သတင်း

၄၅နှစ်ကြာ ပိတ်ထားသည့် ထိုင်း-ကမ္ဘောဒီးယား ရထားလမ်း ပြန်ဖွင့်တော့မည်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘောဒီးယား ခမာနီ ကွန်မြူနစ်တို့ အာဏာရချိန်မှ စ၍ ပြေးဆွဲခြင်း မပြုတော့သည့် ဘန်ကောက်နှင့် ကမ္ဘောဒီးယား နယ်စပ် ဆက်သွယ်ထားသည့် ရထားလမ်းကို လာမည့် အပတ်တွင် ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သည်။

ထိုရထားလမ်းကို ခမာနီတို့ အာဏာရချိန်မှ စ၍ ပြတ်တောက်ခဲ့သည်မှာ ယခုအခါ ၄၅နှစ်တိုင်ပြီဖြစ်သည်။

လာမည် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ဘန်ကောက်မြို့ ဟွာလမ်းဖုန်း ဘူတာကြီးမှ ဘန်ကလောင်လပ် နယ်စပ်ဘူတာ အထိ တနေ့လျှင် အစုန်-အဆန် ၄ကြိမ် ပြေးဆွဲမည် ဖြစ်ကြောင်း ထိုင်းအစိုးရ ရထားပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဝိုရာဝတ် မလက ပြောသည်။

ထိုသို့ ပြေးဆွဲခြင်းဖြင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများကို အားဖြည့်ရာ ရောက်ကြောင်းလည်း ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကလောင်လပ် နယ်စပ်သည် ကမ္ဘောဒီးယား ဘက်ခြမ်းရှိ ကာစီနိုမြို့ ဖြစ်သည့် လူစည်ကားရာ နယ်စပ်ဈေး ပွိုင်းပက်နှင့် နီးကပ်စွာ တည်ရှိသည်။

ခရီးစဉ်အချိန်မှာ ၅နာရီခန့်သာ ကြာမြင့်ပြီး၊ ရထားအချိန်များမှာ ဘန်ကောက်မှ နံနက် ၅နာရီ ၅၅ မိနစ်တွင် တကြိမ်၊ မွန်းလွဲ ၁နာရီ ၅မိနစ်တွင် တကြိမ် နေ့စဉ် ၂ကြိမ် ထွက်ပေးမည်ဖြစ်ပြီး၊ ဘန်ကလောင်လပ်မှလည်း နံနက် ၆နာရီ ၅၈ မိနစ် တကြိမ်၊ မွန်းလွှဲ ၁နာရီ ၅၃ မိနစ်တွင် တကြိမ် ထွက်ခွာပေးမည်ဟု သိရသည်။

ကမ္ဘောဒီးယား နိုင်ငံဘက်ခြမ်း ဘက်တမ်ဘန်းပြည်နယ်သို့ မူလက ရထားပြေးဆွဲမှု များပြားခဲ့ဖူးသော အဆိုပါ လမ်းပိုင်း သည် ကြမ်းတမ်းသော သမိုင်းဖြစ်စဉ်အောက်တွင် တိမ်မြုပ်ခဲ့ရသည်။

၁၉၃၀ ပြည့်လွန်နှစ်များက ထိုင်းက ကမ္ဘောဒီးယားအတွင်းသို့ ကျူးကျော်ဝင်ရောက်နေစဉ်အတွင်း ဘမ်တမ်ဘန်း ပြည်နယ်ရှိ ရထားလမ်းပိုင်းကို ထိုင်း အင်ဂျင်နီယာများက ဖောက်လုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် ထိုင်းများ ပြန်ဆုတ်ခွာရန် ဖိအားပေး ခံရသဖြင့် ရထားလမ်းဖောက်လုပ်မှုကိုပါ ရပ်ဆိုင်းထားခဲ့ရသည်။

၁၉၅၅ ခုနှစ်တွင် ရထားပြေးဆွဲခဲ့သော်လည်း ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ရပ်ဆိုင်း သွားခဲ့ပြန်သည်။ ၁၉၅၆ ခုနှစ်တွင် တဖန် ရထားများ ပြေးဆွဲခဲ့သော်လည်း ဖရာဝိဟာ ဘုရားကျောင်းနယ်မြေအငြင်းပွားမှုကြောင့် နှစ်နိုင်ငံ တိုက်ခိုက်ကြသဖြင့် ရထားပြေးဆွဲမှုမှာ ၁၉၆၁ ခုနှစ်၌ ရပ်တန့်သွားပြန်သည်။

ထို့နောက် ခမာနီတို့ ကမ္ဘောဒီးယားကို အာဏာသိမ်းပြီး ဖနွမ်ပင်မြို့တော် ၁၉၇၅ ခုနှစ်တွင် ကျသွားခဲ့ သဖြင့် ထိုင်း အစိုးရက ရထား ပို့ဆောင်ရေး ဝန်ဆောင်မှုများ ရပ်ဆိုင်းခဲ့သည်။

နှစ်နိုင်ငံအစိုးရ အချင်းချင်း ရထားပြန်လည်ပြေးဆွဲရန် သဘောတူညီမှုရသည့် ၂၀၁၄ ခုနှစ်အထိ အဆိုပါရထားလမ်းမှာ ယိုယွင်းပျက်စီးနေခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading