ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA)သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) အပါအဝင် တပ်မတော်၏ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ တို့ဖြင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲများကို နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အစိုးရ၏ NRPC ကိုယ်စားလှယ်များနှင့် ဇူလိုင်လ ၁၁ ရက် တွင် လည်းကောင်း၊ တပ်မတော်၏ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ဖြင့် ဇူလိုင် ၁၂ ရက်တွင်လည်း ကောင်း တွေ့ဆုံဆွေးနွေး သွားမည်ဟု RCSS ဘက်က ပြောဆိုသည်။
RCSS မှ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းက “ဆွေးနွေးရမယ့် အချက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဘယ် လို ဆက်မလဲပေါ့နော်။ တစ်ဆို့မှုတွေကို ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲ။ ဘယ်လိုကျော်လွှားပြီးတော့ ခရီးဆက်မ လဲပေါ့။ ဒါကတော့ NRPC နဲ့ ဆွေးနွေးမှာပါ”ဟု ပြောသည်။
ထို့အပြင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (ရှမ်းလူမျိုး အလိုက်) ကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး NRPC မှ ကိုယ်စား လှယ်များဖြင့် ဆွေးနွေးသွားရန်လည်း ရှိသကဲ့သို့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေး အဖွဲ့နှင့်မူ တပ်ပိုင်းဆိုင်ရာကိစ္စများကို အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း RCSS ဘက်က ဆိုသည်။
ဗိုလ်မှူးကြီး စိုင်းငင်းက “တပ်မတော်နဲ့ တွေ့တဲ့အခါကျတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေလောက်ပဲ ဆွေးနွေးမယ်၊ အရင် အစည်းအဝေးတွေမှာ မပြတ်သေးတဲ့ ကိစ္စတွေ ရှိသေးတယ်။ အဲဒီ ကိစ္စတွေပဲ ဆက်ပြီးတော့ ဆွေးနွေးဖို့ ရှိတာပေါ့နော်။ တတိယ အချက်ကတော့ ဒေသဖွံ့ဖြိုးရေး ကိစ္စလေးတွေ၊ အဲဒါတွေ ပြန်ပြီးတော့ ဆွေးနွေးဖို့ရှိတယ်” ဟု ဧရာဝတီကို ပြော သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမည့် အခြေအနေနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ကော်မရှင်(PC)မှ တာဝန်ရှိသူ တဦးကလည်း တွေ့ဆုံ ဆွေးနွေးမှု လုပ်ကြမည်မှာ မှန်ကန်ကြောင်း၊ မည်သည့် အကြောင်းအရာများကို ဆွေးနွေးမည်ကို မသိသေးကြောင်း ဆို သည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်မသိသေးဘူး၊ NRPC ကပဲ လုပ်တာဆိုတော့ ကျနော်ပဲ မသိတာနေမယ်။ ဘယ်လို အခြေအနေရှိတယ် ဆိုတာ သူတို့ပဲ မေးမှ သိမယ်။ ကျနော်က အဲဒါ မကြားမိလို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရ-တပ်မတော်မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည့် အစည်းအဝေးသို့ RCSS ဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ပေါင်ခေး ဦးဆောင်၍ ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ် မတ်လ ၁၁ ရက်က ဗိုလ်ချုပ် ပေါင်ခေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် NRPC မှ ကိုယ်စားလှယ်များ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များကို တွေ့ဆုံ ဆွေးနွေးထားကြသည်။
ထို့နောက် မတ်လ ၁၂ ရက်မှာ တပ်မတော် ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့တို့နှင့်လည်း RCSS ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဖမ်းဆီးခံထားရသော RCSS တပ်ဖွဲ့ဝင် ၃၁ ဦး ပြန်လည် လွတ်မြောက်လာရေး၊ နေရပ် စွန့်ခွာ တိမ်း ရှောင်သူများအရေး၊ ရှေ့ဆက် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အရေးကိစ္စများ၊ မူးယစ်ဆေးဝါး တိုက် ဖျက်ရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (ရှမ်းလူမျိုး အလိုက်) ကျင်းပနိုင်ရေး စသည့် ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း NRPC က မတ်လ ၁၁ ရက်၌ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ဆွေးနွေးပွဲသို့ NRPC အဖွဲ့ဝင်များ ဖြစ်သည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒု ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒု ဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေး ကော်မရှင်(PC) အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ တက်ရောက်ခဲ့သလို RCSS ဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် စဝ်ပေါင်ခေး၊ အတွင်း ရေးမှူး (၂) စိုင်းငင်း၊ ဦးဆောင်းဟန်၊ စိုင်းဟန်၊ စိုင်းဦး၊ ဦးဒေဝိန်၊ စိုင်းခမ်းစံ၊ ဦးစိဏ်းသျှဲန်မိုင် တို့ တက်ရောက်ခဲ့ကြသည်။
လက်ရှိတွင် ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် လက်ခံရေး အစိုးရ-တပ်မတော်ဘက်က အဆိုပြုမှု အပေါ် အဖြေမရှာနိုင်သေးဘဲ ဖြစ်နေသကဲ့သို့၊ တနှစ်(၂)ကြိမ် ခြောက်လ (၁)ကြိမ် ကျင်းပရန် သဘောတူထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး တနှစ်နီးပါး ကြာသည့် အထိ ဆက်လက် မကျင်းပနိုင်ဘဲ ဖြစ်နေခြင်း နှင့် RCSS မှ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)အစည်းအဝေးများ တက်ရောက်မှု ယာယီရပ်ဆိုင်းထားခြင်း စသည့် အခြေအနေများကြောင့် ငြိမ်းချမ်းရေး ရှေ့မတိုးနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
You may also like these stories:
ထိုင်း-မြန်မာ နယ်စပ်က ရှမ်းဒုက္ခသည် ၆၀၀၀ ကျော် ရိက္ခာအကူအညီ လိုအပ်နေ
ကချင် စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်ရန် သဘောတူညီမှုရ
ကျနော်တို့ Bilateral ပဲ လုပ်ချင်ပါတယ်
တပ်မတော်၊ RCSS နှင့် SSPP သုံးပွင့်ဆိုင် တွေ့ဆုံရန် ရက် မသတ်မှတ်နိုင်သေး