သတင်း

မော်လမြိုင်တွင် ပိတောက်ခွဲသားများ တင်လာသည့် စက်လှေ ၇စီး ပိုင်ရှင်မဲ့မိ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖားအောက် ချောင်းဝအနီးရှိ သံလွင်မြစ်အတွင်း တရားမဝင် ပိတောက်ခွဲသား ဆိုက်စုံပါသော ခန့်မှန်း သစ်တန်ချိန် ၃၀၀ ခန့်အား တင်ဆောင်ထားသည့် စက်လှေ ၇ စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိထားသည်။

သစ်တောဦးစီးဌာန(နေပြည်တော်ရုံးချုပ်) မှ သစ်တော ဝန်ထမ်းများနှင့် သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့ ညနေ ၆နာရီခန့်က တိုးတက်ရေးနှင့် ရတနာမေ အမည်ရှိ စက်လှေကြီးထံသို့ စက်လှေငယ် ၅စီးဖြင့် တရားမဝင်သစ်များ ပို့ဆောင်နေသည် ကို ဝင်ရောက်ဖမ်းဆီးရာမှ ဖမ်းဆီးမိခြင်း ဖြစ်ပြီး၊ သစ်မှောင်ခိုသမားများမှာ စက်လှေများကို ထား၍ ထွက်ပြေးကြောင်း နေပြည်တော် ဖမ်း ဆီးရေး အဖွဲ့မှ တာဝန်ရှိသူများက ရှင်းပြသည်။

“လှေငယ်တွေကနေ လှေကြီးကို ကဲ့နေတယ်၊ ကျနော်တို့က ယူနီဖောင်း အပြည့်စုံနဲ့ ပထမ လှေတစ်စီးကို ဝင်ဖမ်းတာနဲ့ ထွက်ပြေးပြီး”ဟု ၎င်းက ဆိုသည်။

စက်လှေကြီးပေါ်မှ သစ်ခွဲသားများကို ကမ်းစပ်သို့ သယ်ချ နေစဥ်

ဖမ်းဆီးရမိထားသော စက်လှေ ၇ စီးကို မုပွန်တိုးချဲ့ ၄ လမ်းရှိ မြစ်သဲ၊ ကျောက်ဆိပ်ကမ်းတစ်ခုတွင် ဆိုက် ကပ်၍ တရားမဝင် သစ်ခွဲသားများ ကို စက်လှေပေါ်မှသယ်ချကာ တိုင်းတာမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့် က ဆိုသည်။

စက်လှေပေါ်မှ ပိတောက်သစ်ခွဲသားဆိုက်စုံ သစ်တန်ချိန် ၃၀၀ ခန့်မှာ ခန့်မှန်းတန်ချိန်ဖြစ်ကာ သစ်ခွဲသားများကို မြေပြင်ပေါ်သယ်ချ၍ တိုင်းတာမှုများ ပြုလုပ်ပြီးမှသာ သစ်တန်ချိန် အတိအကျကို သိရှိနိုင်မည် ဖြစ်ကြောင်း ရှင်းပြသည်။

စက်လှေကြီးပေါ်မှ သစ်ခွဲသားများကို ကမ်းစပ်သို့ သယ်ချရန် လူအင်အား၊ စက်အင်ဖြင့် လုပ်ဆောင်မှုများ ရှိနေသော်လည်း စက်လှေပေါ်မှ သယ်ချရသည့် အခက်အခဲများရှိ၍ အချိန်ကြာရခြင်းလည်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးရမိထားသည့် သစ်ခွဲသားများ

ဖမ်းဆီးရမိထားသည့် သစ်ခွဲသားဆိုက်စုံကို သက်ဆိုင်ရာ သစ်တောဦးစီးဌာထံ လွှဲပြောင်းသွားမည်ဖြစ်ပြီး ယင်းဌာနမှ ဥပဒေ လုပ်ထုံး လုပ်နည်းဖြင့် တရားစွဲဆိုမှုကို ဆောင်ရွက်သွားမည်ဟု နေပြည်တော်ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ သစ်မှောင်ခို စက်လှေများကို ဖမ်းဆီးရမိခဲ့ခြင်းသည် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

ပေါင်မြို့နယ်တွင် ပိတောက်ခွဲသားသစ် တန် ၆၀ ဖမ်းမိ 

Did you find apk for android? You can find new Free Android Games and apps.
Loading