ကမ္ဘောဒီးယားနိုင်ငံ ပရိချ် သီဟာနုပြည်နယ်တွင် စနေနေ့က အလုပ်သမား ၂၈ဦး သေဆုံးခဲ့ရသည့် ဆောက်လက်စ တိုက်ပြိုကျမှုနှင့် ပတ်သက်၍ တရုတ်လူမျိုး ၄ ဦးကို ကမ္ဘောဒီးယား တရားရုံးက တရားစွဲလိုက်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကို လူသေဆုံးမှုဖြင့် လည်ကောင်း၊ အခြား တရုတ်လူမျိုး ၃ဦးကို ပူးပေါင်းကြံစည်မှုဖြင့် လည်းကောင်း တရားစွဲဆိုလိုက်ကြောင်း ယနေ့ တရားရုံးက ပြောသည်။
၎င်းတို့ ၄ ဦးကို ရုံးတင် စစ်ဆေးနေစဉ်အတွင်း ထိန်းသိမ်းထားမည်ဖြစ်ပြီး၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်။
ယင်းအဆောက်အဦးမှာ ၇ထပ်ရှိ ကွန်ဒိုမီနီယံဖြစ်ပြီး၊ အလုပ်သမားများမှာ တည်ဆောက်ဆဲဖြစ်၍ ယာယီနေထိုင်နေရာ ဒုတိယထပ်တွင် အိပ်နေစဉ် စနေနေ့ အစောပိုင်းက ပြိုကျခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသူ ၂၈ ဦးရှိပြီး ၂၆ဦး ဒဏ်ရာရခဲ့သည်။
အဆိုပါ အဆောက်အဦ စီမံကိန်းသည် တိုးတက်လာနေသော အပန်းဖြေကမ်းခြေ မြို့လေးဖြစ်သည့် သီဟာနုဗေးလီ မြို့တွင် တည်ရှိပြီး ယင်းမြို့တွင် တရုတ်ငွေကြေးဖြင့် ဆောက်လုပ်ရေးစီမံကိန်းအများအပြား လုပ်ကိုင်နေသည်။