သတင်း

တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရေး ထိရောက်စွာ မလုပ်နိုင်ဟု ဒုသမ္မတပြော

Want create site? Find Free WordPress Themes and plugins.

နယ်စပ်ဒေသများမှ ဝင်ရောက်လာသော တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးရန် တိုင်းနှင့် ပြည်နယ်များတွင် အထူး အဖွဲ့များနှင့် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်နေသော်လည်း ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း ဒုသမ္မ္မတ ဦးမြင့်ဆွေက ပြောသည်။

ဒုသမ္မတ က “တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရေးနဲ့ ပတ်သက်ပြီး အခုချိန်ထိ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ တချို့နေရာတွေဆို ဖမ်းဆီးရမိမှုဟာ ၁ လလုံးနေလို့ ၁ ခုတောင် မရှိပါဘူး။ ဒါကြောင့် တချို့ကိစ္စရပ်တွေ ကာကွယ်ရေး ဝန်ကြီးနဲ့ ညိုနိူင်းဆောင်ရွက်တာမျိုး ရှိတယ်” ဟု ပြောသည်။

ဇွန်လ၂၉ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် ပြုလုပ်သော ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒု သမ္မ္မတနှင့် မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲ၌ ပြောခြင်းဖြစ်သည်။

ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပစ္စည်းများမှာ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်၊ အလှကုန်ပစ္စည်း များဖြစ်ပြီး ယင်းပစ္စည်းများမှာ သုံးစွဲသူများ၏ ကျန်းမာရေး ထိခိုက်စေခြင်း၊ နိုင်ငံအတွက်လည်း အခွန်ဘဏ္ဍာငွေများ မရရှိ စေခြင်း အပြင် ဈေးပေါပေါနှင့် ဝင်ရောက်ခြင်းတို့ကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (SME) များကို ထိခိုက်မှုများ ဖြစ်စေကြောင်း သိရသည်။

တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးရာတွင် ပိုမိုထိရောက်စေရန်အတွက် ယခင်က ဖမ်းဆီးရရှိမှုမှ နိုင်ငံတော်က ၈၀ ရာ ခိုင်နှုန်း၊ သတင်းပေးသူကို ၁၀ ရာခိုင်နှုန်းနှင့် ဖမ်းဆီးပေးသည့်သူကို ၁၀ ရာခိုင်နှုန်းပေးခဲ့ရာမှ လက်ရှိ၌ တိုးမြှင့်ပေးထား ကြောင်း ဒုသမ္မတက ပြောဆိုသည်။

ဆက်လက်၍ ဒုသမ္မတက “နိုင်ငံတော် အပိုင်းကလည်း ၅၀ ရာခိုင်နှုန်းယူပြီးတော့ သတင်းပေးတဲ့သူကို ၂၀ ရာခိုင်နှုန်း ဖမ်း ဆီးတဲ့ သူကို ၃၀ ရာခိုင်နှုန်း အထိ တိုးပေးထားပါတယ်” ဟု ပြောသည်။

လက်ရှိ တရားမဝင် ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်ရန် အတွက် အထူးအဖွဲ့များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခု ၌ ဖွဲ့စည်းထားပြီး ယခုအချိန်ထိ ဖမ်းဆီးရမိမှု ၅၉၄ ကြိမ်မှ တန်ဖိုးအားဖြင့် ငွေကျပ် ၁၀ ဒသမ ၃၇၁ ဘီလီယံရရှိထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က “မှောင်ခိုကိစ္စက တော် တော်လေးကို အန္တရာယ်ရှိပါတယ်။ စားသုံးသူကို ထိခိုက်နိုင်တယ်။ SME ကဏ္ဍကိုလည်း ထိခိုက်နိုင်တယ်။ အထူးသဖြင့် စိုက်ပျိုးတဲ့ တောင်သူတွေ ထိခိုက်နိုင်တာ ရှိပါတယ်” ဟု ပြောသည်။

တရားမဝင်ကုန်ပစ္စည်းများ မှောင်ခိုဝင်ရောက်ခြင်းကို တားဆီးနေသော်လည်း အောင်မြင်မှု နည်းပါးနေသေးကြောင်း ၎င်းက ဆိုသည်။

သို့ဖြစ်၍ တိုင်းနှင့် ပြည်နယ်ရှိ အစိုးရ အဖွဲ့များနှင့် ကုန်သည်များမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ဒေါက်တာ သန်းမြင့်က ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်းသို့ မှောင်ခိုဝင်ရောက်နေသော ကုန်သွယ်မှု တန်ဖိုးမှာ ၄၅ ရာခိုနှုန်းခန့် ရှိနေကြောင်း သိရ သည်။

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြည်တွင်း လုပ်ငန်းရှင်များ အားလုံး မျှတသော ယှဉ်ပြိုင်မှု ရှိစေရန် စည်းမျဉ်းစည်းကမ်း များကို ရေးဆွဲပြီး လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောဆိုသွားသည်။

ဆက်စပ်ဖတ်ရှု့ရန်

ရန်ကုန်သို့ ဝင်နေသည့် တရားမဝင် ကုန်ပစ္စည်းများ တိုင်းအစိုးရ ထိန်းချုပ်မည်ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading