• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြန်လွှတ်လိုက်သည့် Wisidom Hill အမှု သံသယတရားခံ ရက်ပိုင်းအတွင်း ပြန်အဖမ်းခံရ

by မိုးမိုး
4 July 2019
in သတင်း
A A
ပိတ်ခံထားရသည့် Wisdom Hill မူကြိုကျောင်း / ထက်နိုင်ဇော်  / ဧရာဝတီ 

ပိတ်ခံထားရသည့် Wisdom Hill မူကြိုကျောင်း / ထက်နိုင်ဇော် / ဧရာဝတီ 

35.6k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်းတခုတွင် အသက် ၃ နှစ်မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှု တွင် မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း တရားစွဲတင်ရန် အထောက်အထား မခိုင်လုံဟု ဆိုကာ မကြာမီ ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးလိုက်သူအား ရဲတပ်ဖွဲ့က ယခုတဖန် ပြန်လည် ဖမ်းဆီး တရားစွဲဆိုလိုက်သည်။

ထိုသို့ ပြန်ဖမ်းခံရသည့် ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး( ခ) အောင်ကြီး ( အသက် ၃၀ နှစ်) အား ဒက္ခိဏခရိုင် တရားရုံးတွင် ယနေ့ ဇူလိုင် ၄ ရက်တွင် တရားစွဲဆိုတင်လိုက်ပြီး၊ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု ဒက္ခိဏ ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးညိုဌေးက သတင်းထောက်များအား ယနေ့ ညနေပိုင်းက ပြောကြားသည်။

RelatedPosts

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
96
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
81
Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
354

၎င်း က “ရဲကတော့ စုံစမ်းဖော်ထုတ်ပြီးတော့ တရားစွဲဆို တင်ပို့လာတာပေါ့။ ချုပ်ရက် ရမန်ယူသွားတာဆိုတော့ ကျနော်တို့ ဒီနေ့တော့ တရားစွဲဆို စတင်ပြီပေါ့။ ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ကို ကျနော်တို့ စတင် စစ်ဆေးသွားတော့မှာ” ဟု မီဒီယာများကို ပြောသည်။

အဆိုပါ တရားခံဟု ယူဆ၍ ပြန်လည် ဖမ်းဆီးလိုက်သည့် အောင်ကြီးဆိုသူသည် မေလ ၃၀ ရက်နေ့ကစပြီး CID မှ စတင်စစ်ဆေးမှုများ ပြုုလုပ်ခဲ့ပြီး ယမန်ကြီး ၂ ပါတ် ( ၂၈ရက်) အကြာတွင် ဇွန်လ ၂၄ ရက်နေ့က တရားစွဲဆိုရန် အထောက်အထား မခိုင်လုံသည့်အတွက် ပြန်လည် လွှတ်ပေးထားခဲ့ဖူးသူ ဖြစ်သည်။

အောင်ကြီးကို တရားရုံးဘက်မှ ခုခံချေပခွင့် အပြည့်အဝ ပေးထားကြောင်း၊ သက်ငယ်မု ဒိမ်းကိစ္စ ဖြစ်သည့် အတွက် ဒက္ခိံဏ ခရိုင်တရားရုံးမှ တိုက်ရိုက်ကိုင်တွယ်ခြင်း ဖြစ်ကြောင်း၊ ယနေ့ရောက်လာသည့် တရားခံကို ဖြစ်စဉ်အကျဉ်းကို ရှင်းပြပြီး အမှုနှင့် ပတ်သက်၍ ခုခံခွင့် အပြည့်အဝ ရရှိရန် အကျိုးဆောင် ငှားရမ်းမည် ဆိုပါက ငှားရမ်းနိုင်ကြောင်း၊ ရုံးချိန်းကို ယခုလ ၁၅ ရက်နေ့တွင် ချိန်းဆိုထားကြောင်း ဦးညိုဌေးက ဆိုသည်။

ခရိုင်တရားရုံးဘက်မှ တရားခံကို ရုံးတင်လိုက်ပြီဟု ပြောဆိုပြီးနောက်ပိုင်း နာရီပိုင်း အတွင်း CID ၏စစ်ဆေးမှုကို လူမှုကွန်ရက် စာမျက်နှာထက်တွင် ဝေဖန်မှုများ မြင့်တက် လာသည်ကို တွေ့ရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် ၁ မြို့မ ရဲစခန်းသို့ မေလ ၁၇ ရက်နေ့က မိခင်ဖြစ်သူ ကိုယ်တိုင် လာရောက် အမှုဖွင့်ကြောင်း၊ မင်္သကာဖွယ်ဟု ယူဆရသည့် အမျိုးသားတဦးအား မေလ ၃၀ ရက်နေ့ကစပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

လူအများစိတ်ဝင်စားနေသည့် အမှုကို အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်၏ ဖခင်ကိုယ် ရဲစခန်းတွင် CCTV မှတ်တမ်းကို တည လုံးထိုင် ကြည့်ခဲ့ခြင်းဖြစ်ကြောင်း၊ မေလ၁၈ ရက်နေ့တွင် CCTV တွင် ၃ နာရီ ၁၂ မိနစ်က အမျိုးသားတဦး သမီးလေးတို့ ကျောင်း ဆောင် ဘက်ကို အမျိုးသား တဦး ဝင်သွားကြောင်း၊ ၃ နာရီ ၃၈ မှာ ပြန်ထွက်သည့် ထူးခြားမှု့ကို တွေ့ခဲ့၍ ညပိုင်းတာဝန်ကျသည့် ရဲကိုပြော ပြခဲ့ ကြောင်း ဖခင်ဖြစ်သူက ဧရာဝတီသို့ ပြောကြားထားသည်။

ကလေးငယ်၏ ဖခင်ဖြစ်သူက “CCTV မှတ်တမ်းကို သမီးလေးကို ပြကြည့်တဲ့အခါမှာတော့ မီးမီးဖင်ဘုကို စိတ်တာ ဒီကိုကို ဆိုပြီးတော့ လက်ညိုးထိုးပြီး ပြဖူးတယ်။ ကျနော်တို့က အဲဒါကို ဗီဒီယို မှတ်တမ်းတင်ထားတယ်။ အဲဒါကို ကျနော်တို့က တင်ပြထားတယ်။ အဲဒီသက် သေတခုတည်းနဲ့ ဖမ်းတယ်လို့တော့ မထင်ဘူးဗျ။ တခြား ဒီထက် ပိုပြီး ခိုင်မာတဲ့ သက်သေတော့ ပြဖို့ လိုမယ်ထင်တယ်” ဟု ပြောသည်။

ပျဉ်းမနားမြို့ မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က အစပိုင်းတွင် ယာဉ်မောင်းဆိုသူကို ယမန်ကြီး ၂ ပတ်ယူ၍ စစ်ဆေးပြီး စစ်ဆေး တွေ့ရှိချက် မခိုင်လုံ သည့်အတွက် ပြန်လွတ်ပြီးမှ ယခု ပြန်လည် ဖမ်းဆီးလိုက်သည့်အတွက် သဘောထားမှာ ၂ မျိုးဖြစ်နေကြောင်း ဝေဖန်သည်။

“တရားလိုပြ သက်သေတွေ စစ်မယ်၊ စွဲချက်တင်မယ်။ စွဲချက်တင်ရင် Driver က ဟုတ်ပါတယ်။ ကျနော် အပြစ်ရှိပါတယ်လို့ ပြောရင် ဘာမှ ဆက်စစ်စရာ မရှိတော့ဘူး” ဟု အမှုသွား အမှုလာကို ပြောပြသည်။

ပြည်သူများက ယခုဖြစ်စဉ်တွင် ယာဉ်မောင်းဆိုသည်မှာ တရားခံ အစစ်မဟုတ်ဟု ယုံကြည်ပါက ယင်းအား အဖတ်ဆယ်သည့် နည်းဖြင့် စည်းရုံး၍ ရကြောင်း၊ ယာဉ်မောင်းဘက်မှ ရဲရဲရင်ဆိုင်ပါက အဖြစ်မှန်ကို ပေါ်ပေါက်နိုင်ကြောင်း၊ ယာဉ်မောင်း၏ အသက်ရွယ်မှာ ၃၀ ဝန်း ကျင်သာ ရှိသည့်အတွက် အဖတ်ဆယ်မည်ဆိုပါက ဆယ်၍ ရနိုင်ကြောင်း ဦးခင်မောင်ဇော်က ဆက်ပြောသည်။

ယခုဖမ်းဆီးထားသည့် ယာဉ်မောင်းမှာ Wisdom Hill ပုဂ္ဂလိက ကျောင်းမှ ကြီးကြပ်ရေးမှုး ဆရာမ၏ ကားမောင်းသည့် ယာဉ် မောင်းဖြစ် ကြောင်း၊ ကျောင်း၏ ဝန်ထမ်း မဟုတ်ကြောင်း Wisdom Hill ကျောင်းအုပ် ဦးပညာက ဧရာဝတီသို့ ပြောကြားထားသည်။

အဆိုပါ လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့လာပြီးနောက် သတင်းမီဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး CID ၏ စစ်ဆေး ပေါ်ပေါက်ချက်မှာ တရားခံ အစစ်အမှန်နှင့် မည် သည့်နေရာတွင် ဖြစ်ပွားခဲ့သည့်ဆိုသည့် အဖြေကို စိတ်ဝင်စားနေကြလျက် ရှိသည်။

ယင်းအမှုနှင့် ပတ်သက်၍ ခရိုင်တရားရုံးဘက်မှ နှစ်ဘက်စလုံးအား မျှမျှတတ နှင့် အမြန်ဆုံး အမှုမှန်ပေါ်ပေါက်စေရန်အတွက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဒုတိယ ခရိုင်တရားသူကြီး ဦးညိုဌေးက ဆိုသည်။

ထိုသို့ လူများ စိတ်ပါဝင်စားမှု မြင့်တက်လာသည့် ၎င်းအမှုကို ဇွန်လ ၃ ရက်နေ့တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ် သက်၍ (ပ) ၇၉/ ၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဇဗ္ဗူသီရိ မြို့မရဲစခန်းမှ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်

Wisdom Hill အမှု ဖော်ထုတ်ရန် မလွယ်ဟု CID ပြော

Wisdom Hill အပါအဝင် နေပြည်တော်က မူကြိုကျောင်းအချို့ အပိတ်ခံထားရ

Your Thoughts …
Tags: Justice for VictoriaWisdom Hillသံသယတရားခံ
မိုးမိုး

မိုးမိုး

...

Similar Picks:

နေပြည်တော် ကလေးငယ် အဓမ္မမှုအတွက် တရားမျှတမှု တောင်းဆိုကြသော ဆိုရှယ်မီဒီယာ ကန်ပိန်း စတစ်ကာ

နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်

by ဧရာဝတီ
30 June 2019
381.7k

နေပြည်တော်မှ Wisdom Hill အမှု မှ ကာယကံရှင် ကလေးငယ်၏ ဖခင်ကို ဧရာဝတီက ချည်းကပ်ခဲ့ရာ ဖြေကြားရန် သဘောတူခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက် ကလေးငယ်များ စိတ်ချလုံခြုံရေးနှင့် လိင်အမြတ်ထုတ်မှုအပေါ် ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ် / အောင်ကျော်ထက်

သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ

by ဇူးဇူး
6 July 2019
14.9k

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှု ရာခိုင်နှုန်း ၂၀၁၆ တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၆၄ ရာခိုင်နှုန်း၊ ၂၀၁၈ ဧပြီလထိ ၆၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ရာခိုင်နှုန်းများက သက်ငယ်...

Justice for Victoria ဆိုတဲ့ ဆိုရှယ်မီဒီယာ လှုံ့ဆော်မှုက ရက်ပေါင်း ၂၇ ရက်အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ လှုံ့ဆော်မှုကြီးတခု ဖြစ်လာခဲ့တယ်

ဗစ်တိုးရီးယားရဲ့ ဆိုရှယ်မီဒီယာ အစကို ဆွဲထုတ်ခြင်း

by မွန်မွန်မြတ်
11 July 2019
57.3k

Justice for Victoria ဆိုတဲ့ ဆိုရှယ်မီဒီယာ လှုံ့ဆော်မှုက ရက်ပေါင်း ၂၇ ရက်အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ လှုံ့ဆော်မှုကြီးတခု ဖြစ်သွားပါတယ်။ 

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရှင်းလင်းနေစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

ဗစ်တိုးရီးယား DNA စစ်ဆေးချက်ရလဒ် ဆေးရုံနှင့် CID ကွဲလွဲမှု ရှိနေ

by မိုးမိုး
20 December 2019
46.9k

ဗစ်တိုးရီးယား ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူထားပြီး စစ်ဆေးခဲ့သည့် DNA မှာ ဆေးရုံနှင့် မှုခင်းတပ်ဖွဲ့ (CID) တို့ကြား ကွဲလွဲမှုရှိနေကြောင်း သိရသည်။

Wisdom Hill ကျောင်း  / ထက်နိုင်ဇော် / ဧရာဝတီ

Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော

by မိုးမိုး
5 July 2019
32.1k

Wisdom Hill ပုဂ္ဂလိက ကျောင်းတွင် အသက် ၃ နှစ်မပြည့်သေးသည့် ကလေးငယ် မဖွယ်မရာ ပြုကျင့်ခံ ရ သည့် အမှုနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့် ကျောင်းဖြစ်သည့် အတွက် အရေးယူသွားမည်...

Wisdom Hill ကျောင်းတာဝန်ရှိသူတဦးဖြစ်သူ ဦးပညာ / ထက်နိုင်ဇော် / ဧရာဝတီ

သမီးလေးအတွက် ကျနော့်မှာ တာဝန်ရှိတယ်လို့ ဆိုတဲ့ Wisdom Hill ကျောင်းအုပ် ဦးပညာ

by ထက်နိုင်ဇော်
9 July 2019
84.6k

Wisdom Hill ကျောင်းမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးပညာက ဧရာဝတီ အပါအဝင် သတင်းဌာန ၅ ခုကို တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ပါသည်။ သို့သော် ရုပ်သံ ရိုက်ကူးခွင့် မပြုသေးသဖြင့် ဧရာဝတီ နေပြည် တော် သတင်းထောက်များ...

Next Post
--

နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးသူများ အရေး သူတို့ဘာပြောလဲ

Washington SyCip က ဖိလစ်ပိုင် စီးပွားရေးတွင် ကြီးကျယ်သော၊ ခိုင်မြဲသော အမွေအနှစ်တခုကို ချန်ထားခဲ့သည် / People Asia

ဖိလစ်ပိုင် စီးပွားရေးရဲ့ မဟာလူသား

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.8k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate