သတင်း

တရုတ် ငလျင် ၁၂ ဦးသေ၊ ၁၃၄ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ်တွင် ယမန်နေ့ ညက အင်အား ၆ မဂ္ဂနီကျု့ရှိ ငလျင်လှုပ်ခဲ့ရာ လူ ၁၂ဦးသေဆုံး၍ ၁၃၄ ဦး ဒဏ်ရာရ ခဲ့ကြောင်း၊ အဆောက်အဦးပျက်များ ကြားမှ ရုပ်အလောင်းများနှင့် အသက်ရှင် ကျန်ရစ်သူများကို ကယ်ဆယ်ရေး သမားများက ရှာဖွေနေကြောင်း သိရသည်။

ယမန်နေ့ ဒေသစံတော်ချိန် ည ၉ နာရီ ၂၅မိနစ်တွင် စီချွမ်ပြည်နယ် ယီဘင်မြို့ မြေအောက်အနက် ၂၀ ကီလို မီတာကို ဗဟိုပြု လှုပ်ခတ်သည့် ငလျင်ကြောင့် အဆောက်အဦ အများအပြား ပြိုကျပျက်စီးခဲ့ရ၍ လူ ၄၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။

အစိုးရ ရုပ်သံ CCTV မှ ထုတ်လွှင့်သော သတင်း မှတ်တမ်းများတွင် ကယ်ဆယ်ရေးသမားများက အဆောက်အဦ အကျိုးအပဲ့များကြား အသက်ရှင် ကျန်ရစ်သူတဦးကို ထမ်းစင်ဖြင့် ကယ်ထုတ်နေပုံ ပြ သခဲ့သလို အခြားပုံများတွင် အဆောက်အဦအပျက်အစီးတခုမှ အမျိုးသမီးတဦးကို ကူညီကယ်ဆယ်နေပုံကို တွေ့ရ သည်။

ချန်နင်း ဒေသတွင် ဟင်းလွင့်ပွင့်သွားသည့် အဆောက်အဦ တလုံး၏ ခေါင်မိုးပေါ် လဲကျနေသော ဓာတ်မီး တိုင် ပုံ တွေ့ရပြီး တံခါး အကျိုးအပဲ့များ လမ်းပေါ် လွင့်ကျနေသည်။

အဝေးပြေးလမ်းများသည် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး ယီဘင်နှင့် ဇူယောင်ဒေသ တို့ကို ဆက်သွယ်ထားသော အဓိက လမ်းမကြီးကို ပိတ်ထားရကြောင်း ဆင်ဟွာသတင်းက ဆိုသည်။

ယီဘင်မြို့ ကယ်ဆယ်ရေး လုပ်သားများက အပျက်အစီးများကို ညလုံးပေါက် ရှင်းလင်းစဉ်(DW)

တောင်ပြိုကျမှု တခုတွင်လည်း ရွှံ့နှင့် ကျောက်ခဲများကြောင့် လမ်းပိတ်ဆို့နေပြီး ထရပ်ကားတစီးပတ်ပတ်လည်တွင် ရွှံ့နွံ ကျောက်ခဲများ စုပုံနေပုံကို CCTV က ထုတ်လွှင့်ပြသခဲ့သည်။

စာရင်းကောက်ယူခြင်း မပြုရသေးသည့် အဆောက်အဦများ အတွင်းမှ အခန်းပေါင်း ၁ သောင်းကျော်မှာ ပြိုကျမှုပေါင်း ၁၂ ခုကြောင့် ပျက်စီးသွားခဲ့ရကြောင်း ယီဘင်အာဏာပိုင်များက ပြောကြသည်။ ဂေါင်ဒေသရှိ မိသားစုပေါင်း ၄ ထောင် ကျော်၏ နေအိမ်များလည်း ဆုံးရှုံးသွားခဲ့ရသည်။

အစောပိုင်း သတိပေးစနစ်မှာ ငလျင် မလှုပ်ခတ်မီ တမိနစ် ဝန်းကျင် ၎င်း ဒေသမြို့တော် ချန်ဒူးတွင် ထုတ်ပြန်နိုင်ခဲ့ ကြောင်း ဆင်ဟွာသတင်းက ဆိုသည်။ ယင်းသတိပေးချက်သည် ယီဘင်မြို့တွင် ငလျင် စတင်မလှုပ်မီ ၁၀ စက္ကန့်၌ ထွက်ပေါ်ခဲ့သည်။

ငလျင် မလှုပ်မီ ၃ စက္ကန့် အချိန်ရခြင်းသည် ပျက်စီးမှု ၁၄ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်ကြောင်း ဆင်ဟွာက ရေးသားထားသည်။

ချန်နင်းဒေသတွင် လူ ၉ ဦးနှင့် ကွီရှန်ဒေသတွင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း တရုတ်လူမှုကွန်ရက် Weibo မှတဆင့် ယီဘင်မြို့ အစိုးရက သတင်းထုတ်ပြန်သည်။

ယီဘင်မြို့မှ ကယ်ဆယ်ရေးသမားများက အလောင်း ၆ လောင်းနှင့် အသက်ရှင်ကျန်သူ ၇ ဦးတို့ကို အဆောက် အဦထဲမှ ဆွဲထုတ်နေကြောင်း သိရသည်။

ငလျင်ကြောင့်ပြိုပျက်သွားသောအဆောက်အဦး

ဆေးရုံတင်ပို့ ကုသထားရသူ ၅၀ ကျော်ရှိကြောင်း ဆင်ဟွာက ဆိုသည်။ ငလျင်ဒဏ် ခံစားရသည့် ဒေသ မြင်ကွင်းတွင် မီးသတ်သမား ၅၀၀ ကျော် ပြေးလွှားလှုပ်ရှားနေပုံ တွေ့ရပြီး ကယ်ဆယ်ရေးသမားများကို ရွက်ဖျင်တဲ ၅၀၀၀၊ ထမ်းစင် ၁ သောင်းကျော်၊ အခြားအရေးပေါ်သုံးပစ္စည်းများနှင့်အတူ စေလွှတ်ထားသည်။

အဆိုပါငလျင်၌ ဗဟိုချက်တွင် ပြင်းအား ၅ဒသမ၈ မဂ္ဂနီကျု့ ရှိကြောင်း အမေရိကန် ပထဝီဝင် သုတေသနအဖွဲ့က သတ်မှတ်သည်။

စီချွမ်ပြည်နယ်တွင် မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိပြီး ၂၀၀၈ ခုနှစ် ပြင်းအား ၇ဒသမ၉ မဂ္ဂနီကျု့ရှိ ငလျင်လှုပ်ခဲ့ရာ လူ ၈၇,၀၀၀ သေဆုံးခဲ့ရသည်။

You may also like these stories:

တရုတ် ဓာတုစက်ရုံ ပေါက်ကွဲမှု သေဆုံးသူ ၄၇ ဦးတိုးလာ

အီကွေဒေါ မီးတောင်အောက်က တရုတ်လုပ် ရေကာတာ

Did you find apk for android? You can find new Free Android Games and apps.
Loading