သတင်း

ပို့ကုန် လက်မှတ် အတုများဖြင့် အသားတင်ပို့ခြင်း ရပ်ရန် ကနေဒါကို တရုတ်ပြော

Want create site? Find Free WordPress Themes and plugins.

တင်ပို့ကုန် သက်သေခံ လက်မှတ်အတုများ စစ်ဆေးတွေ့ရှိရပြီးနောက် ကနေဒါအစိုးရထံမှ အသားတင် ပို့ခွင့်ပြုနေခြင်းအား ရပ်တန့်ရန် လိုလားနေကြောင်း တရုတ်က အင်္ဂ ါနေ့တွင် ပြောကြားခဲ့သည်။

ကနေဒါမှ တင်ပို့သည့် သက်သေခံ အထောက်အထားများကို စစ်ဆေးခဲ့ရာ တိရစ္ဆာန် ကျန်းမာရေး အထောက်အထား စာရွက်အတု ၁၈၈ စောင် တွေ့ရှိခဲ့ရပြီး ဘေးကင်း စိတ်ချရမှု မရှိကြောင်း ကနေဒါနိုင်ငံရှိ တရုတ်သံရုံးက ၎င်း ဝက်ဘ် ဆိုက်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကနေဒါစိုက်ပျိုးရေးဝန်ကြီး Marie-Claude Bibeau က အဆိုပါပို့ကုန်လက်မှတ်များသည် မခိုင်လုံကြောင်း ကနေဒါအစားအသောက်စစ်ဆေးရေးဌာန(CFIA) ထံမှ အတည်ပြုချက်ရကြောင်း ကြေညာချက်တစောင်တွင် ပြောကြားထားသည်။

တရုတ်နိုင်ငံသို့တင်ပို့နေသော အသားစိမ်းများအတွက် အာမခံပေးမှုကို ကနေဒါအစိုးရဘက်မှ ဆိုင်းငံ့ထားပါရန် တောင်းဆိုထားပြီး အရေးပေါ် တားဆီးနိုင်ရေး အစီအမံများ ချမှတ်နေကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

“ကနေဒါဘက်က ဒီဖြစ်စဉ်အပေါ် အရေးတကြီး ကိုင်တွယ်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်သမျှ အဆောတလျင် စုံစမ်း စစ်ဆေးပြီးတော့ တရုတ်နိုင်ငံကို ကနေဒါဘက်က တာဝန်ခံတဲ့ အနေအထားနဲ့ ဘေးကင်း တဲ့အစားအသောက် တင်ပို့နိုင်ရေး ထိရောက်တဲ့အစီအမံ ပြည့်ပြည့်စုံစုံလုပ်ပေးဖို့ပါ” ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ယင်းဖြစ်စဉ်အပေါ် ကနေဒါအစားအသောက်စစ်ဆေးရေးဌာန(CFIA) အနေဖြင့် စားသောက်ကုန်လုပ်ငန်း၊ တရုတ်အစိုးရတာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါင်း၍ ကိုင်တွယ်ဖြေရှင်းနေပါကြောင်း ကနေဒါစိုက်ပျိုးရေးဝန်ကြီး Bibeau က ၎င်း၏ကြေညာချက်တွင် ပြောကြားထားသည်။

“CFIA ဟာ နည်းပညာကိစ္စတွေ စုံစမ်းစစ်ဆေးနေပြီးတော့ သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးတာဝန်ရှိတဲ့ ဌာနတွေဆီ သတင်းပို့ပြီးပါပြီ။ ဒီဖြစ်စဉ်ဟာ တရုတ်ပြည်ကို ပို့တဲ့ကုန်စည်တွေထဲမှာပဲ ထင်ထင်ရှားရှား တွေ့ရတာပါ။ တခြား တိုင်း ပြည်တွေဆီ ပို့တဲ့ တင်ပို့ကုန်ခွင့်ပြုလက်မှတ်တွေနဲ့ မသက်ဆိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

CFIA သည် ယင်း တင်ပို့ကုန် လက်မှတ်များကို ဆိုင်းငံ့ထားခြင်းရှိ/မရှိ Bibeau က ထုတ်ဖော် မပြောသော် လည်း ကနေဒါအစိုးရသတင်းရင်းမြစ်တခုကမူ ယင်းဖြစ်စဉ်သည် နည်းပညာအရသာ ဖြစ်ပြီး နိုင်ငံရေးနှင့် မပတ်သက်ကြောင်း၊ ယာယီ ဆိုင်းငံ့လိုက်သည်ဟု ကြေညာဖွယ်ရှိကြောင်း ဆိုသည်။

CFIA သည် ယင်း တင်ပို့ကုန် လက်မှတ်များကို ဆိုင်းငံ့ထားခြင်းရှိ/မရှိ Bibeau က ထုတ်ဖော် မပြောသော်လည်း ကနေဒါအစိုးရသတင်းရင်းမြစ်တခုကမူ ယင်းဖြစ်စဉ်သည် နည်းပညာအရသာ ဖြစ်ပြီး နိုင်ငံရေးနှင့် မပတ်သက် ကြောင်း၊ ယာယီ ဆိုင်းငံ့လိုက်သည်ဟု ကြေညာဖွယ်ရှိကြောင်း ဆိုသည်။

ကနေဒါ အစိုးရက တရုတ် ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေး အရာရှိချုပ် မုန်ဝမ်ကျိုးဝူကို ပြီးခဲ့သည့် ဒီဇင်ဘာလက အမေရိကန်ဖမ်းဝရမ်းဖြင့် ဗန်ကူဗာမြို့တွင် ဖမ်းဆီးပေးလိုက်ပြီး နောက်ပိုင်း တရုတ်နှင့်ကနေဒါဆက်ဆံရေး မကျေမလည်ဖြစ်ခဲ့ရသည်။

ဘေဂျင်းအစိုးရအနေဖြင့် ၎င်းသည် မည်သည် ရာဇဝတ်မှု ကျူးလွန်းထားခြင်း မရှိသည့်အတွက် ပြန်လွှတ်ပေး ရေး တောင်းဆိုနေသည်။

ထိုသို့ကနေဒါ၏ ဖမ်းဆီးမှု အပြီး  တရုတ်ကလည်း ကနေဒါနိုင်ငံသား နှစ်ဦးကို ဖမ်းဆီး၍ လက်တုံ့ပြန်ခဲ့ပြီး နောက်ပိုင်း တွင် ၎င်းတို့ကို သူလျှို လုပ်မှုဖြင့် စွဲချက်တင်ခဲ့သည်။ ၎င်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခြင်းမှာ မတရားကြောင်း ကနေဒါအစိုးရက ပြောကြားခဲ့သည်။ တရုတ်သည် ကနေဒါနိုင်ငံမှ Canola (ကန်နိုလာ) (ပန်းမုံညင်းတမျိုး) အစေ့များ တင်ပို့ခြင်းကို ပိတ်ပင်ခဲ့ပြီးဖြစ်သည်။

ယခု တရုတ်သံရုံးက ယခုကနေဒါအသားစိမ်းတင်ပို့မှုကိစ္စနှင့် မန်ဝမ်ကျိုးအမှု ဆက်စပ်မှုမရှိကြောင်း ဆိုသည်။

ကနေါဒါနိုင်ငံသားနှစ်ဦးဖမ်းဆီးထားခြင်းကိစ္စကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မိမိတွေ့လျှင် ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ဒေါ်နယ်ထရမ့်က ကနေဒါဝန်ကြီးချုပ် ဂျက်စတင် Trudeau ကို ယခင်ရက်သတ္တပတ်၌ ပြောကြားခဲ့သည်။ ထရမ့်သည် ရှီကို ဂျပန်နိုင်ငံတွင် လာမည့် စနေနေ့ ကျင်းပမည့် G20 အစည်းအဝေးတွင် တွေ့ဆုံမည်ဖြစ်သည်။

တရုတ်သည် ကနေဒါမှ ဝက်သားစိမ်းများကို ဇန်နဝါရီလမှ ဧပြီလအထိ ကနေဒါဒေါ်လာ သန်း ၃၁၀ (အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ၂၆ သန်း) တန်ဖိုး ဝယ်ယူခဲ့သဖြင့် ကနေဒါ၏ပို့ကုန်ဈေးကွက်အတွက် တန်ဖိုးအားဖြင့် တတိယအကြီးဆုံးဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

You may also like these stories:

တရုတ်နှင့် ကုန်စည်ဖလှယ်မည့် စနစ် အလုပ်ဖြစ်မလား

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်၌ ဗီယက်နမ်က အမြတ် အထွက်ဆုံး နိုင်ငံဖြစ်လာ

မူဆယ် ကုန်သွယ်ရေးဇုန်မှ တရုတ်သို့ ကျောက်စိမ်းတင်ပို့မှု နှစ်ဆ တက်လာ

တရုတ် BRI အခွန်စနစ်တွင် ပါဝင်ရန် အစိုးရက လွှတ်တော်သို့ ခွင့်ပြုချက်တောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading