• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သပိတ်ကျင်းတွင် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်ဟု မိုးဇလ သတိပေး

by သဇင်လှိုင်
16 July 2019
in သတင်း
A A
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေကြီးနေသည့်မြင်ကွင်း / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေကြီးနေသည့်မြင်ကွင်း / မင်းအောင်ခိုင် / ဧရာဝတီ

7.3k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီမြစ်ရေသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အခြေအနေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးသည်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က “ဒီနေ့ သပိတ်ကျင်းကနည်းနည်း စတက်လာပြီ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်တဲ့အနေအထားရှိတယ်။ ကသာအောက်မှာ သပိတ်ကျင်းဆိုတော့ ဘယ်လောက်လောက်ပဲ လိုတော့သလဲဆိုတော့ ၆၇ စင်တီမီတာလောက်ပဲ လိုတော့တယ်။ အပေါ်ကရေက ကျလာတဲ့အနေအထား မျိုးဆိုတော့ စိုးရိမ်ရေမှတ်ရောက်နိုင်တဲ့ အနေအထားမျိုးရှိတယ်။ မြစ်ကြောင်းလည်း နည်းနည်းကျဉ်းတော့ ရေတက်မြန်တယ်”ဟု ပြောသည်။

RelatedPosts

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

18 June 2025
112
စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

18 June 2025
48
သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

18 June 2025
115

ကသာမြို့တွင်လည်း မြစ်ရေမှာ တနာရီလျှင် ၁ စင်တီမီတာနှုန်း မြင့်တက်နေဆဲဖြစ်ကာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံသည့် ညောင်ဦးမြို့နှင့် ပခုက္ကူမြို့တို့တွင်လည်း စိုးရိမ်ရေမှတ်ကျော်နိုင်သည့် အခြေအနေရှိကြောင်း မိုး/ဇလ မှသိရသည်။

ထို့ပြင် စိုးရိမ်ရေမှတ် ရောက်ရှိရန် လိုသေးသော်လည်း တရက်လျှင် တပေခွဲခန့် မြစ်ရေမြင့်တက်လာလျက်ရှိသည့် ဟင်္သာတနှင့် ဇလွန်တို့သည်လည်း မြစ်ရေကြီးမှု အခြေအနေကို သတိထားရန်လည်း မိုး/ဇလ က တိုက်တွန်းသည်။ 

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဆင်ဘို၊ ဝိုင်းမော်၊ တနိုင်း၊ ဆော့လော်၊ ဗန်းမော်၊ ရွှေကူမြို့နယ်များ၌ အိမ်ထောင်စု ၂၈၀၀ ကျော်၊ လူဦးရေ ၁၄၀၀၀ ဦးကျော်တို့အား ယာယီ ရေဘေးရှောင်စခန်း ၂၀ ကျော်နှင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ထားကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဗန်းမော် မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း က “ရေတော့ နည်းနည်းကျသွားပြီ။ ရေဝင်တဲ့ အိမ်ထောင်စုပေါင်းက အိမ်ခြေ ၁၃၀၀ လောက်ရှိတယ်။ လူဦးရေက ၄၈၀၀ လောက်ရှိတယ်။ ၈ ရက် ၉ လောက် ကတည်းက ရေစလာတာပဲ ရေမြုပ်တဲ့ ကျောင်း ၁၈ ကျောင်း ပိတ်ထားတယ် ဗန်းမော်၊ မန္တလေးကားလမ်းက ၃ နေရာမှာပေါ့ ရေက ၅ပေ ၆ ပေလောက်ရှိတယ်။ အဲဒီတော့ ဗန်းမော် မန္တလေး ကားလမ်းက ပြတ်တဲ့ သဘောရှိတယ်။ သို့သော်လည်းပဲ ရှပ်ပြေးနဲ့ ခရီးသည်တွေကိုကဲ့ပေးနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့နယ်များ၌ အိမ်ထောင်စု ၁၄၀၀ ကျော်၊ လူဦးရေ ၇၆၀၀ ဦးကျော်တို့အား ယာယီရေဘေးရှောင်နေရာ ၅၀ ကျော်သို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခန္တီး၊ ကသာ၊ ထီးချိုင့်မြို့နယ်များ၌ အိမ်ထောင်စု ၂၆၀ ကျော်၊ လူဦးရေ ၁၃၀၀ ဦး ကျော်တို့အား ယာယီရေဘေးရှောင်စခန်း ၉ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌လည်း အိမ်ထောင်စု ၃၄၀ ကျော်၊ လူဦးရေ ၁၇၀၀ ဦးကျော်တို့အား ယာယီရေဘေးရှောင်စခန်း ၄ ခုသို့  ပြောင်းရွှေ့ထားရကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

လက်တလောတွင်လည်း ဧရာဝတီမြစ်တလျောက်တွင် ဗန်းမော်၊ ကသာ၊ ရွှေကူမြို့တို့မှာ စိုးရိမ်ရေမှတ်ကျော်နေဆဲဖြစ်ပြီး ချင်းတွင်းမြစ်တွင် ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော်တွင် ရှိနေဆဲဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

သို့သော်လည်း မိုးရွာသွန်းမှု အနည်းငယ်တန့်သွားသဖြင့် ဧရာဝတီမြစ်အထက်ပိုင်းရှိ မြို့များတွင် ရေပြန်လည် ကျဆင်းစပြုနေပြီဖြစ်ပြီး ဧရာဝတီမြစ်တလျောက် သပိတ်ကျင်း၊ ညောင်ဦး၊ ပခုက္ကူ၊ ဟင်္သာတ၊ ဇလွန်မှ အပ အခြားမြို့များတွင် စိုးရိမ်ရေမှတ်ရောက်ရှိမည့် အခြေအနေ မရှိသေးကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

You may also like these stories:

ရန်ကုန်မြို့၌ စက်တင်ဘာလ အတွင်း ထူးကဲဒီရေ တက်ဦးမည်

ရခိုင်မြောက်ပိုင်း ရေကြီးမှု ဒေသခံ ၉ ထောင် ကျော် ရေဘေးသင့်နေ

Your Thoughts …
Tags: စိုးရိမ်ရေမှတ်မိုး/ဇလမြစ်ရေကြီးမှုသပိတ်ကျင်း
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

KIA တပ်မဟာသစ် သပိတ်ကျင်းနယ်မှ တွင်းငယ်ရဲစခန်း သိမ်းပိုက်

KIA တပ်မဟာသစ် သပိတ်ကျင်းနယ်မှ တွင်းငယ်ရဲစခန်း သိမ်းပိုက်

by ဧရာဝတီ
26 July 2024
3.2k

တွင်းငယ်ရွာရဲစခန်းသည် သပိတ်ကျင်းမြို့နယ်၊ မန္တလေး-ဗန်းမော်လမ်းမကြီးမှ မိုးမိတ်မြို့သို့ ဆက်သွယ်ထားသည့် လမ်းဆုံရှိ စခန်းဖြစ်၍ အရေးပါသည့်နေရာတခုဖြစ်သည်

ဗန်းမော်သို့ တက်လာသည့် စစ်ကောင်စီသင်္ဘောများ အတိုက်ခံရ

ဗန်းမော်သို့ တက်လာသည့် စစ်ကောင်စီသင်္ဘောများ အတိုက်ခံရ

by ဧရာဝတီ
1 August 2023
2.8k

ဧရာဝတီမြစ်တလျှောက်ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၉ စီးကို ပြီးခဲ့သည့် ဇူလိုင်၂၇ နှင့်၂၈ ရက်တို့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သင်္ဘော၂ စီး ပျက်စီးခဲ့သည့် အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိ

စဥ့်ကူးမှာ ဒုဗိုလ်မှူးကြီးနဲ့ စစ်သားတွေ အရှင်ဖမ်းမိ (ရုပ်/သံ)

စဥ့်ကူးမှာ ဒုဗိုလ်မှူးကြီးနဲ့ စစ်သားတွေ အရှင်ဖမ်းမိ (ရုပ်/သံ)

by ဘုန်းအောင်
9 July 2024
2.4k

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၅ ခုထပ်မံသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် စစ်ကောင်စီတပ်သား (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောပါတယ်။

အပူရှိန်မြင့်ခြင်းကြောင့် သေဆုံးမှုများ ရှိလာ

အပူရှိန်မြင့်ခြင်းကြောင့် သေဆုံးမှုများ ရှိလာ

by မိအိသဉ္ဇာမြင့်
8 April 2024
2.1k

အပူရှိန်မြင့်တက်မှုကြောင့် သတိလစ်မေ့မြောသူများမှာ အသက် ၄၀ မှ ၅၀ ကြား အမျိုးသားအများဆုံး ဖြစ်ပြီး နေ့စဉ်ဆေးရုံသို့ ပို့ဆောင်ပေးရမှုများရှိနေပြီး တချို့မှာနေရာမှာတင် သေဆုံး

တကောင်းမြို့အနီး စစ်ကြောင်းထိုး၊ လူ ၅ ထောင်ကျော် တိမ်းရှောင်ရ

တကောင်းမြို့အနီး စစ်ကြောင်းထိုး၊ လူ ၅ ထောင်ကျော် တိမ်းရှောင်ရ

by ဧရာဝတီ
12 March 2024
1.6k

တကောင်းမြို့တွင်းသို့ စစ်သား ၁၀၀ ကျော် အင်အားဖြည့်ရောက်ရှိလာပြီး မြို့ အဝင်အထွက်လမ်း များကို ပိတ်ဆို့ စစ်ဆေးနေသလို အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားကြောင်း၊ လေကြောင်းတိုက်ခိုက်မှု ကြောင့် ကြံစိုက်ခင်းများ၊ အိမ်များထိခိုက်ပျက်စီးခဲ့ရပြီး လက်နက်ကြီးကြောင့် ဆင်ညှပ်ရွာခံ အမျိုးသမီးတဦး၊ မြို့ပေါ်တွင်...

မန္တလေး – မိုးကုတ်လမ်းပိုင်း တိုက်ပွဲများ အရပ်သား ထိခိုက်သေဆုံးမှုရှိ

မန္တလေး – မိုးကုတ်လမ်းပိုင်း တိုက်ပွဲများ အရပ်သား ထိခိုက်သေဆုံးမှုရှိ

by ဧရာဝတီ
3 July 2024
1.2k

ယမန်နေ့ညပိုင်းကမူ မိုးကုတ်- မန္တလေး လမ်းပေါ်ရှိ နွယ်ရုံကျေးရွာ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ် များကသိမ်းပိုက်လိုက်ကြောင်း၊ စစ်တပ်လော်ဘီများကလည်း တယ်လီဂရမ်ချန်နယ်များတွင် ဆုတ်ခွာ ပေးလိုက်ရ ကြောင်း အတည်ပြုရေးသားသည်။

Next Post
ရခိုင် မြောက်ပိုင်း အင်တာနက်ဖြတ်တောက်ထားမှု သူတို့ ဘာပြောသလဲ (ရုပ်/သံ)

ရခိုင် မြောက်ပိုင်း အင်တာနက်ဖြတ်တောက်ထားမှု သူတို့ ဘာပြောသလဲ (ရုပ်/သံ)

ဒိုင်ပွဲရပ်မလား

ဒိုင်ပွဲရပ်မလား

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate