• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

AA ခေါင်းဆောင်များကို ဖမ်း၊ မဖမ်း အစိုးရကိုသာ မေးရန် တပ်မတော် ပြော

by ထက်နိုင်ဇော်
10 July 2019
in သတင်း
A A
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း / ထက်နိုင်ဇော် / ဧရာဝတီ

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း / ထက်နိုင်ဇော် / ဧရာဝတီ

40.9k
VIEWS
Share on FacebookShare on Twitter

အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲ ခံထားရသည့် ရက္ခိုင့် တပ်မတော် (AA) ခေါင်းဆောင်များကို ဖမ်း၊ မဖမ်း ဆိုသည်မှာ မူဝါဒ ဆိုင်ရာ မေးခွန်း ဖြစ်သဖြင့် အစိုးရက ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ် ရေး ဗဟိုဌာန (NRPC)ကို မေးမှသာ ပြည့်စုံလိမ့်မည်ဟု တပ်မတော်  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

AA အဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန် နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး တဦးက အမှုဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
455
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.4k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.9k

“သူတို့ကို ဖမ်း၊ မဖမ်း၊ တရားစွဲ၊ မစွဲ ဆိုတာကတော့ မူဝါဒဆိုင်ရာ မေးခွန်းဖြစ်တယ်။ အဲဒီမေးခွန်းကိုတော့ ကျနော်တို့လည်း မဖြေနိုင်ဘူး။ ဒီဟာသည် ငြိမ်းချမ်းရေးကို ဦးဆောင်ပြီး လုပ်နေတဲ့ NRPC ကို မေးမှ ပြည့်စုံမယ်။ NRPC မှာ ရှိနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မူဝါဒကတော့ အသေးစိတ် ကျနော်တို့လည်း မသိဘူး”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

သို့သော် ယခု အမှုသည် ရာဇဝတ်ဆိုင်ရာ အမှုဟု ယူဆသဖြင့် ယင်းအမှုများသည် ပျောက်ပျက်သွားသည့် ထုံးစံ မရှိကြောင်း၊ အကြမ်းဖက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ရွာသားတချို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခြင်း များ ဆောင်ရွက်ပြီး ရဲတပ်ဖွဲ့သို့ တရားရုံးတင်နိုင်ရန် တင်ပို့ခဲ့ကြောင်း၊ ယင်းရွာသားများကို စစ်ဆေးပြီးနောက် ယခုလို AA ခေါင်းဆောင်များကို ရဲတပ်ဖွဲ့ က တရားစွဲသည့် ကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အဲဒီစစ်ချက်တွေမှာ မသင်္ကာတဲ့ သူတွေကို စစ်ဆေးလိုက်တဲ့ အခါမှာ သူတို့ကို ဘယ်သူက ခိုင်းတယ်။ ဘာကြောင့် ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်ဆိုတဲ့ ထွက်ချက်တွေ ပေါ်လာတဲ့ အခါ ဆက်စပ်တရားခံ ရှိလာလိမ့်မယ်။ အဲဒီ ဆက်စပ် တရားခံတွေကို တရား ဥပဒေအရ တရားစွဲရမှာ။ မစွဲလို့ မရဘူး။ သူတို့ရဲ့ သက်သေခံချက်တွေကို လျစ်လျူရှု့ ထားလို့ မရဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။

AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကမူ တဖက်တွင် တရားစွဲထားပြီး တဖက်တွင် ငြိမ်းချမ်းရေး စားပွဲဝိုင်းကို လာပါဟု ဖိတ်ခေါ်ခြင်း သည် ရေတဖက်၊ မီးတဖက် လုပ်ဆောင်နေခြင်း ဖြစ်၍ ရှေ့ဆက်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယခု တရားစွဲခံရမှုက အနှောက်အယှက်၊ အတားအဆီး ဖြစ်စေကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ AA က ခေါင်းဆောင်တွေကို တရားစွဲတယ်ဆိုတဲ့ နေရာမှာ တဖက်မှာ ပြောမယ်ဆိုရင် ရခိုင်ပြည်သူလူထု တရပ်လုံးက လက်ခံ အသိအမှတ်ပြုထားတဲ့ တန်ဖိုးထား လေးစားတဲ့ ခေါင်းဆောင်တွေကို အခုလို တရားစွဲတာဟာ ရခိုင်ပြည်သူ တရပ်လုံးကို စော်ကားရာ ရောက်တာပဲ”ဟု ခိုင်သုခက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရဘက်မှ သဘောထားကို သိရှိနိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန တာဝန်ရှိသူတချို့ ထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။

ရခိုင်အရေး စောင့်ကြည့်သူ ဦးမောင်မောင်စိုးကလည်း “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်လာရင် ဒီလူတွေနဲ့ ဘယ်လို ဆွေးနွေးမလဲ ဆိုတဲ့ ပြဿနာ တက်သွားမှာပေါ့။ ဒီလူတွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလာရင် ဘယ်သူ အာမခံချက်ပေးမလဲ ဆိုတဲ့ ပြဿနာ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရက AA အဖွဲ့ကို နေပြည်တော် အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုများ မရရှိခဲ့သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆို ထားသည်။

ထို့ပြင် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ကြား တွေ့ဆုံညှိနှိုင်းနိုင်ရေးမှာ တွေ့ဆုံ မည့် နေရာ ညှိနှိုင်း၍ မရသေးသဖြင့် ယနေ့အချိန်ထိ တရားဝင် တွေ့ဆုံနိုင်ခြင်း မရှိသေးသလို တိုက်ပွဲများမှာလည်း ရခိုင် မြောက်ပိုင်းတွင် ဆက်တိုက် ဖြစ်နေဆဲ ဖြစ်သည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “နံပါတ် ၁ အချက်ကတော့ အခုလို တရားစွဲတာ နောက်တောင် ကျနေသေးတယ်။ နောက် တောင်ကျနေသေးတယ်လို့ ပြောတာက ရခိုင်မှာ ရဲကင်းစခန်းတွေ စပြီး တိုက်ခိုက်ခံရကတည်းက တရားစွဲစေချင်တာ”ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်း ၄ ခုသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရခြင်းကို ၎င်းက ဆိုလိုခြင်း၊ ယင်းစခန်းများသည် စစ်ရေး၊ စစ်ရာများနှင့် ပတ်သက်သည့် စခန်းများ မဟုတ်ကြောင်း၊ ယင်းနေရာတွင် တိုင်းရင်းသား လူနည်းစုကို အကာအကွယ်ပေးသည့် နယ်မြေ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်ပေးသည့် စခန်းများ ဖြစ်ကြောင်း သိရသည်။

“ပြီးရင် ဝန်ကြီးချုပ် ယာဉ်တန်းကို မိုင်းခွဲခဲ့တယ်။ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်မှာ တပ်က ယာဉ်တန်းကို တိုက်ခိုက်တာကို မပြောဘူး။ ခရီးသည်တင် ကားတစီး မိုင်းထိခဲ့တယ်။ အရပ်ဘက်ကို တိုက်ခိုက်ခဲ့တာ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် တပ်မတော်၏ ဒုတိယ အပစ်ရပ်ကာလအတွင်း အစိုးရ၊ NRPC က မြောက်ပိုင်း မဟာမိတ်များနှင့် တွေ့ ဆုံနိုင်ရေး ကြိုးစားခဲ့သော်လည်း AA အဖွဲ့ ၏ အကြောင်းအမျိုးမျိုးပြ ကန့်လန့်ခံမှုကြောင့် မတွေ့ ဆုံနိုင်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က စွပ်စွဲ ပြောဆိုသည်။

“ကန့်လန့်ခံနေတာ AA ပဲ။ အဲဒီကတည်းက အမျိုးမျိုးအကြောင်းပြနေတာ။ အခုလို တရားစွဲတာတွေလည်း မရှိသေးဘူး။ တပ်ကလည်း မှဲ့ တပေါက် မစွန်းစေရဘူးလို့ အာမခံတာလည်း အကြောင်းပြနေတာပဲ။ အခုချိန်မှာတော့ အကြောင်းပြချက် ပိုများသွားတာ ပေါ့”ဟု ယင်းတပ်မတော် တာဝန်ရှိသူက ပြောသည်။

သို့သော် တပ်မတော်၏ အပစ်ရပ်ကာလ သက်တမ်းတိုးသည့် ဒေသများတွင် AA အဖွဲ့ ထိန်းချုပ်ထားသည့် ရခိုင် မြောက်ပိုင်းဒေသ မပါဝင်ခဲ့ပါ။ အစိုးရနှင့် တပ်မတော်ကမူ ယင်းနေရာများသည် အဖြူရောင် နယ်မြေဖြစ်ခြင်းနှင့် ARSA အဖွဲ့ ရှိနေခြင်းတို့ကြောင့်ဟု အကြောင်းပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ယခုအခါ စစ်ဘေး ရှောင် ပြည်သူ ၄ သောင်း နီးပါးအထိ များလာပြီ ဖြစ်သည်။

ရခိုင်တွင် ယခုလို တိုက်ပွဲများ ဆက်ဖြစ်နေပါက ဒုက္ခသည် အရေအတွက်က ပိုမို တိုးလာနိုင်ပြီး ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသည့် ကလေးများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် နှောင့်နှေး ကြန့်ကြာလာလိမ့်မည် ဖြစ်သလို အစိုးရနှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင်လည်း အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

သွေးထွက်များလာနေသော ရခိုင်စစ်ပွဲ

စစ်ပွဲကြားက AA ရဲ့ အိပ်မက်

Your Thoughts …
Tags: AAငြိမ်းချမ်းရေးတပ်မတော်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
"Wife Carrying Championship" ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ ဇနီးမောင်နှံ

ဇနီးသည်ရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာတွေ ဆုအဖြစ်ပေးတဲ့ "Wife Carrying Championship"

စီစဉ်သူ မအေးအေးဝင်း  /  ဝေဝေနှင်း / ဧရာဝတီ

မအေးအေးဝင်း စီစဉ်မှုနဲ့ သရုပ်ဆောင် မိုးအောင်ရင် ရုပ်ရှင် ပြန်ရိုက်တော့မည်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate