• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မီတာခ တိုးမြှင့်မှု အပေါ် ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်နေ

by ထက်ခေါင်လင်း
2 July 2019
in သတင်း
A A
ယနေ့ မြောက်ဒဂုံမြို့နယ်တွင်ပြုလုပ်သည့် ဆန္ဒပြပွဲ / မျိုးမင်းစိုး / ဧရာဝတီ

ယနေ့ မြောက်ဒဂုံမြို့နယ်တွင်ပြုလုပ်သည့် ဆန္ဒပြပွဲ / မျိုးမင်းစိုး / ဧရာဝတီ

15.7k
VIEWS
Share on FacebookShare on Twitter

အစိုးရက လျှပ်စစ်မီတာခကို ပြည်သူလူထုကို အသိမပေးဘဲ မြင့်တက်လိုက်သည်ဟုဆိုကာ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ ဦးဆောင်ပြီး ယနေ့ညနေပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပါတီဝင် အများစုပါဝင်သည့် လူထုဆန္ဒ ထုတ်ဖော်ပွဲတွင် ပြည်သူ့ဆန္ဒမပါသော မီတာခတိုးမြှင့်မှု အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံခြင်း ချက်ချင်းရပ်၊ ပြည်သူ့ဆန္ဒအရေးပေးရေး ဒို့အရေးဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး လူ ၈၀ ကျော်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
37
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
226
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
1.6k

ယခုဆန္ဒထုတ်ဖော်ခြင်းသည် မိမိ၏ ပါတီနှင့်မဆိုင်ပဲ ပြည်သူလူထုကို ကိုယ်စားပြုခဲ့သူတဦးဖြစ်သည့်အတွက် မိမိကို တချိန်က မဲပေးခဲ့ကြသည့် ပြည်သူများ ကိုယ်စား ရှေ့ထွက်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဇာခြည်လင်းက ပြောသည်။

မိမိတို့ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်သည် အငြိမ်းစားဝန်ထမ်း အများစုနေထိုင်ကြသည့် မြို့နယ်ဖြစ် ကြောင်း၊ ပင်စင်လစာဖြင့် မှီတည် ရပ်တည်နေကြသူများ အနေဖြင့် ယခုလို လျှပ်စစ်မီတာခ မြင့်တက်ခြင်းကြောင့် နောက်ဆက်တွဲ ကုန်ဈေးနှုန်းအပြင် နေထိုင်စားသောက် ရပ်တည်မှု စရိတ်များ မြင့်တက်လာခြင်းကို ခံစားလာရပြီ ဖြစ်ကြောင်း သူကဆက်ပြောသည်။

ဒေါ်ဇာခြည်လင်းက “ကျမတို့နိုင်ငံမှာ လျှပ်စစ်နဲ့လုပ်တာ ဘာတခုမှ လွတ်ကင်းတာမရှိဘူး။ အခုဆို မိတ္တူကူးတာလေးက အစ ဈေးတက်လာပြီ။ အဝီစိတွင်းက ရေကို ဝယ်တာတောင်မှ အရင်က တစည်ကို ၇ဝဝ ကျပ်ကနေ အခု ၁၅ဝဝ ကျပ်ပေးရပြီ။ လျှပ်စစ်မီတာခ တိုးလာတဲ့အတွက် အကျိုးဆက်အဖြစ် တခြားကုန်ဈေးနှုန်းတွေ၊ စားစရိတ်တွေ တိုးလာပြီ။ ဒါကို အစိုးရသိစေ၊ ကြားစေဖို့အတွက် တောင်းဆိုတာ။ တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ပြောရတာ” ဟု ဆိုသည်။

ယနေ့အချိန်တွင် မိမိတို့ ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်ပြီး ပြုလုပ်နေသည်ဟု တချို့က ဝေဖန်နေကြသော်လည်း ပါတီများ၊ အရောင်အသွေးများကို ဖယ်ကာ ပြည်သူအားလုံး ယခုလိုအခက်အခဲကို ရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်း၊ အမျိုးသားရေး လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများဆိုသည်ထက် ပြည်သူအားလုံး ရင်ဆိုင်နေကြရသည်ကို စုပေါင်းကာ လူထုအားလုံး ခံစားနေကြရသည်ကို ဖြေရှင်းရမည်ဖြစ်ကြောင်း သူက ရှင်းပြသည်။

ထို့အပြင် ယခင်အချိန်က မိမိတို့ မိသားစု ၅ ဦးရှိသည့်အိမ်တွင် မိမိ၏ လခထဲမှ ကျပ် ၂ သိန်းပေးလျှင် လောက်ငှခဲ့သော်လည်း ယခုအချိန်တွင် အထွေထွေ အသုံးစရိတ်များတိုးမြင့်လာပြီဖြစ်သည့်အတွက် မလောက်ငှတော့ကြောင်း အဆိုပါ လူထုဆန္ဒထုတ်ဖော်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၁၅၅ ရပ်ကွက်မှ ကိုထက်က ဧရာဝတီသို့ ပြောသည်။

အဆိုပါပွဲတွင် ပါဝင်ခဲ့သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၂၈ ရပ်ကွက်မှ ဆိုင်ကယ် ကယ်ရီဆွဲသူ ကိုမိုးမိုးချစ်က “ကျနော်က ပါတီဝင်မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို လျှပ်စစ်မီတာခ မြင့်တက်ခြင်းရဲ့ နောက်ဆက် တွဲအကျိုးတွေကို ကျနော်တို့ အားလုံး ခံစားလာရပြီ။ အရင်က ကိုယ့်ဝင်ငွေနဲ့ လောက်ခဲ့တဲ့ အိမ်ဟာ အခုနောက်ပိုင်း အဲဒီဝင်ငွေသာ တိုးမလာတာ၊ ကုန်ကျစရိတ်က တိုးလာပြီ။ ဒါတောင် ပညာရေးအသုံးစရိတ်တွေ မပါသေးဘူးနော်။ အဲဒီအတွက် ကျနော်ဖြတ်သွားရင်းတွေ့လို့ ကိုယ့်ဆန္ဒနဲ့လည်း ကိုက်ညီလို့ ပူးပေါင်းပါဝင်တာ” ဟု ဆိုသည်။

လျှပ်စစ်မီတာခ တိုးမြှင့်လိုက်ခြင်းအပေါ် ပြည်ခိုင်ဖြိုးပါတီဝင်များမှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်မှုသည် ၂ ရက်အတွင်း ၄ မြို့နယ်အထိ ထုတ်ဖော်ခဲ့ကြပြီးဖြစ်သည်။

ယမန်နေ့က ပုဇွန်တောင်မြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယနေ့ ဇူလိုင် ၂ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် ဇူလိုင် ၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ရန်ကင်း၊တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံမြို့နယ်တို့တွင်လည်း လျှပ်စစ်မီတာခ မြင့်တက်ခြင်းအတွက် လူထုဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သူ ဦးစိုးမင်းသန့်က ပြောသည်။

ယနေ့ မြောက်ဒဂုံမြို့နယ်တွင်ပြုလုပ်သည့် ဆန္ဒပြပွဲ/မျိုးမင်းစိုး/ဧရာဝတီ

ဦးစိုးမင်းသန့်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပုဇွန်တောင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။

အစိုးရသည် လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သက်ပြီး မူလ ကောက်ခံနေသော နှုန်းထားမှာ အိမ်သုံးမီတာခများကို တယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ် နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးများ အတွက် တယူနစ် အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ် အထိ ကောက်ခံနေရာမှ နှုန်းထားသစ်တွင် တယူနစ် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ်သည့် အမျိုးအစားများ အတွက် တယူ နစ်လျှင် ၁၂၅ ကျပ် မှ ၁၈၀ ကျပ် အထိ အလွှာ အသီးသီးဖြင့် ပြောင်းလဲ တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်က ကြေညာထားသည်။

မီတာခနှုန်းထားများမြင့်တက်လာသည့်အတွက် ကုန်ဈေးနှုန်းအပြင် အခြားလုပ်ငန်းများတွင်လည်း ဈေးနှုန်းများ မြင့်တက်ကောက်ခံမှုများ ရှိလာသည်။

ဆက်စပ်ဖတ်ရှု့ရန်

လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ မင်းဘူးတွင် ဖွင့်လှစ်

Your Thoughts …
Tags: ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလူထုလျှပ်စစ်မီတာခ
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

by ဧရာဝတီ
19 December 2024
6.3k

မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံး စစ်ကောင်စီဘက်က ရပ်တည်ပြီး တတ်နိုင်သမျှ ထောက်ခံမှုပေးရမည်ဟု ဘူးလက်လှဆွေက ရေးသည်။

စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၁)

စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၁)

by ဗညားအောင်
29 January 2024
4k

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွားပြီး ပြောင်းပြန်လန်သွားသည်။

အာဃာတ နိုင်ငံရေး

အာဃာတ နိုင်ငံရေး

by မောင်ထင်
25 January 2025
930

နိုင်ငံရေး လောက၌ မစားဘဲ စွန့်သွားကြရရှာသူများ အကြားတွင် မစွန့်ဘဲ စားလိုသူတို့ ပေါများ လာလေသည်… အာဏာကို မူတည်၍ မကောင်း ကြံလာကြသောအခါ လုပ်ကြံမှုကြီးများ ပေါ်ပေါက်လာသည်…

အာဃာတ နိုင်ငံရေး (၂)

အာဃာတ နိုင်ငံရေး (၂)

by မောင်ထင်
1 February 2025
714

နိုင်ငံရေး၌ လူလည် လုပ်နေကြသော သူတို့သည် နိုင်ငံရေး အမြင် ရှိလာကြသည့် လူထုခေတ် ရောက်သော် ၎င်းတို့၏ နိုင်ငံရေးသမား ဘဝကို နိဂုံးကမ္ပတ် အဆုံးသတ်ကြရလိမ့်မည်။

စာရေးဆရာကြီး မောင်ထင်

ဖောက်သည်

by မောင်ထင်
15 July 2023
7.4k

မာန ဖုံးလွှမ်းလာသောအခါ အကျိုးအကြောင်း ဘာကိုမျှ မမြင်။ ပုန်းလျှိုး ကွယ်လျှိုး အလုပ်ကို ပြောင်ပြောင် တင်းတင်း လုပ်လာသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ၂၀၁၈ ခုနှစ်က ကချင်ပြည်နယ်တွင် စစ်သမီးများနှင့် တွေ့ဆုံစဉ်  / Office of the Commander-in-Chief

အမျိုးသမီးများကို စစ်မြေပြင်လွှတ်ရန် စစ်ကောင်စီ ကြံစည်

by ဧရာဝတီ
15 September 2022
16.7k

ထိခိုက်၊ သေဆုံး၊ ဘက်ပြောင်းမှုများကို အကြီးအကျယ် ရင်ဆိုင်နေရသော စစ်ကောင်စီသည် အမျိုးသမီးများကို စစ်မြေပြင်သို့ စေလွှတ်ရန် ပြင်ဆင်နေသည်။

Next Post
ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ)  /  ဧရာဝတီ

ဦးဝီရသူ အမှု လာမည့် ရုံးချိန်း သက်သေများ အပြီး စစ်ဖွယ်ရှိ

ကိုဇော်ဝင်းလှိုင်၏ ရုပ်အလောင်းအား စစ်တွေမြို့မှ မြောက်ဦးသို့ သယ်ယူစဉ်  / မင်းအောင်ခိုင်

ဖမ်းဆီးခံရသည့် မြောက်ဦး ဒေသခံများထဲမှ ၁ ဦး ထပ်မံသေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.1k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate