• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော

by မိုးမိုး
5 July 2019
in သတင်း
A A
Wisdom Hill ကျောင်း  / ထက်နိုင်ဇော် / ဧရာဝတီ

Wisdom Hill ကျောင်း / ထက်နိုင်ဇော် / ဧရာဝတီ

32.1k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကကျောင်းတွင် အသက် ၃ နှစ်မပြည့်သေးသည့် ကလေးငယ် မဖွယ်မရာ ပြုကျင့်ခံ ရ သည့် အမှုနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့် ကျောင်းဖြစ်သည့် အတွက် အရေးယူသွားမည်ဟု သမ္မတရုံးမှ ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဆိုသည်။

၎င်းက“ဒီကျောင်းသည် တရားဝင် ခွင့်ပြုချက် မရဘဲ ဖွင့်ထားတာဖြစ်တယ်။ ခွင့်ပြုချက်မရဘဲ ဖွင့်တဲ့ အတွက် အရေး ယူရမယ်။ အဲ့ဒီ လို ခွင့်ပြုချက် မရဘဲဖွင့် ထားတာကို မသိကျိုးကျွံ ပြုတဲ့ လူမှုဝန်ထမ်း က အရာရှိတွေကို ကျနော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကို ပြောထားပါတယ်။ ဖော်ထုတ်ပါ။ အရေးယူမယ်”ဟု ပြောသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
49
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
90
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
83

ယနေ့ နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ၂ ပတ်တကြိမ်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများကို အထက်ပါ အတိုင်း ပြောသည်။

Wisdom Hill တွင် မူကြိုကျောင်းအပြင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ရှိကြောင်း၊ အဆိုပါ ကျောင်းများကိုလည်း စည်းမျဉ်း၊ စည်းကမ်းနှင့် ကိုက်ညီမှု ရှိမရှိကို ပညာရေး ဝန်ကြီးဌာန သို့ သမ္မတ က ညွှန်ကြားချက် ပေးထားကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

Wisdom Hill မူကြိုကျောင်းသည် လက်ရှိတွင် ခွင့်ပြုချက် မရဘဲ ဖွင့်လှစ်ထားရှိသည့် အပြင် ကျောင်းတွင် ထိုသို့ လိင်အကြမ်းဖက် မှုဆိုင်ရာ ကိစ္စဖြစ်ပွားခဲ့သည့် အတွက် အဆိုပါကျောင်းကို ခွင့်ပြုချက် ပိတ်သိမ်းမည် ဖြစ်ကြောင်း လည်း ဦးဇော်ဌေးက ပြောသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါ ကျောင်းသူ ကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့် ခဲ့ခြင်း ဖြစ် သည်။

အဆိုပါ လိင်အကြမ်းဖက် ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့ လာပြီး နောက် သတင်းမီဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ရာ မှုခင်း တပ်ဖွဲ့(CID) ၏ စစ်ဆေး ချက်အရ Wisdom Hill ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးမှူး၏ကား မောင်းသူ အောင်ကြီးဖြစ်ပြီး ၎င်းကို ဇူလှိုင် ၄ ရက် နေ့က တရားစွဲတင်ခဲ့သည်။

ထိုကိစ္စ စတင်ဖြစ်ပွားချိန်က ကျောင်းဘက်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်နေက အဆိုပါ ဖြစ်စဉ်မှာ ကျောင်းတွင် ဖြစ်ပွားခဲ့ ခြင်း လုံးဝ မရှိကြောင်း၊ အာမခံကြောင်း Wisdom Hill မှ ဒုတိယ ကျောင်းအုပ် ဒေါ်ခိုင်သဇင်က သတင်းထောက်များကို ဖြေကြား ထားသည်။

လူမှုကွန်ရက် စာမျက်နှာတွင် စတင်ဖော်ပြခဲ့သူ ပိုးဖြူ အမည်ရှိ အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရား စွဲဆိုနိုင်ရန် စီစဉ်နေကြောင်းလည်း ဒေါ်ခိုင်သဇင်က မီဒီယာများသို့ အသိပေးခဲ့သည်။

ယခုကဲ့သို့ မူကြိုကျောင်းပိတ်သိမ်းခွင့်နှင့် ကျောင်းအပေါ် အရေးယူမည်ဆိုပါက ကျောင်းဘက်မှ မည်သို့ လုပ်ဆောင်မည် ကို သိရှိလို သဖြင့် Wisdom Hill မှကျောင်းအုပ် ဦးပညာကို ဖုန်းဆက်၍မေးမြန်းသော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိပေ။

နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ဇူလိုင် ၁ ရက်နေ့အထိ ပုဂ္ဂလိက မူကြိုကျောင်းနှင့် နေ့ကလေးထိန်းကျောင်း ၂၅ ကျောင်း တည်ထောင်ခွင့်ပြုမိန့် ပေးထားပြီးဖြစ်ကြောင်း၊ အချက်အလက် မပြည့်စုံသည့်အတွက် ပိတ်ထားသည့် ကျောင်း မှာ ၁၀ ကျောင်းရှိပြီး အဆိုပါ ကျောင်းတွင် လတ်တလော နာမည်ကြီးနေသည့် Wisdom Hill မူကြိုကျောင်းလည်း ပါဝင်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန မှ သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ ခရိုင်တရားရုံး ဘက်မှ နှစ်ဘက်စလုံးအား မျှမျှတတ နှင့် အမြန်ဆုံး အမှုမှန် ပေါ်ပေါက်စေရန် အတွက် စစ်ဆေး သွားမည် ဖြစ်ကြောင်း ဒက္ခိဏ ခရိုင် ဒုတိယ ခရိုင် တရားသူကြီး ဦးညိုဌေးက ဆိုသည်။

ထိုသို့ လူများ စိတ်ပါဝင်စားမှု မြင့်တက်လာသည့် အမှုကို ဇွန်လ ၃ ရက်နေ့တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှု နှင့် ပတ် သက် ၍ (ပ) ၇၉/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဇဗ္ဗူသီရိ မြို့မ ရဲစခန်းမှ သိရသည်။

Your Thoughts …
Tags: Wisdom Hillနေပြည်တော်မူကြိုကျောင်းလိင်အကြမ်းဖက်မှုသမ္မတရုံး
မိုးမိုး

မိုးမိုး

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.4k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.4k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.3k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
27.3k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု

NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု

by အသွင်သစ်
27 January 2025
26.1k

ဦးမဲခေါင်က မဝင်းဝင်းကို လိင်အကြမ်းဖက်မှုလုပ်တယ်ဆိုတဲ့ သတင်းဟာ အခုမှ ပထမဆုံးအကြိမ် ထွက်ပေါ်လာတာတော့ မဟုတ်ပါဘူး။

Next Post
မန္တလေးမြို့တွင် ဇူလိုင် ၅ ရက်နေ့က ပြုလုပ်သော NLD ပါတီ၊ လွှတ်တော် နှင့် အစိုးရ သုံးပွင့်ဆိုင် တွေ့ဆုံပွဲ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

NLD ပါတီဝင် အချင်းချင်း တိုင်ကြားမှုများလာဟု ဒေါက်တာ ဇော်မြင့်မောင် ပြော

မြန်မာ့စီးပွားရေး တိုးတက်မှုသည် မကြာသေးမီ နှစ်များအတွင်းတွင်မူ ဖျော့တော့သည့် လက္ခဏာများ ပြသလာသည် / Getty Images

မြန်မာ့စီးပွားရေး အလားအလာ အပြည့်အ၀ အကောင်အထည် ပေါ်လာမည်လော

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate