သတင်း

မလေးရှား မြေပြိုတွင် သေဆုံးသည့် မြန်မာ ၄ဦး၏ ရုပ်အလောင်းများ ရှာဖွေ တွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံ ဖြစ်ပွားသည့် မြေပြိုမှုတွင် သေဆုံးသွားသည့် မြန်မာဆောက်လုပ်ရေး လုပ်သား ၄ဦး၏ ရုပ် အလောင်း များကို ကယ်ဆယ်ရေးသမားက ဝိုင်းဝန်းရှာဖွေရာ ယနေ့နံနက်ပိုင်းတွင် တွေ့ရှိပြီဖြစ်ကြောင်း Free Malasia Today သတင်းကဆိုသည်။

အဆိုပါ မြန်မာအမျိုးသား ၄ ဦးတို့သည် အဓိက ကမ်းရိုးတန်းလမ်းမကြီးတဖက်ရှိ Batu Ferringhi နှင့် ရှန်းရော့ခ် ကမ်းခြေအနီး ချောက်ကမ်းပါးတွင် ၂ မီတာအမြင့်ရှိ မြေထိန်းနံရံတည်ဆောက်ရေး လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင် နေကြခြင်းဖြစ်သည်။

ယမန်နေ့ည ၉ နာရီ ၂၅ မိနစ်တွင် မြေပြိုကျမှု ဖြစ်ပွားခြင်းဖြစ်ပြီး ၁၅ပေ ပတ်လည်ရှိ နေရာတဝိုက်တွင် ကျွံဝင်သွား ခဲ့ ပြီး ယင်းနေရာသည် မိသားစု အပန်းဖြ အိမ်တလုံးနှင့် ၁၀ပေသာ ကွာကြောင်း သိရသည်။

အဆိုပါချောက်ကမ်းပါးတွင် ရေတိုက်စားမှုရှိနေ၍ အပန်းဖြေ စခန်းပိုင်ရှင်များက မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းကို ယခင်သီတင်းပတ်က စတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ သို့သော် အာဏာပိုင်များ ၏စစ်ဆေးချက်အရ အဆိုပါ မြေထိန်းနံရံလုပ်ငန်းသည် ဒေသဆိုင်ရာကောင်စီထံမှ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့ သည်။

မြေပြိုရာတွင် ပါဝင်သွားသည် မြန်မာ ၄ဦးကို ကယ်ဆယ်ရန် ပြုလုပ်ခဲ့သော်လည်း လမ်းမကြီးပေါ်တွင် သစ်ပင်အိုတပင် အမြစ်များခံနေ၍ ကယ်ဆယ်ရေးသမားများမှာ မြေပြိုကျမှုအပျက်အစီးများ ဖယ်ရှားရာတွင် အခက်အခဲတွေ့လျက် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးခဲ့ရသည်။

ကယ်ဆယ်ရေးသမားများသည် ကရိန်းကားကြီးနှစ်စီးသုံး၍ သစ်ပင်ကို ဆွဲနှုတ်ခဲ့ရသည်။ သို့သော် ကရိန်းကားများကို Batu Ferringhi နှင့် နှစ်ကီလိုမီတာဝေးကွာသည့် Tanjung Bungah မှ မောင်းနှင်လာရသဖြင့် ယာဉ်ကြောပိတ်ဆို့မှုကြောင့် အချိန်ကြန့်ကြာခဲ့ရသည်။

ကယ်ဆယ်ရေးလုပ်ငန်းအတွက် ရဲအရာရှိ ၁၂ ဦး၊ မီးသတ်သမား ၃၉ ဦး၊ မြို့ပြကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀နှင့် မလေးရှားသဘာဝဘေးကယ်ဆယ်ရေးအထူးအဖွဲ့မှ ၁၄ ဦးတို့အပါအဝင် လူ ၁၁၂ ဦးတို့က ကြိုးစားရှာဖွေခဲ့ရခြင်းဖြစ်သည်။

You may also like these stories:

လုပ်ငန်းခွင်မှာ လုံခြုံမှုရှိဖို့လိုတယ်

၂၈ဦး သေဆုံးသည့် အဆောက်အအုံပြိုကျမှု တရုတ် ၄ဦးကို ကမ္ဘောဒီးယား တရားစွဲ

စစ်ကိုင်းက တရားမဝင် ကျောက်ကျင်း ပြိုကျမှု ၃ ဦးသေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading