• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ကိုရီးယား ခေါင်းဆောင်၏ သတ်ဖြတ်ခံ ညီအကို စီအိုင်အေသတင်းပေး ဟုဆို 

by ဧရာဝတီ
12 June 2019
in သတင်း
A A
၂၀၀၇ ဖေဖော်ဝါရီတွင် ဘေဂျင်းမြို့တွင် မြင်တွေ့ခဲ့ရသော ကင်မ်ဂျုံနန်း / Reuters

၂၀၀၇ ဖေဖော်ဝါရီတွင် ဘေဂျင်းမြို့တွင် မြင်တွေ့ခဲ့ရသော ကင်မ်ဂျုံနန်း / Reuters

7.7k
VIEWS
Share on FacebookShare on Twitter

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် ဖအေတူမအေကွဲ ညီအကိုတော်စပ်သူ ကင်မ်ဂျုံနန်းသည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) သတင်းပေးလုပ်၍ မလေးရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ်က သတ်ဖြတ် ခံရခြင်း ဖြစ်ကြောင်း ဝေါစထရိ ဂျာနယ်က တနင်္လာနေ့တွင် ထုတ်ဖော်ရေးသား လိုက်သည်။

ယင်းသတင်းနှင့်ပတ်သက်၍ အမည်မဖော်လိုသည့် ဖြစ်စဉ်သိရှိသူကို ကိုးကားလျှက် ဂျာနယ်က ထုတ်ဖော် ရေးသားခဲ့ခြင်းဖြစ်ပြီး ကင်မ်ဂျုံနန်းနှင့် စီအိုင်အေ ပတ်သက်မှု အသေးစိတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရ သေးပေ။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
2
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
36
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
212

ထိုသတင်းအပေါ် သီးခြားအတည်ပြုချက်များ မရှိပေ။ စီအိုင်အေကလည်း သဘောထား မှတ်ချက် ပေးရန် ငြင်းဆန်ထားသည်။

စီအိုင်အေနှင့် ကင်မ်ဂျုံနန်းတို့အကြား “ဆက်စပ်မှုရှိသည်” ဟု ပြောဆိုသူကို ဂျာနယ်က ကိုးကားရေးသားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံပြင်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ပြုံယမ်းတွင် လုပ်ပိုင်ခွင့်အာဏာ မည်မျှရှိမှန်း မသိရသော အဆိုပါ ဖအေတူမအေကွဲညီသည် ၎င်းနိုင်ငံ၏ အတွင်းရေး အချက်အလက်များကို လျှို့ဝှက်စွာ အသေးစိတ် သတင်းပေးနိုင်ရေးမှာ ဖြစ်နိုင်ခြေမရှိကြောင်း အမေရိကန်အစိုးရ အရာရှိဟောင်းများက သုံးသပ်သည်ဟု ဂျာနယ်က ဆက်လက် ရေးသားသည်။

ကင်မ်ဂျုံနန်းသည် အခြားနိုင်ငံများ၏ ထောက်လှမ်းရေးများနှင့် ဆက်သွယ်ခဲ့သည်မှာ တိကျလုနီးပါး ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့်ဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိဟောင်း များက ပြောကြား သည်ဟု ဝေါစထရိက ဆိုသည်။

စီအိုင်အေသတင်းပေး တဦးအနေဖြင့် ကင်မ်ဂျုံနန်း၏ အခန်းကဏ္ဍကို မြောက်ကိုရီးယား အထူးအရိုက်အရာ ဆက်ဆံသူ ကင်မ်ဂျုံအန်းအကြောင်း စာအုပ်သစ်အတွက် ရည်ညွန်း၍ ဝေါစထရိ ဂျာနယ်သတင်းထောက် အန်နာဖီဖီးလ်က အင်္ဂါနေ့တွင် ထုတ်ဖော်ရေးသားခဲ့ခြင်း ဖြစ်သည်။

ကင်မ်ဂျုံနန်း၏ မလေးရှားနောက်ဆုံး ခရီးစဉ်အကြောင်း လုံခြုံရေးကင်မရာ ခြေရာခံချက်များအရ ၎င်းသည် အမေရိကန် ထောက်လှမ်းရေးအေးဂျင့် လုပ်နေသူ အာရှသားတဦးနှင့် ဟိုတယ်တလုံး၏ ဓာတ်လှေကားတွင် တွေ့ရကြောင်း ယင်းစာအုပ်တွင် ရေးသားထားသည်။ ကင်မ်၏ ကျောပိုးအိတ်ထဲတွင် ထောက်လှမ်းရေး လုပ်ငန်းများ (သို့မဟုတ်) ၎င်း၏ ကာစီနိုလုပ်ငန်းများ လုပ်ကိုင်ရန် ပေးအပ်ထားသည့် ငွေသား ဒေါ်လာ ၁၂၀,၀၀၀ ပါကြောင်း ဆိုသည်။

မြောက်ကိုရီးယား ခေါင်းဆောင်မိသားစု အာဏာ ဆက်လက်တည်မြဲရေး အတွက် အရေးပါသူ ကင်မ်ဂျုံနန်းကို လုပ်ကြံ သတ်ဖြတ်ရန်အတွက် မြောက်ကိုရီးယား အာဏာပိုင်များက အမိန့်ပေးခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ များ၏ ပြောဆိုမှုများ ရှိပြီးဖြစ်သည်။ သို့သော် ယင်းစွပ်စွဲချက်ကို ပြုံယမ်းက ငြင်းဆို ထားသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက ကွာလာလမ်ပူ လေဆိပ်တွင် ကင်မ်ဂျုံနန်း၏ မျက်နှာကို တားမြစ်ဓာတုလက်နက် တမျိုးဖြစ်သည့် VX အရည်ဖြင့် လိမ်းကျံရန် အမျိုးသမီးနှစ်ဦးအား တာဝန်ပေးခဲ့သည်။ ထိုအမျိုးသမီး နှစ်ဦးအနက် ဗီယက်နမ်အမျိုးသမီး Doan Thi Huong ကို မေလတွင် လည်းကောင်း၊ အင်ဒိုနီးရှားအမျိုးသမီး Siti Aisyah ကို မတ်လတွင်လည်းကောင်း မလေးရှား အစိုးရက ပြန်လွှတ်ပေးခဲ့သည်။

ဝေါစထရိဂျာနယ်က ကိုးကားသူ၏ ပြောကြားချက်အရ ကင်မ်ဂျုံနန်းသည် တစုံတရာရည်ရွယ်ချက်ဖြင့် ခရီးသွားခဲ့ခြင်း မဟုတ်သော်လည်း ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီက စီအိုင်အေနှင့် ချိတ်ဆက်ရန် မလေးရှားသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ဟနွိုင်မြို့၌လည်းကောင်း၊ ယမန်နှစ် ဇွန်လက စင်ကာပူနိုင်ငံ၌ လည်းကောင်း နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့သည် ပုဂ္ဂိ္ဂုလ်ရေးအရ ကောင်းမွန်သည့်ဆက်ဆံရေးထူထောင်ရန် တွေ့ဆုံခဲ့သည်ဟု ယူဆရသော်လည်း အမေရိကန် ပိတ်ဆို့မှု ပြန်ရုပ်သိမ်းရေးနှင့် မြောက်ကိုရီးယား နျူးကလီးယားနှင့် ဒုံးကျည် အစီအစဉ် စွန့်လွှတ်ရေးတို့ အပေးအယူ လုပ်ရန် သဘောတူညီချက် မရရှိခဲ့ပေ။

ကိုးကား ။         ။ Wall Street Journal, Reuters 

ဆက်စပ်ဖတ်ရှုရန် – ကင်ဂျုံနမ် အသတ်ခံရမှု၌ ပါဝင်ဆိုသော အမျိုးသမီး မလေးရှားတရားရုံး လွှတ်ပေး

ဖယ်ရှားခံရသည် ဆိုသော မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ဂီတပွဲ၌ ပြန်ပေါ်လာ

ထိပ်သီးဆွေးနွေးပွဲ ပျက်ပြီးနောက် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် လျှို့ဝှက်စမ်းသပ်ဟုဆို

မြောက်ကိုရီးယားနိုင်ငံရဲ့ လူသိနည်းတဲ့ ကောင်းတဲ့ အချက် ၅ ချက်

Your Thoughts …
Tags: ကင်ဂျုံအန်ကင်မ်ဂျုံနန်းစီအိုင်အေမလေးရှားမြောက်ကိုရီးယားဝေါစထရိ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
9.9k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

by Jong Min Lee
11 March 2024
7.3k

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အသုံးပြုရန် ပထမဆုံးကြိုးစားမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဌာနကို ၁၉၅၅ ခုနှစ်တွင် ထူထောင်ခြင်းဖြင့် စတင်သည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
21.9k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

by Bertil Lintner
5 September 2023
5.6k

အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

Next Post
မန္တလေးရှိ အုတ်ဖုတ်လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့် ကလေးလုပ်သားတချို့ကို တွေ့ရစဉ်  / ဇော်ဇော် / ဧရာဝတီ

ကလေးလုပ်သား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရဟုဆို

ဒီခေတ်မှာ ကလေးတွေ ပိုငြိမ်လာတယ် (ရုပ်/သံ)

ဒီခေတ်မှာ ကလေးတွေ ပိုငြိမ်လာတယ် (ရုပ်/သံ)

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate