သတင်း

ကိုရီးယားကျွန်းဆွယ်အရေး ခေါင်းဆောင်နှစ်ဦး ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယား နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကိုရီးယား ကျွန်းဆွယ်၏ နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းနှင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး၊ ရှုပ်ထွေးသော အပြောင်းအလဲများကို နှစ်နိုင်ငံ ခိုင်မာသော ဆက်ဆံရေးဖြင့်  လက်တွဲရင်ဆိုင်သွားရန် ညှိနှိုင်းနိုင်ခဲ့ကြောင်း မြောက်ကိုရီး ယား အစိုးရက မီဒီယာက ယနေ့ ဆိုသည်။

“ခေါင်းဆောင်ကြီး နှစ်ဦးတို့သည် ကိုရီးယား ကျွန်းဆွယ် နိုင်ငံရေး အခြေအနေ၊ အခြား အလေး အနက်ထားရမည့် နိုင်ငံ တကာနှင့် ဒေသတွင်းရေးရာတို့ အပေါ် အကျယ်တဝင့် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း” KCNA က သတင်းထုတ်ပြန် သည်။

၎င်းတို့သည် ပတ်ဝန်းကျင် ဆိုင်ရာ အလေးအနက် ရှုပ်ထွေး ပြောင်းလဲမှုနှင့် ရင်ဆိုင်နေရသော နှစ် နိုင်ငံ အပြန်အလှန် အကျိုးစီးပွားနှင့် ပတ်သက်၍ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် အလေးပေးဆွေးနွေးခဲ့ကြကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးတို့ကို ဦးစား ပေးဆောင်ရွက်ကြမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

သို့သော် ဝါရှင်တန်နှင့် ပြုံယမ်းတို့ အကြား နျူးကလီးယား အရေးနှင့် စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှား ရေးတို့ အပြန်အလှန် မရရှိမှုကို ယခုဆွေးနွေးမှု၌ ထင်ထင်ရှားရှား ချပြခဲ့ခြင်းမရှိကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA)က ဆိုသည်။

တရုတ်အစိုးရ အာဘော် မီဒီယာကမူ ဝါရှင်တန်ထံမှ လိုလားအပ်သည့် တုံ့ပြန်မှုကို စောင့်ဆိုင်းနေ ကြောင်း၊ တဖက်နှင့် တဖက် ကျိုးကြောင်း ဆီလျော်သည့် စိုးရိမ်ပူပန်မှုများ ပြေလည်စေမည့် အဖြေရှာ တွေ့ရန် မြောက်ကိုရီးယားကို အမေရိကန် အနေဖြင့် ခရီးတဝက်တွင် တွေ့သင့်ကြောင်း ကင်ဂျုံအန်းက သမ္မတ ရှီကျင့်ဖျင်ကို ပြောကြားသည်ဟု အစောပိုင်းတွင် သတင်းထုတ်ပြန်ထားခဲ့သည်။

တရုတ် အစိုးရအနေဖြင့် ကိုရီးယားကျွန်းဆွယ် နျူးကလီးယားကင်းစေရေး အပြုသဘော ဆောင်သည့် ကဏ္ဍမှ ပါဝင် လိုသည့်ဆန္ဒရှိပါကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

“နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆွေးနွေးဖြစ်ပြီးတော့ အကျိုးရှိစေဖို့ မျှော်လင့်နေပါတယ်” ၎င်းက ပြောကြားခဲ့ကြောင်း တရုတ် CCTV ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

ကြာသပတေးနေ့ နှောင်းပိုင်းက သမ္မတရှီကျင့်ဖျင်နှင့် ခေါင်းဆောင်ကြီး ကင်ဂျုံအန်းတို့သည် ညစာစားပွဲ တက်ရောက် ခဲ့ကြပြီး တင်ဆက်ဖျော်ဖြေမှုများ အတူကြည့်ရှုခဲ့ကြကြောင်း သတင်းများက ဆိုသည်။ သောကြာနေ့နှောင်းပိုင်း၌မူ တရုတ်သမ္မတ၏ ခရီးစဉ် အဆုံးသတ်ခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်တွင် ဂျပန်နိုင်ငံ၌ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည် ဟု မျှော်လင့်ရပြီး နျူးကလီးယား စေ့စပ်ညှိနှိုင်းမှုနှင့် ပတ်သက်၍ ကင်ဂျုံအန်းထံမှ သတင်းစကားကို လက်ဆောင်ပါးနိုင်ဖွယ်ရှိသည်။

You may also like these stories:

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယား သွားမည်

ရှီကျင့်ဖျင်ကို ခေါင်းကိုက်စေသော ဟောင်ကောင် အကျပ်အတည်း

နျူကလီးယား ဆွေးနွေးပွဲ၌ အမေရိကန် လှည့်ဖြားလိုသည့် ရည်ရွယ်ချက်ရှိဟု ကင်ဂျုံအန်း ပြော

ထရမ့်-ကင်မ် ထိပ်သီးအစည်းအဝေး သဘောတူညီချက် မရခဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading