• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          မောင်ကျော်ဇင်ဝင်းအတွက် တရားမျှတမှု ရရှိရေး ဆုတောင်းပွဲ ပြုလုပ်မည်

          by ဇူးဇူး
          27 June 2019
          in သတင်း
          Reading Time: 1 min read
          A A
          ယမန်နေ့က ကျီစုသုဿန်တွင်ပြုလုပ်ခဲ့သည့် မောင်ကျော်ဇင်ဝင်း၏ ဈာပန / အောင်ကျော်ထက် / ဧရာဝတီ

          ယမန်နေ့က ကျီစုသုဿန်တွင်ပြုလုပ်ခဲ့သည့် မောင်ကျော်ဇင်ဝင်း၏ ဈာပန / အောင်ကျော်ထက် / ဧရာဝတီ

          8.6k
          VIEWS
          Share on FacebookShare on Twitter

          လိင်စိတ်ဝိသေသ ကွဲပြားမှုအပေါ် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရခြင်း၊ နိုင်ထက်စီးနင်း ပြုလုပ်ခံရခြင်းတို့ကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသည့် မောင်ကျော်ဇင်ဝင်းအတွက် တရားမျှတမှု ရရှိရေး ဆုတောင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

          ယင်းဆုတောင်းပွဲကို LGBT (လိင်စိတ်ကွဲပြားသူများ) အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုဖြစ်သော Colors Rainbow က ဦးစီးကာ LGBT များ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း LGBT အရေး လှုပ်ရှားဆောင်ရွက်နေသူ ရှင်းသန့်က ဧရာဝတီကို ပြောသည်။

          RelatedPosts

          အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

          အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

          2 December 2023
          1.8k
          တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

          တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

          2 December 2023
          1.6k
          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          2 December 2023
          1.4k

          “ဒီကလေးလေး ဒီနေရာမှာ ဒီလိုမျိုး စိတ်ညစ်စရာတွေ ကြုံတွေ့ခဲ့ရတယ်။ ဒါကြောင့်မို့လို့ သူ့ကို အောက်မေ့သတိရတဲ့ အခမ်းအနားလည်း ဟုတ်သလို သူ့ကို တရားမျှတမှုအတွက် လုပ်ပေးတဲ့ ပွဲလေးပါ။ အဓိက က တရားမျှတမှု ဆိုရာမှာ သူ့ရဲ့သေဆုံးသွားမှုအပေါ်မှာ ပြန်လည်ပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးဖို့ပါ” ဟု ၎င်းက ရှင်းပြသည်။

          အသက် ၂၆ နှစ်အရွယ် မောင်ကျော်ဇင်ဝင်းသည် Myanmar Imperial University (MIU) တွင် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူသည် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရခြင်းများ၊ လိင်စိတ်ခံယူထားမှုအပေါ် ဝေဖန်ပြောဆိုမှုများ ခံခဲ့ရပြီးနောက် သေကြောင်းကြံစည်ခဲ့ရာမှ ဇွန် ၂၄ ရက် နေ့လည် ၁ နာရီတွင် ဆုံးပါးသွားခဲ့သည်။

          ၎င်း၏ ဈာပနကို ယမန်နေ့ (ဇွန် ၂၆ ရက်)က ရန်ကုန်မြို့ ကျီစုသုသာန်တွင် ပြုလုပ်ခဲ့ရာ LGBT အသိုင်းအဝိုင်းမှလည်း လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသည်။

          ယင်းဆုတောင်းပွဲကို မောင်ကျော်ဇင်ဝင်းအတွက် တရားမျှတမှုဖော်ဆောင်ရေး သာမက လုပ်ငန်းခွင် အကြမ်းဖက်မှု အပါအဝင် LGBT များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

          ဆုတောင်းပွဲကို ဇွန် ၂၈ ရက် နေ့လည် ၁ နာရီတွင် MIU ကျောင်းရှေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တက်ရောက်လာသူများအနေဖြင့် မိမိတို့ သက်ဝင်ယုံကြည်ရာ ဘာသာအလိုက် ငြိမ်သက်စွာ ဆုတောင်းခြင်း၊ ကြေညာချက် ဖတ်ကြားခြင်းတို့ ပါဝင်မည်ဖြစ်သည်။

          ကွယ်လွန်သူ မောင်ကျော်ဇင်ဝင်းအတွက် ဆုတောင်းမေတ္တာပို့ခြင်းဖြစ်၍ တိတ်ဆိတ်ငြိမ်းချမ်းစွာ ဆုတောင်းခြင်းဖြင့် ပါဝင်ရန်၊ ကြွေးကြော်သံများ ရွတ်ဆိုခြင်းမပြုရန်၊ အခမ်းအနားသို့ တက်ရောက်လာသူများအနေဖြင့် ပုဂ္ဂလိက ခံစားချက်ကို ဦးစားပေး၍ အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်း မပြုလုပ်ရန်နှင့် ငြိမ်းချမ်းစွာ စုဝေးခြင်း ခွင့်ပြုချက် တင်ထားသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများ၏ ဦးဆောင်မှုနောက်သို့ လိုက်ပါလုပ်ဆောင်ပေးရန်လည်း Colors Rainbow မေတ္တာရပ်ခံထားသည်။

          ယခုကဲ့သို့ ဆုတောင်းပွဲ ပြုလုပ်ပေးခြင်းဖြင့် ကျော်ဇင်ဝင်းနှင့် ၎င်း၏ဖြစ်ရပ် နောက်တွင် LGBT အသိုင်းအဝိုင်း ရှိနေကြောင်း၊ ဝန်းရံနေကြောင်းကို သိရှိစေခြင်းဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် ပိုမို ထိရောက်စွာဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ရှင်းသန့်က ပြောသည်။

          “ဒီလိုမျိုး အရှုံးပေးတဲ့ ဘဝတွေ မရှိစေချင်ဘူး။ ခွဲခြားဆက်ဆံမှုတွေ ကင်းစင်တဲ့ ပတ်ဝန်းကျင်တခုဖြစ်ဖို့တော့ တက်ကြွလှုပ်ရှားသူတယောက်အနေနဲ့ ဆက်လက်လုပ်ဆောင် သွားရပါအုံးမယ်။ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ပေးစေချင်ပါတယ်” ဟု ၎င်းက တိုက်တွန်းသည်။

          ညီမျှခြင်းမြန်မာ(Equality Myanmar) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း “အခုလိုမျိုး ဆုတောင်းပွဲ လုပ်တာက သူ သေဆုံးမှုတခုကို ဝမ်းနည်းကြေကွဲခြင်းတင်မကဘဲ လိင်တူချင်း ချစ်တဲ့သူကို လူ့လောကအသိုင်းအဝိုင်းက လက်ခံဖို့ လိုအပ်တယ်ဆိုတဲ့ တပ်လှန့်သံတွေ ဖြစ်လာတယ်။ လိင်တူချင်းချစ်တဲ့သူတွေက ကိုယ့်ကိုယ်ကို ဂုဏ်ယူဖို့ရယ်၊ တဦးတည်း သိမ်ငယ်မှုမရှိဘဲ လောကကို အရှုံးပေးတာမျိုး မရှိဖို့အတွက် သတိပေးရာ ရောက်သလို လိင်တူချင်းချစ်တဲ့သူတွေ၊ လိင်စိတ်ကွဲပြားသူတွေ မဟုတ်တဲ့သူတွေကလည်း လူ့အခွင့်အရေး လေးစားတဲ့သူတွေကနေ ပူးပေါင်းလုပ်ဆောင်မှုတွေ၊ သူ့အပေါ် စာနာမှုတွေ ဒီလိုမျိုး လိင်စိတ်ကွဲပြားသူများရဲ့ဘဝ အခြေအနေကို ပိုမိုနားလည်သဘောပေါက်လာဖို့ ဒါလေးတွေက သက်ရောက်မှု ရှိတယ်” ဟု မှတ်ချက်ပြုသည်။

          ဇွန် ၂၈ တွင် ပြုလုပ်မည့် ဆုတောင်းပွဲသို့ လာရောက် ပူးပေါင်းသူများအနေဖြင့် ဖယောင်းတိုင်၊ ပန်းအဖြူ၊ သက်တံ့ (Rainbow) သင်္ကေတများကို ယူဆောင်လာနိုင်ကြောင်း Colors Rainbow က ကြေညာထားသည်။

          ဆန္ဒရှိပါက တရားဥပဒေစိုးမိုးရေး (Justice)၊ စိတ်ချလုံခြုံသော အလုပ်ခွင် ဖြစ်ပေါ်ရေး (Safe Workplace)၊ LGBT များအပေါ် ကြောက်ရွံ့မုန်းတီးမှုများ မြန်မာပြည်တွင် ကင်းဝေးရန် (Stop Homophobia in Myanmar)၊ ခွဲခြားဆက်ဆံမှုများ ကင်းရှင်းရန် (Non-Discrimination) စာသားပါ A4 စာရွက်များ ယူဆောင်လာနိုင်ကြောင်းလည်း သတင်းစကား ပါးထားသည်။

          မောင်ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်သူများအား တရားဥပဒေ အတိုင်း စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်နိုင်ရေး Myanmar Imperial University အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၂၆ ရက်တွင် သာကေတမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

           ဆက်စပ်ဖတ်ရှုရန်–  နိုင်ငံတကာက သတင်းမီဒီယာတွေမှာပါ အကျယ်တဝံ့ ဖော်ပြခြင်းခံရတဲ့ ကိုကျော်ဇင်ဝင်းရဲ့ သတင်း

          Your Thoughts …
          Tags: တရားမျှတမှုမောင်ကျော်ဇင်ဝင်းလိင်စိတ်ဝိသေသကွဲပြားမှု
          ဇူးဇူး

          ဇူးဇူး

          ဧရာဝတီ

          Similar Picks:

          နွေဦးတော်လှန်ရေးသည် စွန့်စားမှု/အရင်းအနှီး ကြီးမားပြီး အောင်မြင်သောအခါ ရရှိမည့် အကျိုးအမြတ်သည်လည်း ကြီးမားပါသည် / AFP

          လောင်းကြေးကြီးသော မြန်မာ့နွေဦးတော်လှန်ရေး

          by ဇုန်းရိန်
          25 April 2022
          29.5k

          နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားများအားလုံး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းတိုက်ခိုက်လျှင် ဧကန်အမှန် အောင်ပွဲ ခံနိုင်မည့် အရာဖြစ်သည်။

          တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာတွင် ဒေသခံများနှင့် သံဃာတော် သုံးပါး အစုလိုက်အပြုံလိုက် အသတ်ခံရသော ဘုန်းကြီးကျောင်းကို ဒရုန်းမှတဆင့် မြင်ရပုံ

          အမုန်းစကားနှင့် သတင်းတုများ တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးမှာ အရေးကြီး

          by Arthur Klark နှင့် Gabriela Sagun
          6 May 2023
          5.6k

          လူမျိုးစုများအကြား ဆက်ဆံရေးနှင့် အယူအဆများသည် အားတက်စရာကောင်းသော်လည်း နမ်းနိန်းနှင့်ပတ်သက်သည့် PNO ၏ လူထုစုဝေးပွဲက လူမှုအသိုက်အဝန်းများအကြား ဆက်စပ်မှုသည် ရှုပ်ထွေးကြောင်း သတိပေးနေသည်။

          ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရန်ကုန် မြေနီကုန်း ဆန္ဒပြပွဲကို သတင်းယူနေသော မြန်မာနောင်း သတင်းထောက် မကေဇွန်နွေးအား ရဲက ဖမ်းဆီးစဉ်  / ဧရာဝတီ

          သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်းတွင် မြန်မာပါဝင်လာ

          by ဧရာဝတီ
          3 November 2022
          5.7k

          မြန်မာသည် သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် အဆိုးဆုံးနိုင်ငံများစာရင်းတွင် ပါဝင်လာသည်။

          လုပ်ငန်းခွင်အတွင်း အရှက်ခွဲ အနိုင်ကျင့်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ မောင်ကျော်ဇင်ဝင်း / Facebook

          အရှက်ခွဲ အနိုင်ကျင့်ခြင်းသည် လူယဉ်ကျေးတို့၏ အပြုအမူ မဟုတ်

          by ချစ်ဆွေ (ဆေး ၁)
          26 June 2019
          14.5k

          ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အရှက်ခွဲ အနိုင်ကျင့်ခြင်းဟာ နေရာအစုံ၊ ပုံစံအစုံနဲ့ သိသိသာသာတမျိုး မသိမသာတမျိုးဖြစ်ပွားနေပါတယ်။

          မြောက်ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်လာသော လူသတ်မုဒိမ်းမှုတွင် လာရောက်ဆန္ဒပြသူများ ချိတ်ဆွဲထားသော ဆိုင်းပုဒ် / မျိုးမင်းစိုး / ဧရာဝတီ

          အဓမ္မပြုကျင့်သူများကို သေဒဏ်ပေးခြင်းက တရားမျှတမှု၏ အဖြေလား

          by ငြိမ်းငြိမ်း
          19 February 2018
          11.1k

          သက်ငယ်မုဒိမ်းမှုများတွင် တရားခံများမှာ ဆွေမျိုးသားခြင်းများ၊ မောင်နှမ တော်စပ်သူများနှင့် တခါတရံတွင် ဖခင်များ ကိုယ်တိုင်ပင် ဖြစ်နေသည်။

          ကိုသန်းတိုးအောင်သည် ဗုဒ္ဓဘာသာနှင့် မွတ်စလင် သူငယ်ချင်းများနှင့် ကဗျာရွတ်ဆို သရုပ်ဖော်ပွဲများ ကျင်းပပြီး လူမျိုးခွဲခြားမှု၊ တရားမျှတမှုနှင့် မေတ္တာတရားအကြောင်းများကို သရုပ်ဖော်သည် / Jacob Goldberg / The World

          ကဗျာရွတ်ပြီး မျှတမှုကို ရှာဖွေသူ

          by Shaina Shealy
          2 February 2019
          54.8k

          ကိုသန်းတိုးအောင်သည် သူ၏မိတ်ဆွေများနှင့်အတူ လူမှုရေး တရားမျှတမှု ကင်းမဲ့ခြင်းအပေါ် သရုပ်ဖော် ရွတ်ဆိုကြသည်။

          Next Post
          ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

          ဝန်ကြီးဌာနသစ် တိုးချဲ့ဖွဲ့စည်းရန် သမ္မတ အဆိုပြုမှု ရခိုင် လွှတ်တော် သဘောမတူ

          ဝိုင်ဖိုင်ကို မြန်စေချင်တယ်ဆိုရင် သတ္တုပစ္စည်းတွေရဲ့ ဝေးရာမှာ ထားဖို့ အကြံပြုချင်ပါတယ်

          သင့်ရဲ့ ဝိုင်ဖိုင်ကို နှေးအောင် လုပ်နေတဲ့ အိမ်တွင်းပစ္စည်းများ

          No Result
          View All Result

          Recommended

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          5 days ago
          13.9k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          4 days ago
          12.2k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

            shares
            Share 0 Tweet 0
          • အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved