သတင်း

ကုန်သွယ်ရေး တင်းမာမှုများ အဓိကအာရုံစိုက်လျက် G20 အစည်းအဝေးစတင်

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံတွင် ကျင်းပမည့် စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေး (G20) တက်ရောက်ရန် ကမ္ဘာ့ခေါင်း ဆောင်များ ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်- တရုတ် ကုန်သွယ်ရေး စစ်၊ ပထဝီ နိုင်ငံရေး တင်းမာမှုများနှင့် ရာသီဥတု ပြောင်းလဲ လာမှုများကို ဦးစားပေး ဆွေးနွေးရန် လျာထားကြောင်း သိရသည်။

အိုဆာကာ မြို့ တွင် နှစ်ရက်ကြာ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ကုန်သွယ်ရေးကိစ္စရပ်များက လွှမ်းမိုးထား မည်ဟု မှန်းဆရပြီး အားလုံးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အငြင်းပွားမှု အဆုံး သတ်သွားနိုင်ခြင်း ရှိ/မရှိ စိတ်ဝင်တစားစောင့်ကြည့်နေကြမည်ဖြစ်သည်။

တရုတ်နှင့် အမေရိကန်တို့ကြား ကုန်သွယ်ရေးအငြင်းပွားမှုသည် ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေလျက်ရှိ သည်။

သို့သော် အမေရိကန်နှင့် အီရန်တို့ကြား အရှေ့အလယ်ပိုင်း ပဋိပက္ခသစ်သို့ ဦးတည်လာသော စိုးရိမ်မှုအပေါ် တင်းမာမှု လျော့ကျရေး အတွက်လည်း ကမ္ဘာ့ခေါင်းဆောင်များ အဖြေရှာကြမည်ဖြစ်သည်။

ထို့ပြင် ၎င်းတို့သည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အတွက် အများစု သဘောထား အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ပြီး ပါရီရာသီဥတု သဘောတူညီချက်မှ အမေရိကန် ခေါင်းဆောင်မှု ရပ်တန့်သွားခြင်းနှင့်အတူ ထိရောက်စွာ ကိုင်တွယ် နိုင်ရေး အတွက် ဥရောပ ခေါင်းဆောင်များ ပေါင်းစည်းကြရန် ဂျပန်က မျှော်လင့်လျက်ရှိသည်။

ဂျပန်သို့ မရောက်သေးမီကပင် ထရမ့်သည် ယခုအစည်းအဝေးနှင့်ပတ်သက်၍ ၎င်း၏မဟာမိတ်များနှင့် ရန်သူတော် များကို ရောနှောလျက် တင်ကြို၍ စကားဆိုနေခဲ့သည်။

Air Force One ပေါ်မှနေ၍ Twitter ရေးသားရာ၌ အမေရိကန်၏ ကာလရှည်ကြာ မိတ်ဖက်ဖြစ်သည့် အိန္ဒိယ အနေ ဖြင့် အမေရိကန်ကုန်စည်များအပေါ် လက်မခံနိုင်စရာ အခွန်စည်းကြပ်နေခြင်းအပေါ် ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အမေရိကန်နဲ့ ဆန့်ကျင်ပြီး အင်မတန် မြင့်မားတဲ့ အခွန်စည်းကြပ်မှု နှစ်နဲ့ချီ လုပ်တာတဲ့ အိန္ဒိယဟာ မကြာသေးခင်ပဲ အခွန်စည်းကြပ်မှု နောက်ထပ်တောင် တိုးလိုက်ပါသေးတယ်။ ဒါ လက်မခံနိုင်စရာပါ။ အခွန်စည်းကြပ် ပြန်ရုတ်သိမ်း ရမယ်” ဟု ထရမ့်က ရေးသားထားသည်။

ဘေဂျင်းအနေဖြင့် အပေးအယူတခု ပြုလုပ်ရန် လိုလားကြောင်း၊ အကြောင်းမှာ ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အား ကြီးဆုံး နိုင်ငံအနေဖြင့် အဟောသိကံဖြစ်နေရကြောင်း အမေရိကန်သမ္မတက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ကုန်သွယ်ရေးစနစ်အတွင်း မမျှမတ အားသာချက်ဟု ရှုမြင်လျက် အမျက်ဒေါသ ထွက်ခဲ့သလို ထရမ့်သည် တရုတ် တင်ပို့ကုန်များ အပေါ် ဒေါ်လာ ၂၀၀ ဘီလီယံဖိုး စည်းကြပ်ကောက်ခံခဲ့ပြီး ထပ်မံ၍လည်း ခြိမ်းခြောက်မှုများ ရှိနေခဲ့ သည်။

“ကျနော် အခွန် မကောက်ရသေးတဲ့ နောက်ထပ် ဒေါ်လာ ၃၂၅ ဘီလီယံ ခင်ဗျားတို့ဆီမှာ ရှိပါတယ်။ အဲဒါ အခွန် စည်းကြပ်ဖို့ အချိန်တန်ပါပြီ” ဟု Fox Business Network နှင့်ပြုလုပ်သည့်အင်တာဗျူးတွင် ထရမ့်က ပြောကြားခဲ့ သည်။

တချိန်တည်းမှာပင် တဖက်သတ် အခွန်စည်းကြပ်ခြင်း အားဖြင့် အနိုင်ကျင့်သည့် ကုန်သွယ်ရေး ဗျူဟာကို ဝါရှင်တန် ကျင့်သုံးနေကြောင်း တရုတ်က စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့် မေလက ကုန်သွယ်ရေးသဘောတူညီချက်တရပ်ထွက်ပေါ်လာရန် ပြိုင်ဘက်များ အားထုတ်မှုသည် အထမမြောက်ခဲ့ဘဲ ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ်တုံ့ဆိုင်းစေသည့် မကျေလည်မှုများကိုသာ ဆက်လက်ဖြစ် ပေါ်စေခဲ့သည်။

ယခု G20 အစည်းအဝေးတွင် ပြည့်ဝသည့် သဘောတူညီချက် တရပ် ထွက်ပေါ်လာရန် အခွင့်အလမ်းနည်းနေကြောင်း ကျွမ်းကျင်သူများက ယုံကြည်ထားကြသော်လည်း ကုန်သွယ်ရေးစစ် ရပ်ဆိုင်းရန်အလားအလာများကိုမူ မျှော်လင့် လျက်ရှိသည်။

ပြင်သစ်သမ္မတ မက်ခရွန်က ၎င်းအနေဖြင့် ရာသီဥတုပြောင်းလဲမှုကိုင်တွယ်ရေးကို အထောက်အကူပြုရန် အကျယ်တဝင့်ဆွေးနွေးလိုကြောင်း၊ သို့သော် ပါရီရာသီဥတုပြောင်းလဲမှုသဘောတူညီချက်ကို ထောက်ခံသည့် မည်သည့်ကြေညာချက်ကိုမှ ဝါရှင်တန်က ထုတ်ပြန်ရန် မမြင်ရသေးကြောင်း၊ ယင်းစာချုပ်မှ နုတ်ထွက်ရန်သာ စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

မက်ရွန်က ရာသီဥတုပြောင်းလဲမှုကိစ္စကို အနီရောင်အဆင့် အခိုင်အမာတောင်းဆိုနေသော်လည်း ခက်ခဲကြမ်းတမ်း နိုင်လင့်ကစား အများစု အမြင်ချင်း ဖလှယ်၍ အဖြေရှာနိုင်ရန် မိမိတို့ မျှော်လင့်ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူများက ပြောသည်။

“ထင်မြင်ချက်မျိုးစုံကို ခိုင်မာအောင်လုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဂျပန်အစိုးရအရာရှိတဦးက သတင်းထောက်များကို ကြာသပတေးနေ့က ထုတ်ဖော်ဝန်ခံခဲ့သည်။

သောကြာနေ့က ဂျပန်သို့ရောက်လာသည့် ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ်ကိုလည်း စောင့်ကြည့်နေကြသည်။ မာကယ်၏ လက်ရှိ ကျန်းမာရေးအခြေအနေကို မေးမြန်းလိုကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲများအတွင်း အရှေ့အလယ်ပိုင်းတင်းမာမှုဖြစ်နေခြင်းကို ဆက်လက်ထည့်သွင်းကြရန် ရှိသည်။ အီရန်နှင့် မည်သည့်စစ်ပွဲမှ ဖြစ်ရန်မရှိကြောင်း ဂျပန်သို့ မထွက်ခွာမီ ထရမ့်က ပြောကြားခဲ့သည်။

You may also like these stories:

ပို့ကုန် လက်မှတ် အတုများဖြင့် အသားတင်ပို့ခြင်း ရပ်ရန် ကနေဒါကို တရုတ်ပြော

Huawei ရဲ့ ပါဆယ်ထုပ်ကို ပြန်ပို့ခဲ့ပြီးနောက် FedEx က အမေရိကန်အစိုးရကို တရားစွဲဆို

Did you find apk for android? You can find new Free Android Games and apps.
Loading