• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်ပြယ်ရန် လုပ်ဆောင်နေသူများ ရှိဟု NRPC ပြော

by ထက်နိုင်ဇော်
11 July 2019
in သတင်း
A A
ယနေ့ ဆွေးနွေးပွဲတွင် တွေ့ရသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒု ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း  / ထက်နိုင်ဇော် / ဧရာဝတီ

ယနေ့ ဆွေးနွေးပွဲတွင် တွေ့ရသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒု ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း / ထက်နိုင်ဇော် / ဧရာဝတီ

8.1k
VIEWS
Share on FacebookShare on Twitter

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လမ်း ကြောင်း မှန်မှ သွေဖည်သွားပြီး ပျက်ပြယ်ရန် လုပ်ဆောင်နေသူများ ရှိကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒု ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

ယနေ့ နေပြည်တော်ရှိ NRPC ရုံး၌ ပြုလုပ်သည့် အစိုးရ၊ တပ်မတော်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) တို့ကြား တွေ့ဆုံပွဲ အဖွင့် အမှာစကားတွင် အစိုးရ၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါက်တာ တင်မျိုးဝင်း က ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
26
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
152
မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
104

၎င်းက“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဘုံပိုင်ဆိုင်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လမ်း ကြောင်းမှန်ကနေပြီးတော့ သွေဖီသွားအောင်၊ ပျက်ပြယ်သွားအောင် ဆိုပြီးတော့ လုပ်ဆောင်နေ တဲ့ လူတွေကတော့ ရှိနေပါတယ်။ နောင်လည်း ရှိနေဦးမှာပါပဲ”ဟု ပြောသည်။

သို့သော် မိမိတို့ အချင်းချင်းကြား ပိုပြီး ယုံကြည်မှုများ ခိုင်မာလာရေး တည်ဆောက်နိုင်ပြီ ဖြစ်သည့်အတွက် ယခု ပြဿနာ များကို ကျော်လွှား အောင်မြင်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း၊ အစိုးရဘက်က ဆောင်ရွက် ပေးနိုင် မည့် ကိစ္စရပ်များ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း ပြောကြားပေးစေလိုကြောင်းလည်း ၎င်းက ပြောဆိုသည်။

RCSS ဘက်ကမူ နေရာတချို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံး ပါဝင်လာရေးကို ဝိုင်းဝန်း နည်းလမ်းရှာရမည် ဖြစ်သလို တဖက်တွင် အစိုးရတရပ်၏ သက်တမ်းသည် အချိန်ကန့်သတ် မှု ရှိသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်ရန် လိုအပ်ကြောင်း ပြော သည်။

RCSS ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ပေါင်ခေးက“၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းနဲ့ ဖက်ဒရယ် တည်ဆောက်ရေး လုပ်ငန်းစဉ်တို့ကို တိကျတဲ့ အစီအစဉ်၊ အချိန်ဇယား ချမှတ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါမှသာ မိမိတို့ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တဆင့်ပြီးတဆင့် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်”ဟု ယနေ့ တွေ့ဆုံပွဲတွင် ပြောကြားသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်က နေပြည်တော်တွင် NRPC နှင့် RCSS/SSA တို့ကြား တွေ့ဆုံခြင်း၏ ရလဒ် အဖြစ် အကျဉ်းကျခံ၊ အဖမ်းဆီးခံ RCSS တပ်ဖွဲ့ဝင်များနှင့် ကျေးလက်ပြည်သူ စုစုပေါင်း ၃၀ ခန့်ကို လွှတ်ပေးလိုက် သည့် အတွက် အစိုးရကို ကျေးဇူး တင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယနေ့ အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံ ညီလာခံ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၊ တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အပြန်အလှန် အကျေအလည် ဆွေးနွေးကြပြီး ငြိမ်းချမ်းရေးခရီး ရှေ့ဆက်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း RCSS ဘက်က အကြံပြုခဲ့သည်။

ထို့ပြင် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ အတွက် မုံးထဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လွယ်တိုင်းလျန်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များ၊ စာသင်ကျောင်းနှင့် ကျေးလက် ဆေးပေးခန်း ဆောက်လုပ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ အကျဉ်းကျနေသေးသည့် RCSS တပ်ဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်ရေး ဆိုင်ရာများကို ယနေ့ ဆွေးနွေးကြမည်ဟု သိရသည်။

၂၀၁၉ ခုနှစ် ဇွန်လ ၁၃၊ ၁၄ ရက်များက ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အလွတ်သဘော ဆွေးနွေးပွဲတွင် အစိုးရဘက်က ကမ်းလှမ်းထားသည့် တချိန်တည်း တပြိုင်တည်း လျှောက်လှမ်းရမယ့် လမ်းကြောင်း ၄ ခု အပေါ်တွင် RCSS ၏သဘောထားကို ယနေ့ ထည့်သွင်း ဆွေးနွေးပေးရန် အစိုးရ ဘက်က အဆိုပြုခဲ့သည်။

သို့သော် ယင်းလမ်းကြောင်း ၄ ခုကိုမူ မသိရှိရသေးပါ။

RCSS ဘက်က ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးများ တက်ရောက်မှု ယာယီ ရပ်ဆိုင်း ထားခြင်းကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မဆက်နိုင်ဘဲ ဖြစ်နေရသည်။

လက်ရှိတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဓိက ရပ်တန့်နေရသည့် ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် လက်ခံရေး အစိုးရနှင့် တပ်မတော်ဘက်က အဆိုပြုမှုအပေါ် အဖြေမရှာနိုင်သေးသလို ၆ လ တကြိမ် ကျင်းပမည်ဟု သဘောတူထားသည့် ၂၁ ပင်လုံ ညီလာခံမှာလည်း ၁ နှစ်ကျော် ကြာမြင့်သည့် အချိန် အထိ ဆက်လက် ကျင်းပ နိုင် ခြင်း မရှိသေးပါ။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲတွင် RCSS နှင့် တပ်မတော်ကြား၂၀၁၈ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာ လ အထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသလို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း RCSS သည် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုရှိသည်။

RCSS သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင်တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးပြီး နောက်ပိုင်း တပ်မတော်နှင့် RCSS ကြား တိုက်ပွဲ အကြိမ် ၈၀ ထက် မနည်း ဖြစ်ပွားထားကြောင်း သိရသည်။

Your Thoughts …
Tags: ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂ နှစ်နီးပါး ကြာမြင့်လာသည့်အခါ မြန်မာလူထု၏ ရုန်းကန်မှု၊ စွန့်လွှတ်စွန့်စားမှုတို့နှင့်အတူ နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို အမေရိကန်က အသိမှတ်ပြုလာခဲ့သည်

အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး

by သက်ထားမောင်
24 February 2023
8.4k

အမေရိကန်တို့သည် စစ်တပ်အာဏာသိမ်းပြီးကတည်းက နွေဦးတော်လှန်ရေးကို ထောက်ခံသည် ဆိုသော်ငြားလည်း လက်တွေ့ထောက်ခံမှုက အားနည်းခဲ့၏။

၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း နေပြည်တော်မှာ ပထမအကြိမ် ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ / ဧရာဝတီ

ကြားလူပျောက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

by အောင်နိုင်ဦး
4 July 2019
5.7k

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်နေမှုအတွက် ပြဿနာ အစစ်မှာ ၂ ဘက် ညှိပေးနိုင်သော ကြားခံလူ ကင်းမဲ့နေခြင်းသာ။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ဆိုက်ရောက်နေသည်မှာ တနှစ်ကျော် ရှိခဲ့ပြီ / ဧရာဝတီ

စိန်ခေါ်မှုတွေ များတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် – ၁

by မောင်မောင်စိုး
15 November 2018
6.6k

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ဆိုက်ရောက်နေသည်မှာ တနှစ်ကျော် ရှိခဲ့ပြီ

၂၁ ပင်လုံ ဒုတိယ အစည်းအဝေးတွင် တွေ့ရသော FPNCC အဖွဲ့ဝင်များ / မျိုးမင်းစိုး / ဧရာဝတီ

အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးရေး သဘောထားကွဲ

by ကျော်ခ
27 October 2017
13k

အစိုးရနှင့် တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ညှိနှိုင်းနေသည်မှာ နှစ်ဝက်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း တွေ့ဆုံဆွေးနွေးရေး ကိစ္စမှာပင် သဘောထား ကွဲလွဲနေပြီး ရှေ့မဆက်နိုင်ဘဲ ဖြစ်နေကြောင်း

တိုင်းရင်းသား ပြည်နယ်တိုင်း လိုလိုတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသည် / Reuters

စိန်ခေါ်မှုတွေ များတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် – ၂

by မောင်မောင်စိုး
17 November 2018
9.7k

စံအိပ်မက်နှင့် လက်တွေ့ အရှိတရားကြား ကွာခြားမှုကို သတိပြု ဆုပ်ကိုင်ရန် လိုအပ်သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း အစည်းအဝေးတခုတွင်  မြင်ရသော တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန် / ဧရာဝတီ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်အခန်းကဏ္ဍ ပိုမိုကြီးထွားလာနိုင်

by လဝီဝမ်
22 December 2018
17.3k

နယ်စပ်တလျှောက် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည်ဟု တရုတ်အစိုးရက ယုံကြည်နေသည်။

Next Post
ခေတ်စမ်းစာပေကို ဦးဆောင်သူတစ်ဦးဖြစ်ခဲ့တဲ့ ဆရာဇော်ဂျီ

မြန်မာစာပေ လောကအပေါ်မှာ သြဇာကြီးမားသူ ဆရာဇော်ဂျီ

ဝါရင့် အဆိုတော်နဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗို  / ချစ်ပိုး / ဧရာဝတီ

"သက်ငယ်မုဒိမ်းကို သေဒဏ်ပေးရင် ဖြစ်လာမယ့် ဆိုးကျိုးက ပိုများမယ်"လို့ ထွန်းအိန္ဒြာဗို ပြော

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate