• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Wisdom Hill အမှု ဖော်ထုတ်ရန် မလွယ်ဟု CID ပြော

by မိုးမိုး
1 July 2019
in သတင်း
A A
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် တွေ့ရသော ရဲမေများ / ထက်နိုင်ဇော်

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် တွေ့ရသော ရဲမေများ / ထက်နိုင်ဇော်

203.2k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကကျောင်းတွင် အသက် ၃ နှစ်မပြည့်သေးသည့် ကလေးငယ် မဖွယ်မရာ ပြုကျင့်ခံရသည့် အမှုသည် အများသူငါ ဝိုင်းဝန်းဝေဖန် ပြောဆိုနေသကဲ့သို့ ရိုးရှင်းမှု မရှိဟု နေပြည်တော်မှုခင်းရဲတပ်ဖွဲ့ ( CID) မှ အဆင့်မြင့်ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

အမည်မဖော်လိုသူ ရဲအရှိက “အဲဒီရဲ့ ဖြစ်စဉ်တခုလုံးမှာ ပျော့ကွက်၊ ဟာကွက်တွေ အများကြီး။ အဲဒီအမှုက မရိုးစဉ်းဘူး။ လွယ်ကူ မဖြောင့်ဘူးပေါ့။ လွယ်ကူတယ် ဆိုရင် နှင်းနု သိတယ်ဆိုရင် နှင်းနုကို မေး။ နှင်းနုက ပြောရင် ပြီးပြီပေါ့။ ပေါ်ပြီပေါ့။ လွယ်လွယ်လေးဘဲပေါ့။ အဲဒီလောက် မလွယ်လို့ပေါ့။ အဲဒီလောက်လွယ်ရင် ပြီးပြီ” ဟု ပြောသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
53
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
53
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
826

အမှုတွင် သံသယရှိသူ ၁၃ ဦးရှိပြီး ကျောင်းနှင့်ပတ်သက်သူ ၉ ဦး ပါဝင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“စစ်တဲ့အထဲမှာ သက်သေ ၅၀ ရှိတယ်။ အဲဒီထဲမှာမှ မင်္သကာသူက ၁၃ ယောက်ရှိတယ်။ ၁၃ ယောက်ကို ငါတို့ တိုက်ဆိုင် စစ်ဆေးနေရတယ်လေ။ ငါတို့ စစ်ဆေးချက်အပြင်ကို တခြား ဇီဝဗေဒ ( DNA) ဆိုတာမျိုး တိုက်ဆိုင် စစ်ဆေးရတယ်လေ“ ဟုလည်း ၎င်းက ပြောဆိုသည်။

လူမှုကွန်ရက်စာမျက်နှာထက်တွင် ကောလာဟလများထွက်ပေါ်နေသည့် ကျောင်းကြီးကြပ်ရေးမှူး၏ သား ၂ ဦးနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ “DNA အဖြေက မတူဘူးလေ။ အဖြေမတူတော့ ငါတို့က တရားခံကို ဖမ်းလို့ မရဘူးလေ။ ၂ ယောက်စလုံးကို စစ်တာ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။

သက်သေ အထောက်အထား ရှာဖွေ သိမ်းဆည်းခြင်း၊ စစ်ဆေးခြင်းများဆိုင်ရာ ရဲလုပ်ငန်း အသေးစိတ်ကို ရှင်းပြခြင်း မရှိပါ။

ယခု အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကြန့်ကြာနေသည့် ရဲလုပ်ငန်း စနစ်အပေါ်လည်း ပြည်သူများက ဝေဖန်မှုများ မြင့်တက်နေသည့်အပေါ် ရဲလုပ်ငန်းစဉ်အရ ပြောပြ၍ မရကြောင်း၊ ရဲလုပ်ငန်းစဉ်များကို ချပြပါက တရားခံမှာ ထွက်ပြေးသွားနိုင်ကြောင်း၊ လုပ်ငန်းစဉ်အရ ရှေ့လုပ်ငန်းစဉ်များကို ပြောပြ၍ မရကြောင်းသာ အဆိုပါ ရဲအရာရှိက ရှင်းပြသည်။

၎င်းက “ငါတို့လည်း အမှုပေါ်ချင်လို့ ပေါ်အောင်လုပ်နေတာပေါ့။ ရဲကို အားမလို အားမရ ဖြစ်နေတာက ငါတို့ ဆောင်ရွက်တာက သိုသို သိပ်သိပ် ရှိတယ်လေ” ဟု ဆိုသည်။

တရားဝင် အတည်ပြုချက် မရယူနိုင်သော ရဲတပ်ဖွဲ့ သတင်းရင်းမြစ်အချို့ အဆိုအရ ရဲတပ်ဖွဲ့က သံသယရှိသူ ၅ ဦးကို လက်ရှိတွင် ခေါ်ယူစစ်ဆေးနေကြောင်း သိရပြီး ၎င်းတို့မှာ မည်သူမည်ဝါ ဖြစ်သည်ကို အသေးစိတ် မသိရှိရသေးပါ။

သံသယရှိသူ အမျိုးသားတဦးကို မေလ ၃၀ ရက်နေ့ကစပြီး CID မှ စတင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ ဇွန်လ ၂၄ ရက် နေ့တွင် တရားစွဲဆိုရန် အထောက်အထား မခိုင်လုံသည့်အတွက် ပြန်လွှတ်လိုက်ပြီးနောက် အမှုမှန် ပေါ်ပေါက်ရန် လူအများကစိတ်ဝင်စားမှု မြင့်တက်နေသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတခုတွင် တက်နေသည့် အဆိုပါ ကျောင်းသူ ကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင်လာရောက် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

တလကျော်ကြာမြင့်လာပြီး ယနေ့အထိ တရားခံ အစစ်ကို ဖော်ထုတ်နိုင်ခြင်း မရှိသည့်အတွက် လူမှုကွန်ရက် စာမျက်နှာတွင် တရက်ထက် တရက် ဝေဖန်မှုများ မြင့်တက်နေပြီး နိုင်ငံတဝှမ်းရှိ နာမည်ကြီး အနုပညာရှင်များ အပါအဝင် Facebook အသုံးပြုသူ အများစုမှာ ကလေးငယ်၏ ဘက်မှ ရပ်တည်၍ ပရိုဖိုင်ပုံများတွင် Justice For Victoria ( ဗစ်တိုးရီးရားအတွက် တရားမျှတမှု) ဟူသော အမည်ပါ ပုံများကို ပြောင်းလဲလာသည်အထိ ဖိအားပေးလာနေခဲ့သည်။

အဆိုပါ အမှု တရားခံ အစစ်ပေါ်ပေါက်စေရန်အတွက် ဥပဒေဘောင်အတွင်းမှ လုပ်လို့ ရသည့် ကိစ္စရပ်များကို အားလုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ နယ်မြေ ကျဉ်းမြောင်းပြီး ပါဝင်ပတ်သက်နေသည့် လူဦးရေ နည်းသည့်အတွက် တရားခံ မဖော်ထုတ်နိုင်ခြင်းကို အားမလို အားမရ ဖြစ်ကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူက ဧရာဝတီသို့ ပြောကြားထားသည်။

အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်မှာ ဆေးစစ်ချက် အဖြေအရ သုတ်ပိုးတွေ့ရှိသဖြင့် HIV ကာကွယ်ဆေး ၂၈ ရက်တိုက်ကျွေးပြီး ဖြစ်သည်။

အဆိုပါ အမှု စတင်ဖြစ်ပွားသည်ကို သိရှိသည့် အချိန်မှစ၍ နိုင်ငံတော်အကြီးအကဲများ အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများကို “ဒီအမှု မပေါ်၊ ပေါ်အောင် ဖော်ပါ” လို့ နှုတ်ဖြင့် မှာကြားထားပြီး ဖြစ်ကြောင်း၊ အမှုစစ်ဆေးမှု အခြေအနေကိုလည်း စဉ်ဆက်မပြတ် မေးမြန်း၍ အကြီးအကဲများထံ တင်ပြနေကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

ယခု အမှုနှင့် အဓိက သက်ဆိုင်နေသည့် Wisdom Hill ပုဂ္ဂလိက ကျောင်းအုပ် ဦးပညာက အမှုနှင့် ပတ်သက်၍ ကျောင်းဘက်မှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ကျောင်းဘက်မှ ဝန်ထမ်းအပါအဝင် အမှုနှင့် ဆက်စပ်သည်ဟု ယူဆရသည့် လူ ၂၀ ခန့်ကို ဇွန်လ ၁၇ ရက်မှစ၍ ခေါ်ယူစစ်ဆေးပြီး ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က ဆရာမ၊ ယာဉ်မောင်းနှင့် ကျောင်းကြီးကြပ်ရေးမှူးတို့ကို ခေါ်ယူစစ်ဆေးပြီး ဖြစ်ကြောင်း၊ အမှုမှန် ပေါ်ပေါက်ရန်အတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်နေကြောင်း ဧရာဝတီသို့ ပြောကြားထားသည်။

၎င်းအမှုကို ဇွန်လ ၃ ရက်နေ့တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ (ပ) ၇၉/ ၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဇဗ္ဗူသီရိ မြို့မရဲစခန်းမှ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်

Your Thoughts …
Tags: Wisdom Hillနေပြည်တော်လိင်အကြမ်းဖက်
မိုးမိုး

မိုးမိုး

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.2k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.3k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
27.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

Next Post
နှစ်ဘက် တိုက်ပွဲများကြောင့် စစ်ရှောင်စခန်းတွင် လာရောက်ခိုလှုံနေကြသည့် ကျောက်တော် ဒေသခံများကို ယခုနှစ်ဆန်းက တွေ့ရစဉ်  / ကျော်ခ / ဧရာဝတီ

ရခိုင် ၃ မြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲ ပြင်းထန်

လျှပ်စစ် ဓာတ်အားပေး တိုင်များ / ဧရာဝတီ

လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.6k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate