်းရုံးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိရမည် ဖြစ်ကြောင်း၊ ထိုမှသာ ပါတီစုံ နိုင်ငံရေး၊ ဒီမိုကရေစီ နိုင်ငံရေးနှင့် လိုက်လျောညီထွေ ဖြစ်မည်ဟု ပြောချင်ကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ဒေါက်တာ ရန်မျိုးသိမ်းက “သမ္မတရော ပြည်ထောင်စု ဝန်ကြီးတွေရောက ရာထူးသက်တမ်း အတွင်းမှာ ပါတီ လုပ်ငန်းတွေမှာ ဆောင်ရွက်ခွင့် မရှိဘူး။ ဒါပေ မယ့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကကျတော့ ပြည်ထောင်စု လွှတ်တော်ကနေ ခန့်အပ်တဲ့ သီးခြားတာဝန် ဖြစ်နေတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့က ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာ မပါဘူး”ဟု သုံးသပ်သည်။

ဦးဝင်းမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မှ ဝင်ရောက်အရွေးခံခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ် လာခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် သမ္မတ တာဝန်ကို သမ္မတ ဦးထင်ကျော်ထံမှ လွှဲပြောင်းရယူခဲ့သည်။

အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ် ပြိုင် အနိုင်ရခဲ့သော်လည်း ၎င်းကို သမ္မတဖြစ်ရန် ကန့်သတ်ထားသည့် ၂၀၀၈ အခြေခံ ဥပဒေကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဖန်တီးပြီး နိုင်ငံတွင် နံပါတ် ၂ နေရာကို ရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ရွေးကောက်ပွဲ နီးပါက NLD ပါတီသို့ ပြန်သွားနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော် လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

Your Thoughts …
Tags: UECစည်းရုံးရေးဒေါ်အောင်ဆန်းစုကြည်သမ္မတ ဦးဝင်းမြင့်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.1k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.3k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ရခိုင်ဒုက္ခသည်စခန်းက ဒုက္ခသည်များ / ကျော်ခ / ဧရာဝတီ

တိုက်ပွဲဖြစ်မည်စိုး၍ ပလက်ဝဒေသခံ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်

ဆရာကြီး ဦးဖေမောင်တင်  / ဝီကီပီးဒီယား

ဆရာကြီး ဦးဖေမောင်တင် ရုပ်တု ထားရှိရေး တိုင်ကြားစာကြောင့် ဆိုင်းငံ့ထားဟု ဆို

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate