သတင်း

မင်းပြားတွင် တပ်မတော်နှင့် AA တိုက်ပွဲဖြစ်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ ရွှေကျင်ကျေးရွာ အရှေ့ဘက် တောင်တန်းတွင် တပ်မတော်နှင့် AAတို့ ယနေ့နံနက်ပိုင်း က နှစ်ဘက် ထိတွေ့ တိုက်ပွဲဖြစ်ပွားသည်။

ဒေသခံများ၏ အဆိုအရ တပ်မတော်မှ ရဟတ်ယာဉ် ၂စီးလည်း ပါဝင် တိုက်ခိုက်ကြောင်း၊ တိုက်ပွဲကြောင့် ရွှေကျင်နှင့် သာစည်ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်းသိရသည်။

ရွှေကျင်ကျေးရွာသားတဦးဖြစ်သူ ကိုကျော်စိုးက “ တိုက်ပွဲဖြစ်တာကတော့ ရွာနဲ့ နီးတယ်။ ရွာအနီး ဝန်းကျင်တွေမှာ လက် နက်ကြီးတွေ ကျတယ်။ လေယာဉ်နဲ့လည်း ပစ်တယ်ဆိုတော့ အခု ရွာသားတွေ ကြောက်ပြီး အားလုံး ထွက်ပြေးနေရ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲကြောင့် အနီးဝန်းကျင်ရှိ လယ်ထွန်နေသည့် ကျေးရွာသားများလည်း လယ်မထွန်တော့ဘဲ ထွက်ပြေးလာခဲ့ကြောင်း သိရသည်။

မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း အောင်ကတော့ ယနေ့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကျေး ရွာသားများ ထွက်ပြေး နေရသည်ဟု ကြားသိရသော်လည်း ကျေးရွာသားများ ထိခိုက်မှု ရှိမရှိ ဆို သည် ကို မသိရ သေး ကြောင်း ဧရာဝတီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော်သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကမူ နှစ်ဘက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း အခြေအနေကို အတိအကျ မသိရသေးကြောင်း ဆိုသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ တိုက်ပွဲဖြစ်တာတော့ မှန်တယ်ခင်ဗျ။ ကျန်တာတော့ ကျနော် ဘာမှ တိတိကျကျ မသိရပြော လို့ မရသေးဘူး ၊ အဲလောက်ပဲ ပြောလို့ ရမယ် ” ဟု ဧရာဝတီသို့ ပြောသည်။

AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ အဆိုပါ ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက မိနှစ် ၂၀ ခန့် နှစ်ဘက် ထိတွေ့မှု ဖြစ်ပွား ခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်တိုက်မှု ရှိခဲ့ ကြောင်းလည်း ဧရာဝတီသို့ ပြောသည်။

ဦးခိုင်သုခ က “ရွေကျင်ရွာအရှေ့ဘက် တောင်တန်းမှာ ဒီနေ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲက မိနှစ် ၂၀ လောက် ပဲဖြစ်ခဲ့တာ။ သူတို့ ဘက်က ဟယ်လီကော်ပတာ ၂ စီးလာပြီးတော့ အဲဒီတောင်ကို ဗုံးလာကြဲတယ်။ ဟယ်လီကော်ပတာ လာက တည်း က ကျနော်တို့ အဲဒီ တောင်ကုန်းမှာ မရှိတော့ဘူး။ ဗုံးကြဲခံရလောက်အောင် ကျနော်တို့ ဘယ်နေမလဲ ၊ ဆုတ်သွား တာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ရွှေကျင်ကျေးရွာအနီး တောင်တန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့ ဇွန်လ ၁၈ ရက်နေ့ကလည်း တကြိမ် နှစ်ဘက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့မှု ရှိကြောင်းလည်း သိရသည်။

ယနေ့ ဖြစ်ပွားခဲ့သော မင်းပြားမြို့နယ်အတွင်းက ရွှေကျင်ကျေးရွာအနီး တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်မှု အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို မသိရသေးဟု တပ်မတော်နှင့် AA နှစ်ဖက်လုံးက ဆိုကြ သည်။

ယခုလ ဇွန် ၃ ရက်နေ့က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ စပါး ထား ကျေးရွာအတွင်း လက် နက်ကြီးကျည်ဆန် ကျရောက် ပေါက်ကွဲ သဖြင့် ရွာ သား ၆ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။

You May Also Like These Stories:

စစ်ပွဲကြားက AA ရဲ့ အိပ်မက်

မင်းပြားတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ

Did you find apk for android? You can find new Free Android Games and apps.
Loading