• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တမူးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

by ချစ်မင်းထွန်း
19 June 2019
in သတင်း
A A
ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ်  / ကဘော်ဆုသန်း

ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ် / ကဘော်ဆုသန်း

30.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ အိန္ဒိယ နယ်စပ်မြို့ ဖြစ်သည့် တမူးမြို့ပေါ်၌ ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို ဇွန်လ ၁၈ ရက် ည ၉ နာရီခွဲ အချိန်ခန့်က တမူးမြို့ စော်ဘွားအင်း(၈) ရပ်ကွက်၊ ခရေလမ်းနှင့် သစ်ခွလမ်းထောင့်ရှိ ဦးရန်ကျော်နှင့် ဒေါ်ဆိုဖီနိုင်တို့ အိမ်အနီးတွင် ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှု မရှိကြောင်း တမူးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဦးဇော်မင်း က ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
176
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.4k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
43

ဦးဇော်မင်း က “မနေ့က ည ၉ နာရီခွဲလောက်က ဖြစ်သွားတာပါ။ ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူး။ ခြံစည်းရိုးက ၅ ပေလောက် ပျက်သွားတယ်။ ပြီးတော့ ခြံစည်းရိုးကာထားတဲ့ အုတ်ဖိနပ်ခုံ ၃ ပေလောက် ပျက်သွားတယ်။ နောက်ပြီးတော့ အဲဒီ ပေါက် ကွဲမှုကြောင့် မြေပြင်မှာ ၆ လက်မ အကျယ်တပေ မြေကျင်း တခု ဖြစ်သွားတယ်။ ဗုံးအရှိန်ကြောင့် ပြတင်းပေါက် တံခါး နည်းနည်း ပျက်သွားတယ်”ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တမူး ရဲစခန်းတွင် ပ ၁၅၃/၂၀၁၉ ပေါက်ကွဲ ၃ (ပေါက်ကွဲစေတတ်သော ဝတ္တုများ ဆိုင်ရာ ဥပဒေ) နှင့် အမှုဖွင့်ကာ စိစစ်နေပြီး တရားခံကို စုံစမ်းနေကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဧရာဝတီသို့ ပြော ဆိုသည်။

တမူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက “ဗုံးက ဘယ်လို အမျိုးအစား ဆိုတာတော့ အသေးစိတ် မသိရသေးဘူး၊ စိစစ် ဆဲပဲ။ လူတွေ ဘာတွေ ဒဏ်ရာ ရတာတော့ မရှိဘူး။ ခြံစည်းရိုးလေး ပျက်ထားတာတော့ ရှိပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် တမူးမြို့ပေါ်မှာ ရဲတပ်ဖွဲ့နှင့် တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အင်အား တိုးချဲ့ချထားပြီး လုံခြုံရေး ဆောင်ရွက်နေ သလို ဗုံးပေါက်ကွဲသည့် နေရာ အနီးရှိ ဦးရန်ကျော်အိမ်မှ CCTV များကို စိစစ်နေကြောင်း တမူးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ပြောဆိုသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာ အနီးတွင် နေထိုင်သည့် ဦးရန်ကျော်သည် ကသည်း လူမျိုးဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဆိုဖီနိုင်မှာ ချင်း-ဗုဒ္ဓ ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ ဖြစ်ပွားရခြင်းကလည်း အိန္ဒိယ အစိုးရကို တော်လှန် တိုက်ခိုက်နေသော ကသည်း လက်နက်ကိုင်များနှင့် ကူကီး လက်နက်ကိုင် အဖွဲ့များ တမူး-မိုးရေ နှစ်နိုင်ငံ နယ်စပ် အနီး လှုပ်ရှားနေကြခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံများက ဆိုကြ သည်။

တမူးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဦးဇော်မင်းက “ဒီဘက်မှာက အိန္ဒိယ ဘက်ခြမ်းမှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ဆက်စပ်တာတွေ ရှိတယ်။ ကျနော်တို့ ဘက်ခြမ်း မဟုတ်ဘူးဗျ။ သူတို့က အိန္ဒိယဘက်ခြမ်းမှာ ကူကီး လက် နက်ကိုင်နဲ့ ကသည်း လက်နက်ကိုင် တဖွဲ့နဲ့ တဖွဲ့ မတည့်ကြဘူး။ မတည့်ကြတဲ့ အခါကျတော့ တချို့ ကသည်းတွေကလည်း ဒီဘက်မှာ လာပြီး အိမ်ထောင်ကျတာတို့ ဘာတို့ ရှိတယ်။ အဲဒီလိုမျိုး အိမ်ထောင်ကျတဲ့အခါမှာ ကူကီးက လိုက်လုပ်တာမျိုး တွေ ရှိတယ်” ဟု ပြောသည်။

တမူးမြို့ပေါ်တွင် ဗုံးပေါက်ကွဲခြင်းနှင့် ပစ်ခတ်မှု ဖြစ်စဉ်များမှာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်က နောက်ဆုံး ဖြစ်ပွားခဲ့ပြီး နောက် ယခုအခါမှာ ပထမဆုံး အချိန် ပြန်လည် ဖြစ်ပွားခြင်း ဖြစ်သည်ဟု တမူးမြို့ရှိ ဒေသခံများနှင့် ဌာနဆိုင်ရာများက ဆို သည်။

You May Also Like These Stories:

စစ်ပွဲလက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းတွင် ကလေးငယ်နှစ်ဦး သေဆုံး

ပုဏ္ဏားကျွန်း ဂဏန်းမဲရွာထဲ လက်နက်ကြီးကျ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

Your Thoughts …
Tags: ကသည်းကူကီးတမူးဗုံးပေါက်ကွဲ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ

ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ

by ဧရာဝတီ
31 July 2023
3.4k

ပေါက်ကွဲမှုဖြစ်ပွားသော အနီးဝန်းကျင်တခု သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများလည်း ရှိသည်။

မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

by CV Lalmalsawmi
18 September 2023
1.3k

မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးတိုက်ပွဲသည် ကာလရှည်ကြာမည့်စစ်ပွဲဖြစ်ပြီး အိန္ဒိယ အထူးသဖြင့် အရှေ့မြောက်ဒေသသည် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်ရမည်ဖြစ်သည်။

တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်

တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်

by ဧရာဝတီ
21 August 2023
1.1k

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အချိန်ကစ၍ တမူး- ကလေး ကားလမ်းမကြီးအား နှစ်ဖက် လက် နက်ကိုင်တပ်ဖွဲ့များက အကန့်အသတ်မရှိ ပိတ်ထားခဲ့သဖြင့် လက်ရှိအခြေအနေတွင် တမူးမြို့နယ်၌ အခြေခံ စားသောက် ကုန် ဈေးများအဆမတန် မြင့်တက်မှုဖြစ်ပေါ်နေခြင်း

မီဇိုရမ် ရွေးကောက်ပွဲ ချင်းဒုက္ခသည်များရဲ့ မျှော်လင့်ချက်လား

မီဇိုရမ် ရွေးကောက်ပွဲ ချင်းဒုက္ခသည်များရဲ့ မျှော်လင့်ချက်လား

by ခွန်ဘီလီ
7 November 2023
949

မီဇိုရမ်ပြည်နယ်ဆိုတာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက ပြည်နယ်ခုနှစ်ခုထဲက မြန်မာပြည်နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ပြည်နယ် ဖြစ်ပါတယ်။

ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

by ဧရာဝတီ
20 September 2023
530

ကားလမ်းတလျှောက်တွင် စစ်ကောင်စီ စစ်ဆေးဂိတ် ၄ ခု အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက် ကလည်း လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး စစ်ဆေးဂိတ်များထားရှိသောကြောင့် ကားလမ်းမတလျှောက် စုစုပေါင်း စစ်ဆေးရေးဂိတ် ၁၀ ခု နီးပါးရှိကြောင်း

ကုန်းဘောင်ခေတ် မြန်မာမြင်းတပ်မှ ကသည်းစစ်သည်တဦး

ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ

by ထက်နိုင်ဇော် နှင့် ဆလိုင်းသန့်စင်
10 June 2020
12.7k

ကသည်းနှင့် မြန်မာ ဆက်နွယ်မှုမှာ ယခုမှ မဟုတ်ပါ၊ ရှေးကပင် ပဏ္ဏာဆက်နိုင်ငံဖြစ်ခဲ့ပြီး ကသည်းစော်ဘွား များနှင့် မြန်မာမင်းများအကြား သမီး ကညာဆက်သည့် အလေ့အထရှိသည်။

Next Post
ဆပ်ပိုရိုမြို့မှာဆိုရင်တော့ နှင်းလျှောစီးတဲ့နေရာ တွေကလည်း အများအပြားပါပဲ

အာရှတိုက်ရဲ့ “ဆီးနှင်းမြို့တော်” စာရင်းမှာ မြန်မာနိုင်ငံက ပူတာအို ပါဝင်

ယနေ့ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ်သင်းသင်းနဲ့ ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate