သတင်း

မိုးမိတ်မြို့မှ နှစ်သက်တမ်း ၁၃၀ ကျော်ရှိ တရားစီရင်ရေး ဟော် ထိန်းသိမ်းရန်လို

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မိုးမိတ်မြို့တွင် ၁၃၅ နှစ် သက်တမ်းရှိပြီ ဖြစ်သည့် တရားစီရင်ရေး ဟော် ကို ပြုပြင်ထိန်း သိမ်းမှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း မိုးမိတ် မြို့နယ် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီဝင်းက ပြောသည်။

ဒေါ်ရီရီဝင်းက တရားစီရင်ရေး ဟော်က နှစ်ပေါင်း ၁၀၀ ကျော် ရှိနေပြီ။ ဒီကိစ္စကို အစိုးရ အဖွဲ့ အနေ နဲ့ ထိန်းသိမ်းပေးဖို့ ရှိ မရှိကို ပြီးခဲ့တဲ့နှစ်ကတည်းက လွှတ်တော်မှာ မေးမြန်းတော့ လာဖြေတဲ့ ဝန်ကြီး က တိတိကျကျ ဖြေမသွားဘူး။ နောက်လာမယ့် ဘတ်ဂျက်တွေမှာပဲ ထည့်သွင်း စဉ်းစားပေးမယ် လို့ပဲ ဖြေကြား ထားပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘယ်တော့မှ လုပ်မယ် ဆိုတာ မသိရသေးဘူး။ ကျမ တို့က တိတိကျကျ အဖြေ တခုကို သိချင်တာပါဟု ပြောသည်။

အဆိုပါ တရားစီရင်ရေး ဟော်ကို ထိန်းသိမ်းမည့်သူ မရှိ ဖြစ်နေရာ ယခုအခါ ရှေးဟောင်း အမွေအနှစ် နေရာ တခုအ ဖြစ် ထိန်းသိမ်းနိုင်ရန် မိုးမိတ်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံ များ ကြိုးစား လုပ်ဆောင်နေ လျက် ရှိကြောင်း သိရသည်။

မြို့တည် သက်တမ်း ၂၅၀၀ ကျော် ရှိပြီဖြစ်သည့် မိုးမိတ်မြို့တွင် စော်ဘွား ၅ ဆက် အုပ်ချုပ်ခဲ့ကာ ဟော်နန်းကို ၁၂၇၁ ခုနှစ်၌ ဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ် အတွင်း ဗုံးဒဏ်သင့်၍ ပျက်ဆီးခဲ့ သော်လည်း ယခု တရားစီရင်ရေး ဟော် မှာ အကောင်းပကတိ အတိုင်း ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

 

ဘာကြောင့် ထိန်းသိမ်းချင်တာလဲ ဆိုတော့ မိုးမိတ်မြို့ကို နှစ်ပေါင်း ရှည်ကြာစွာ တည်ဆောက်ပြီးတော့ မှ လူသိနည်းပါတယ်။ လက်ရှိမှာ လာတဲ့ ဧည့်သည်တွေကို စော်ဘွား တည်ခဲ့တဲ့ ရွှေမြင်တင် ဘုရား၊ ဆုတောင်းပြည့် စေတီတို့နဲ့ မိုး မိတ်မြို့ရဲ့နောက်ခံ အချက်အလက်တွေ၊ စော်ဘွားတွေရဲ့ အသုံး အဆောင်တွေကိုပဲ လိုက်လံ ပြသနိုင်တယ်ဟု ဒေါ်ရီ ရီဝင်းက ဆက်လက် ပြောသည်။

တရားစီရင်ရေး ဟော်ကို ခွန်မင်းဆက် လက်ထက် စော်ဘွား စဝ္ခြန္မွံုက ၁၂၄၅ ခုနှစ်က တည်ဆောက် ခဲ့ပြီး မိုးမိတ်မြို့ အား စနစ်တကျ စီမံ အုပ်ချုပ်နိုင်ရန် အတွက် ရည်ရွယ်ကြောင်း သိရသည်။

မိုးမိတ်မြို့ ဒေသခံ ကိုနိုင်ဝင်းက ကျနော်တို့မြို့က တကယ်တမ်းမှာ ဖွံ့ဖြိုးမှုက အတော် နည်းပါသေး တယ်။ ခေတ်အ ဆက်ဆက်က နောက်ချန် ခံထားရတဲ့ မြို့လို ဖြစ်နေတယ်။ အခု ဟော်ကိစ္စမှာ ဆိုရင် လည်း လွှတ်တော် ကိုယ်စား လှယ်က မေးတာကို သက်ဆိုင်ရာက မရေမရာ လုပ်ဖြေထားတယ်။ ကျနော်တို့ အနေနဲ့ အသိအမှတ်ပြုပေးဖို့ပဲ လိုတာ ပါဟု ပြောသည်။

မိုးမိတ်မြို့သည် ရှေးအစဉ် အဆက်မှ ယနေ့ အချိန် အထိ ရှမ်း၊ ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ ပလောင် စသည့် တိုင်းရင်းသားများ စုပေါင်း နေထိုင်သည့် မြို့ ဖြစ်သည်။

 

အဆိုပါ တရားစီရင်ရေး ဟော်ကို ပြုပြင် ထိန်းသိမ်းနိုင်မည် ဆိုပါက မိုးမိတ်မြို့၏ ခရီးသွား လုပ်ငန်း ကိုလည်း အ ထောက်အကူ ဖြစ်စေလာနိုင်မည့် အပြင် တိုင်းရင်းသားပေါင်းစုံ စုပေါင်း နေထိုင်ခဲ့ကြ သည့် မိုးမိတ်မြို့ကို မိုးမိတ်စော် ဘွားက ညီညွတ်မျှတစွာ စနစ်တကျဖြင့် စီမံအုပ်ချုပ်ခဲ့သည့် ပုံရိပ် များကိုလည်း ပြသပေးနိုင်မည် ဖြစ်ကြောင်း သိရ သည်။

ဒေါ်ရီရီဝင်း က တရားစီရင်ရေး ဟော်ကို ထိန်းသိမ်းနိုင်မယ် ဆိုရင် မိုးမိတ်မြို့ကို လာမယ့် ခရီးသွား တွေ အတွက် လည်း လေ့လာကြည့်ရှု စရာ တခု အဖြစ် တိုးလာမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မိုးမိတ်မြို့မှာ စုပေါင်း နေထိုင်ခဲ့ကြ တဲ့ တိုင်းရင်းသား ပေါင်းစုံကို မိုးမိတ်စော်ဘွားက ညီညွှတ်မျှတစွာ စနစ်တကျနဲ့စီမံအုပ်ချုပ်ခဲ့တယ်ဆိုတဲ့ ပုံရိပ်ကို ပြန် လည် ဖော်ထုတ်ချင်တာပါပြောဆိုသည်။

ယခုအခါ တရားစီရင်ရေး ဟော် အပြင် စော်ဘွား စဝ္ခြန္မွံု၏ အသုံးအဆောင်ပစ္စည်းများနှင့် အထိမ်း အမှတ် ပစ္စည်းများ ကို မိုးမိတ်မြို့ရှိ ပုဗ္ပာရုံကျောင်းတိုက်တွင် ထိန်းသိမ်း စောင့်ရှောက်ထားသည်။

ဒေသခံများ အနေဖြင့် တရားစီရင်ရေး ဟော်ကို ပြုပြင် ထိန်းသိမ်းခြင်းများ အပြင် စော်ဘွားစဝ္ခြန္မွံု ၏ အသုံးအဆောင် ပစ္စည်းများနှင့် အထိမ်းအမှတ် ပစ္စည်းများကို တစုတစည်းတည်း ပြသနိုင်ရန် အတွက် ပြတိုက်တခု လုပ်ဆောင်နိုင်ရန် လည်း ဆန္ဒရှိနေကြောင်း သိရသည်။

You may also like these stories:

တောင်ကြီးရောက်ရင် သွားသင့်တဲ့ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ဂူဗိမာန်

ပဋိပက္ခကြောင့် ရိုးရာ ဓလေ့ ထုံးစံများလည်း ထိခိုက်ရသည်

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ဆက်လက်ဆောင်ရွက်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading