• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော် သဘောထားတင်းမာလျှင် ဆွေးနွေးပွဲ ထိခိုက်နိုင်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

by နန်းလွင်နှင်းပွင့်
14 June 2019
in သတင်း
A A
ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ကျော်ခ / ဧရာဝတီ

ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ကျော်ခ / ဧရာဝတီ

61.7k
VIEWS
Share on FacebookShare on Twitter

ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တခု သဘောတူ ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းနေရာ တပ်မတော် ဘက်မှ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အပေါ်  သဘောထား တင်းမာမှုများ ရှိနေသဖြင့် ဆွေးနွေးမှုတွင် အခက်အခဲများ ရှိနိုင်သည်ဟု ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင် က “အစည်းအဝေးထိုင်မယ့် နေရာကိစ္စ အဆင်ပြေခဲ့ရင်တောင် ဆွေးနွေးမယ့် အကြောင်းအရာတွေမှာ အခက်အခဲရှိနိုင်ပါတယ်။ အထူးသဖြင့် နှစ်ဖက်တပ်များ ချထားရေးကိစ္စတွေပါ။ ကျနော်တို့ AA ကို သူတို့က တပ်နေရာချထားရေးနဲ့ ပတ်သတ်ပြီး တင်းတင်းမာမာ ပြောဆိုထားတာ ရှိသလို ကျနော်တို့မဟာမိတ် ၂ ဖွဲ့ဖြစ်တဲ့ TNLA နဲ့ MNDAA အပေါ်မှာလည်း သိပ်ရေရာတဲ့ အနေအထားတွေ မတွေ့ရ ပါဘူး။ ဒါ့ကြောင့် သဘောထား တင်းတင်းမာမာ ရပ်တည်ထားတဲ့ အခြေအနေပေါ်မှာ စောင့်ကြည့် နေတာပါ “  ဟု ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
33
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
68
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
275

Bilateral အတွက် တပ်နေရာ ချထားရေးကိစ္စများ ဆွေးနွေးရာတွင် AA ကို လိုင်ဇာမြို့တွင်သာ အသိအမှတ်ပြုမည် ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း လှုပ်ရှားမှုများကို အသိအမှတ်ပြုမည် မဟုတ်ဟု  တပ်မတော်က ပြောဆိုထားသည်။

ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် က “သူတို့ ခွင့်ပြုတာ မပြုတာထက် ကျနော်တို့ နေနေပြီးပြီပဲ နေလို့တောင် တိုက်ပွဲတွေ အများကြီး တိုက်နေပြီ။ ရောက်ပြီးသားကို လက်မခံတာကတော့ အခြေအနေကို ပိုပြီး ဆိုးဝါးစေမယ့် အပြောအဆိုတွေပေါ့ဗျာ။ အလားတူပဲ TNLA ဆိုရင်လည်း သူတို့ပြောဆိုတာတွေရှိပါတယ်။ တပ်နေရာ ချထားရေးနဲ့ပတ်သတ်ပြီး ဘယ်နေရာ ဘယ်လောက်ဆိုတာ။ ကိုးကန့်လည်း ဒီအတိုင်းပါပဲ” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်များဘက်မှ တပ်နေရာချထားရေးနှင့် ပတ်သတ်၍ အကျယ်တဝင့် ထုတ်ဖော်  ပြောဆိုခြင်း မရှိသည်မှာ ဆွေးနွေးရာတွင် အတားအဆီးများ ဖြစ်မည်ကိုလည်း စိုးရိမ်ခြင်းကြောင့် ဖြစ်ပါသည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင် က “ကျနော်တို့က Bilateral ဆိုတာထက် နိုင်ငံရေးအရ တစုံတရာ တိုးတတ်မှုရှိတဲ့ အရွေ့တခုကို ရောက်စေချင်တာတော့ မှန်တယ်။ တဖက်က တင်းတင်းမာမာနဲ့ ပြောနေတဲ့ အပေါ်မှာတော့ ကျနော်တို့က ဘာမှ စောဒက တတ်ပြီး ကျော်ပြောနေလို့ မရပါဘူး” ဟု ဆိုသည်။

AA သည် ၂၀၀၉  ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ထိန်းချုပ်သည့် လိုင်ဇာမြို့တွင် စတင် တည်ထောင်ကာ ဌာနချုပ် စိုက် ထားသော်လည်း ၂၀၁၅ ခုနှစ်မှ စ၍ ဘင်္ဂလားဒေ့ရှ် -မြန်မာ နယ်စပ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဝင်ရောက် လှုပ်ရှားလာကာ လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်တို့အထိ လှုပ်ရှားလျက် ရှိသည်။

၂၀၁၉  ခုနှစ်တွင် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ AA လှုပ်ရှားသည့် မြို့နယ်များတွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲ အကြိမ်ရေ ၁၁၀၀ ကျော် ဖြစ်ပွားထားသည်ဟု ရက္ခိုင်စစ်တပ်ဘက်မှ ထုတ်ပြန်ထားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “AA ကတော့ ကျနော်တို့က  ပြောပြီးသားပါ။ ထပ်ပြောစရာတော့ မရှိပါဘူး။ ကျန်တဲ့ အဖွဲ့တွေကတော့ ဆွေးနွေးတဲ့ အခါကျရင် သိလာမှာပါ။ AA နဲ့ ပတ်သတ်လို့ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ယခင်က အဖြူရောင် နယ်မြေ ဖြစ်ခဲ့တဲ့ နေရာမှာ ပဋိပက္ခက ပိုကြီးလာဖို့ပဲရှိတယ်။ ဒါ့ကြောင့် ကျနော်တို့က သဘောထား ပြောင်းလဲမှာ မဟုတ်ဘူး” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊  မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတပ်မတော် – ကိုးကန့်တပ်ဖွဲ့ ( MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် AA  တို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ကိုယ်စားလှယ်များ အကြား Bilateral စာချုပ် ညှိနှိုင်းရေးအတွက် တွေ့ဆုံရန် ညှိနှိုင်းနေသော်လည်း ပြေလည်ခြင်း မရှိသေးပါ။

ဧပြီ ၃၀ ရက်တွင် နောက်ဆုံး တွေ့ဆုံထားခြင်း ဖြစ်သည်။

ဧပြီ ၃၀ ဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဘက်မှ ပေးလိုက်သည့် အချက်အလက်များ၊ အဆိုပြုချက်များကို အစိုးရနှင့် တပ်မတော် ကြား  ဆွေးနွေးထားပြီး Bilateral အတွက် အစိုးရနှင့် တပ်မတော်မှာ သဘောထားတခုတည်း ဖြစ်နေပြီ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

အစိုးရနှင့် တပ်မတော်ကြား ဆွေးနွေးထားသည့် အချက်များကို မေးမြန်းရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိအခြေအနေတွင် အသေးစိတ်ထုတ်ဖော်ပြောဆိုရန် မရှိသေးဟု ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “Bilateral ကတော့ ကျနော်တို့ရပ်တည်ချက် သဘောထားကို ကျနော်တို့ ထုတ်ပြောပြီးပြီပဲ။ အဲ့အတိုင်းပဲဖြစ်ပါလိမ့်မယ် ပြေလည်ခြင်း မပြေလည်ခြင်းကတော့ သူတို့ အပေါ်မှာ မူတည်ပါလိမ့်မယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့က Bilateral ချုပ်ဆိုရာတွင် နှစ်ဖက်တပ်နေရာ ချထားရေးများ၊ နှစ်ဖက်တပ်ကြား  စာချုပ်ထဲတွင် နေရာအတိအလင်း ထည့်သွင်းသတ်မှတ်ထားသည့် အပေါ်တွင် ပြန်လည် မပစ်ခတ်ရန် အပြန်အလှန် လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကိုလည်း ထည့်သွင်း သဘောတူ လက်မှတ်ထိုး ရန် တောင်းဆိုထားသည်။

တိုင်းရင်းသားအရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “တပ်ပိုင်းဆိုင်ရာ Bilateral ထိုးမယ် ဆိုရင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမယ်ဆိုရင် AA နဲ့ တင်မကပါဘူး။ TNLA တို့ ကိုးကန့်တို့နဲ့လည်း စကားပြောရလိမ့်မယ် ထင်ပါတယ်။ KIA နဲ့ Bilateral မထိုးထားပေမယ့် အပစ်ရပ်စဲရေးက ၁၉၉၄ မှာ တကြိမ် လုပ်ထားတဲ့အပြင် တပ်ပိုင်းဆိုင်ရာ တစုံတရာ ဆွေးနွေးဖူးတော့ ပြဿနာ မရှိဘူး” ဟု ပြောသည်။

AA၊ MNDAA နှင့် TNLA တို့မှာ တပ်မတော်နှင့် အပစ်ရပ်စာချုပ်များ မရှိပါ။ တပ်နေရာ ချထားရေးများလည်း ယခင်က  ဆွေးနွေးမှု မရှိသည့်အပြင် အစမှစ ပြောဆိုရမည် ဖြစ်သဖြင့် ကြီးမားသည့် ငြင်းခုန်မှုများ၊ ညှိနှိုင်းမှုများ ပြုလုပ်ရလိမ့်မည်ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။

TNLA  လှုပ်ရှားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် ယခင်က ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်ဦး (PSLA)  လှုပ်ရှားဖူးသော်လည်း PSLA က ၂၀၀၅ ခုနှစ်တွင် လက်နက်ဖြုတ်သိမ်း သွားသဖြင့် TNLA နှင့် တပ်မတော်ကြား တပ်နေရာချထားရေးမှာလည်း အသစ်ဆွေးနွေးရမည့် ကိစ္စ ဖြစ်သည်ဟု ဦးမောင်မောင်စိုးက ဆိုသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ မန်တုံ နှင့် နမ့်ဆန်မြို့နယ်တို့တွင် လှုပ်ရှားသည်။

ဦးမောင်မောင်စိုး က MNDAA သည်လည်း ဌာနချုပ်မှာ  ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ဟုန်အိုင် တောင်ကြောတွင် ဌာနချုပ် အခြေစိုက်ကာလ လှုပ်ရှားသည်ဟုဆိုသော်လည်း လက်ရှိတွင် သံလွင်မြစ် အနောက်ခြမ်း တကြောထိ တပ်ဖွဲ့များ လှုပ်ရှားနေသဖြင့် တပ်ပိုင်းဆိုင်ရာတွင် ဆွေးနွေးရမည့် အကြောင်း အရာ တခု ဖြစ်လာနိုင်သည်ဟု ပြောသည်။

ဦးမောင်မောင်စိုး က “Bilateral ထိုးနိုင်မှ နိုင်ငံရေးအတွက် အရွေ့တခုကို ရောက်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တပ်ဘက်က စိုးရိမ်စိတ် သိပ်ကြီးတဲ့အခါကျတော့ နိုင်ငံရေးဆွေးနွေးပွဲကို ပိတ်ဆို့ပြီး ကစားတဲ့ ပုံစံဖြစ်တော့ နိုင်ငံရေးအရွေ့က တော်တော်နဲ့ မရွေ့ဘူး ဖြစ်နေတာပေါ့” ဟု သုံးသပ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကြား မေ ၂၄ ၊ ၂၅ တွင်  တွေ့ဆုံရန် ဆွေးနွေးထားသော်လည်း နှစ်ဖက်ညှိနှိုင်းမှုများ မပြေလည်သေးသဖြင့် ထပ်မံ တွေ့ဆုံရန် ယနေ့ထိ အတည်တကျ သဘောတူနိုင်ခြင်း မရှိသေးပါ။

အစည်းအဝေး ထပ်မံပြုလုပ်ပါက Bilateral စာချုပ်အတွင်း ထည့်သွင်းမည့် အချက်များကို ဆွေးနွေးကြ မည် ဖြစ်သည်။

You may also like these stories:

ရခိုင်တွင် လုံခြုံရေးအရ နယ်မြေ ပြန်စိုးမိုးနိုင်ပြီဟု တပ်မတော် ပြေ

AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း – ၁)

တပ်မတော်နှင့် AA ကြား Bilateral စာချုပ် ချုပ်ဖြစ်နိုင်မလား

ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရိတ် အဆင့် ရလိုကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

Your Thoughts …
Tags: AABilateralဗိုလ်ချုပ် ထွန်းမြတ်နိုင်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
နိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် လွန်ခဲ့သောနှစ်လအတွင်း စီးပွားရေး လုပ်ငန်းများကို အထိနာစေခဲ့သည် / အောင်ကျော်ထက်

လျှပ်စစ်မီးမှန်အောင် အစိုးရ လုပ်ဆောင်နိုင်မလား

ရာဇဝတ်ဘေး ပြေးရင်လွတ်

ရာဇဝတ်ဘေး ပြေးရင်လွတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate