သတင်း

မဘသ အမည်ပြောင်းအဖွဲ့ထံ ရန်ကုန်တိုင်း စစ်ဌာနချုပ် ငွေကြေး ထောက်ပံ့လှူဒါန်း

Want create site? Find Free WordPress Themes and plugins.

တရားမဝင်ကြောင်း ကြေညာထားသည့် မဘသ အဖွဲ့အား အမည်ပြောင်းထားသည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း (ဗဟို) က ယနေ့ကျင်းပခဲ့သည့် နှစ်ပတ်လည်ညီလာခံသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူ ဒါန်းခဲ့သည်။

အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပခဲ့သည့် ယင်းညီလာခံသို့ သံဃာ တထောင်ကျော် တက်ရောက် ခဲ့ပြီး ယနေ့ နေ့ဆွမ်းအား ဦးစိုးထွန်းရှိန်က လှူဒါန်းကြောင်းလည်း အခမ်းအနားတွင် ကြေညာခဲ့သည်။

အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးစိုးထွန်းရှိန်သည် မြန်မာ့ သတ္ထုတွင်းဥပဒေ ပုဒ်မ ၃၀(က) / ကျင့် ၅၁၂ အမှုမှ ထွက်ပြေးနေသည့်အတွက် ရဲတပ်ဖွဲ့က တရားခံပြေး ကြေညာထားသူ တဦးဖြစ်သည်။

ညီလာခံအပြီးတွင် ဦးဝီရသူအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် အမှုဖွင့်ခြင်းသည် အစိုးရမှ ဥပဒေမဲ့ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို)က ထုတ်ပြန်ခဲ့သည်။

အစိုးရအပေါ် ပုတ်ခတ်ဟောပြောမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် အမှုဖွင့် ဝရမ်း ထုတ်ခံထားရသည့် ဦးဝီရသူအနေဖြင့် လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် အမှုအား ၎င်း ၏ မျက်ကွယ်တွင် စစ်ဆေးသွားမည်ဖြစ်သည်။

ဦးဝီရသူအနေဖြင့်လည်း VK လူမှုကွန်ရက်မှတဆင့် ညီလာခံသို့ တက်ရောက်နိုင်ခြင်းမရှိသည့်  အခြေအနေကို လည်း လျှောက်ထားခဲ့ပြီး ဗုဒ္ဓဘာသာဝင်များ၏ အိမ်ရှင်အခွင့်အရေး၊ မိခင်အခွင့်အရေးတို့အတွက် ကြိုးပမ်းရာ တွင် တရွာနှင့်တယောက်ကဲ့သို့ ဖြစ်နေသည့်အတွက် နိမ့်ပါးနေရသည့်အခြေအနေအား နားလည်ခွင့်လွတ်ပေးရန် ပြောခဲ့သည်။

သာသနာရေးဝန်ကြီးဌာနကတော့ ရာဇဝတ်ပြစ်မှုပြစ်ဒဏ်ထိုက်သူ၊ အာဏာစက်ဖြင့် အရေးယူခံရသူ၊ ဥပဒေကျူး လွန်သူ ဝရမ်းပြေးဖြစ်နေသူအား ဆရာတော်ဟု မခေါ်ထိုက်ကြောင်း ဇွန်လ ၁၆ ရက်နေ့က ကြေညာထုတ်ပြန်ခဲ့သည်။

အစိုးရမှ ဝံသာနုစိတ်ဓာတ် ကဗျာ ပယ်ဖျက်ခြင်း၊ ဧည့်စာရင်းဥပဒေ၊ နောက်ယောင်ခံ စောင့်ကြည့်ရေး ဥပဒေ၊ အရေးပေါ် စီမံမှုအက်ဥပဒေတို့အား ပယ်ဖျက်ခဲ့သည့်အတွက် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာ၊ သာသနာအား ပျက် စီးအောင်ပြုလုပ်နေသူများအား ဆန္ဒမဲ မပေးခြင်းအပါအဝင် တရားနှင့် အညီ ရသည့်နည်းဖြင့် တွန်းလှန်ဖယ်ရှား ကြရန်လည်း ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းက တိုက်တွန်းခဲ့သည်။

ထို့ပြင် အမျိုးသမီး မဝင်ရ ကန့်သတ်ထားသည့် အောက်စက်တော်ရာသို့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ခဲ့ ခြင်း မှာလည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ကျော်လွန်၍ မထီမဲ့မြင်ပြုလုပ်ခြင်းဖြစ်သည့်အတွက် ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ကြေညာထားသည်။

အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အား တရားမဝင် အဖွဲ့အစည်းအဖြစ်နိုင်ငံတော် သံဃ၊ မဟာနာယကအဖွဲ့က ၂၀၁၇ ခုနှစ်တွင် ကြေညာထားခြင်း ဖြစ်သည်။

You may also like these stories:

အမျိုးသားရေး အမည်ခံ နိုင်ငံရေးလှုပ်ရှားမှုကို ထိန်းချုပ်ပါ

ဦးဝီရသူကို ရန်ကုန်တိုင်း သံဃ မဟာနာယကမှ ခေါ်ယူ သြဝါဒပေးမည်

တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ဟု ဦးဝီရသူ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading