• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျူးကျော်များ အတွက် ၃ လအတွင်း တိုက်ခန်းများ စဆောက်နိုင်မည် ဟု ရန်ကုန် ဝန်ကြီးချုပ် ပြော

by မျိုးပပစန်း
28 June 2019
in သတင်း
A A
သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက် များ သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရသော ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက် များ သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရသော ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

7.9k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်ရှိ ကျူးကျော်များ အတွက် နေရာချထားပေးမည့် တိုက်ခန်းများကို လာမည့် ၃ လအတွင်း တည်ဆောက်မှု စတင် ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဝန်ကြီးချုပ်က“ကျနော်တို့မှာ ရှိနေတဲ့ အစိုးရ YCDC ရဲ့ မြေပေါ့။ သူတို့ သွားရေး၊ လာရေး၊ နေရေး၊ ထိုင်ရေး အဆင် ပြေ နိုင်မယ်ဆိုရင် ဒီနေရာကို ချပေးဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။ အခု ကျနော်တို့ စဉ်းစားနေတာက ၃၅ ပေ၊ ၁၈ ပေ။ အိမ် အကျယ် အဝန်း ၁၅ ပေရှိတဲ့ အိမ်ပေါ့။ ဘေးမှာလည်း မြေ ၃ ပေလောက် ကျန်မယ်ပေါ့။ နောက်ဖေးလမ်းကြားက ၃ ပေ လောက်ရှိမယ့် အနေအထားဆို အဆင်ပြေတယ်။ ကျနော်တို့ မျှော်မှန်းတာကတော့ နောင် ၃ လလောက်မှာ တည်ဆောက် ရေး ရောက်မယ် မျှော်လင့်ထားပါတယ်။ အခုချိန်က စပြီး လုပ်နေပါတယ်”ဟု ပြောသည်။

RelatedPosts

Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

14 June 2025
92
မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
552
တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

14 June 2025
40

ဇွန်လ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်သော အစည်းဝေးအပြီး သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။ 

ကျူးကျော်နေထိုင်သူများကို စနစ်တကျ နေရာချထားပေးခြင်းနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်း အစိုးရတို့ ပူးပေါင်းကာ မည်သည့် နေရာများတွင် ကျူးကျော် နေထိုင်နေကြသည် ဆိုသည့် အချက်အလက်များ ကောက် ယူ ၍ စာရင်းပြုစုထားကြောင်း သိရသည်။

စာရင်း ကောက်ယူထားမှု အရ ၇၀ ရာခိုင်နှုန်းခန့်မှာ စမတ်ကတ်ရရှိထားသူများ ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်မှာ စမတ်ကတ် မရှိသေးသူများကို တွေ့ရှိရသည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က“ကျုးကျော် ၃၀ ရာခိုင်နှုန်းက ထပ်တိုးလာတယ်လို့ ယူဆပါတယ်။ ထပ်တိုးလာတဲ့သူတွေ မှာ စမတ်ကတ် မရှိဘူး။ ဒါကြောင့် ထပ်တိုးလာတယ်လို့ ကျနော် အနေနဲ့ ယူဆပါတယ်။ အဲဒီလို ထပ်တိုးလာသူပဲ ဖြစ်ဖြစ် အရင်က စမတ်ကတ် မရသူဘဲ ဖြစ်ဖြစ် ဒီအခြေနေပေါ်မှာ တကယ်မှန်ကန်တယ်။ အခက်အခဲ တကယ်ရှိနေ တယ် ဆိုရင် ကျနော်တို့ ဖြေရှင်းပေးဖို့ ရှိပါတယ်။ အခု ပထမ အဆင့်ကတော့ နေရေး အခက်အခဲရှိသောသူကို စပြီး ပေးနိုင်ဖို့ ကြိုးစား သွားမယ်။ ဒီနေရာမှာ စက်မှုဇုန်မှာ နေထိုင်တဲ့သူတွေလည်း ပါတယ်”ဟု ရှင်းပြသည်။

အိမ်ရာများမှာ တန်ဖိုးကြီး တိုက်ခန်းများ မဟုတ်သော်လည်း နောက်ဖေးလမ်းကြား၊ မိလ္လာကန်စနစ်နှင့် ရေစစ်ကန်တို့ ပါရှိ သော ပုံစံမျိုးဖြင့် စနစ်တကျ တည်ဆောက်သွားမည် ဖြစ်ပြီး နေထိုင်သူများ တတ်နိုင်သည့် ဈေးနှုန်းတခု အတိုင်း အသက်သာဆုံး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရပိုင်မြေပေါ်တွင် ချေးငွေ စနစ်ဖြင့် အဆောက်အအုံ တည်ဆောက်သွားမည် ဖြစ်ပြီး နေထိုင်သူများဘက်မှ ယင်း ချေး ငွေကို အရစ်ကျစနစ်နှင့် ပေးသွင်းရမည်လည်း ဖြစ်သည်။

ကျူးကျော်များကို နေရာချထားပေးရာတွင်လည်း ကျူးကျော် သီးသန့်ဟူ၍ တသီးတခြားတည်း နေရာချထားပေးခြင်း မျိုး မဟုတ်ဘဲ အခြားနေထိုင်သူများနှင့်ပါ ရောနှော နေရာချထားပေးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုထား သည်။

လှိုင်သာယာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမင်းက“စမတ်ကတ် ကောက်ယူပြီးပါပြီ။ နောက်ထပ် ထပ် ကျူးတာတွေကိုလည်း ဝန်ကြီးချုပ်က ၁ တဲကျူးရင် ၁ တဲဖျက်ပါလို့ ညွှန်ကြားထားတယ် ခင်ဗျ။ စမတ်ကတ်ပေး ထား တယ် ဆိုတာ စာရင်းဇယား ကောက်ယူထားခြင်းသာ ဖြစ်ပါတယ်။ လက်ရှိမှာ တိုးနေတာ ဟုတ်တယ်။ ဒီနေရာ မလွတ်တော့ ဟိုနေရာ ရွှေ့သွားတာတွေ ရှိပါတယ်။ စာရင်းဇယားက ၂၀၁၇ က ကောက်ထားပြီး ဖြစ်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ဆက်လက်၍ ၎င်းက ထပ်မံတိုးလာခြင်းများ ရှိနေသောကြောင့် အိမ်ရာ လိုအပ်ချက် မည်မျှရှိမည်ကို မသိကြောင်း၊ လက်ရှိ တွင် ဝန်ကြီးချုပ်က စီစဉ်ဆောင်ရွက်နေပြီး မည်သည့် ပုံစံဖြင့် ဆောင်ရွက်နေသည်ကို မသိရှိရသေးကြောင်း ဆိုသည်။

လက်ရှိတွင် ကျူးကျော်များ နေထိုင်ရေးကို ဆောင်ရွက်ပေးနိုင်ရန် အတွက် လေ့လာဆန်းစစ်မှုများ၊ အလုပ်ရုံ ဆွေးနွေးပွဲ များကို အမြန်ဆုံး ပြုလုပ်နေပြီ ဖြစ်ပြီး Women for World အဖွဲ့နှင့်လည်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန် ကျူးကျော် စာရင်း ကောက်ယူခြင်းများကို ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သိရသည်။

ဆက်စပ် ဖတ်ရှုရန်

ရန်ကုန်တွင် ၂၅ ရာခိုင်နှုန်းသာ အိမ်ရာတိုက်ခန်းများနှင့် နေထိုင်ဟု ကမ္ဘာ့ဘဏ်ဆို 

မြို့သစ်များ မဖော်ဆောင်ပါက ကျူးကျော် အတွက် မြေမရှိဟု ဦးဖြိုးမင်းသိန်း ပြော 

Your Thoughts …
Tags: ရန်ကုန် ကျူးကျော်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်း

အရှုံးမပေးပါနဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ယုံကြည်ပါ

ငါတို့အမွေ

ငါတို့အမွေ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.8k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
4.6k

Most Read

  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate