• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၈၈၈၈ ပြခန်း ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ရန် စီစဉ်

by ထွန်းထွန်း
23 July 2019
in သတင်း
A A
ကိုလိုနီခေတ်က အတွင်းဝန်ရုံးဟု ခေါ်တွင်ပြီး ဝန်ကြီးများရုံး / ဧရာဝတီ

ကိုလိုနီခေတ်က အတွင်းဝန်ရုံးဟု ခေါ်တွင်ပြီး ဝန်ကြီးများရုံး / ဧရာဝတီ

6.3k
VIEWS
Share on FacebookShare on Twitter

ရှစ်လေးလုံး အရေးတော်ပုံ သမိုင်းပြခန်းအား ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)တွင် ဖွင့်လှစ်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ရှစ်လေးလုံးပြတိုက် ဖြစ်မြောက်ရေး ကော်မတီ ပြောရေးဆိုခွင့် ရှိသူ ဦးရဲနိုင်အောင်က ပြောသည်။

ပြခန်း ဖွင့်လှစ်ရေး အတွက် အနော်မာ(Anawmar Art Group Co., Ltd) ဘက်မှ တာဝန်ရှိသူများနှင့် ပြတိုက် ဖြစ်မြောက် ရေး ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇူလိုင်၂၂ ရက်က တွေ့ဆုံကာ ဆွေးနွေးမှု လည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

RelatedPosts

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

17 June 2025
402
၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

17 June 2025
1.7k
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတကာမှာ ကျင်းပမယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတကာမှာ ကျင်းပမယ် (ရုပ်/သံ)

17 June 2025
15

ဦးရဲနိုင်အောင်က “ပြခန်းဖွင့်ဖို့ အကြမ်းဖျင်းဆွေးနွေး ညှိနှိုင်းမှု အဆင်ပြေလို့ တိုင်းအစိုးရကို တင်ပြတာပေါ့။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ပိုအဆင်ပြေအောင် ညှိနှိုင်းပေးတဲ့ သဘောပါပဲ။ ပြတိုက်မှာ ဘာတွေပြမယ်၊ ဘာတွေလုပ်မယ် ဆိုတာ ကော်မတီကပဲ ဆုံးဖြတ်မယ်။ ကုမ္ပဏီနဲ့ ပြတိုက်နဲ့ ဘာမှ မပတ်သက်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံးအား ပုဂ္ဂလိ က လုပ်ကိုင်ခွင့် အတွက် အနော်မာ ကုမ္ပဏီက တင်ဒါအောင်မြင်ထားခြင်း ဖြစ်ပြီး အဆောက်အအုံ အတွင်း ပြင်ဆင်မှုများ အား ဆောင်ရွက်လျက် ရှိသည်။

၈လေးလုံးကာလ လူတန်းစားနှင့် အဖွဲ့အစည်းပေါင်းစုံက ဤသို့ ဆန္ဒပြခဲ့ကြသည်

ရှစ်လေးလုံးပြခန်း ဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းလာမှု အပေါ် ယခုတပတ် အတွင်း အစည်းအဝေးထိုင်ပြီး မှသာ အပြီးသတ် ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း အနော်မာအနုပညာ ကုမ္ပဏီဘက်က ဧရာဝတီသို့ ပြောထားသည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဒေါ်မိုးမိုးလွင် က “၈ လေးလုံး ပြန်ခန်းဖွင့်ဖို့ကို ကုမ္ပဏီဘက်ကနေ အခန်းပေးနိုင်/မပေးနိုင် စပြီး တော့ ညှိနှိုင်းတဲ့ သဘောပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ရှစ်လေးလုံး သမိုင်းပြတိုက်(ယာယီ)အား မူလ ဖွင့်လှစ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ အခန်းမှာ အခန်း စာချုပ်ပြည့်ပြီ ဖြစ်သည့်အတွက် ပစ္စည်းများ သိမ်းဆည်းကာ အခန်း ပြန်အပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အတွင်းဝန်များရုံး အတွင်း ပြခန်းဖွင့်လှစ်ရေး အတွက် ကုမ္ပဏီဘက်က သတ်မှတ်သည့် နှုန်းထားအတိုင်း ပေးချေကာ ရှစ် လေးလုံး နှစ်ပတ်လည် အခမ်းအနား(သြဂတ် ၈ ရက်)တွင် စတင် ဖွင့်လှစ်ရန် မျှော်မှန်းထားသော်လည်း အခန်း နေရာနှင့် ငှားရမ်းခ ဈေးနှုန်း အသေးစိတ်များအား အတိအကျ ဆွေးနွေး ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း ပြတိုက် ဖြစ်မြောက်ရေး ကော်မတီဘက်က ပြောသည်။

ဦးရဲနိုင်အောင်က “အဓိကတော့ ရှစ်လေးလုံး အရေးတော်ပုံ သမိုင်း အချက်အလက်တွေ၊ ဒီမိုကရေစီအတွက် ရုန်းကန်လှုပ် ရှားခဲ့ရတာတွေကို ပြည်သူ လူထုနဲ့ နိုင်ငံတကာကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ဖို့ အတွက် သွားလာရလွယ်ကူတဲ့ အတွင်းဝန်ရုံးမှာ ဖွင့်ဖို့ ကြိုးပမ်းတာပါ” ဟု ဆိုသည်။
ရှစ်လေးလုံး သမိုင်းပြတိုက် တည်ဆောက်ရေးနှင့် ပတ်သက်၍လည်း ရန်ကုန်တိုင်းအစိုးရ အဖွဲ့မှ AD မီးပွိုင့်အနီး ပါရမီလမ်း ပေါ်ရှိ အရှေ့ပေ ၅၀၊ အနောက် ပေ ၁၀၀ ခန့် မြေကွက်ချထားပေးခဲ့သော်လည်း ပြတိုက်ဖွင့်လှစ်ရန် အားနည်းမှုများရှိ သည့်အတွက် သင့်တော်သည့် မြေနေရာအစားထိုး ချထားပေးရန် ပြန်လည် တင်ပြထားကြောင်း ပြတိုက် ဖြစ်မြောက်ရေး ကော်မတီက ပြောဆိုသည်။

ပြတိုက် ဖြစ်မြောက်ရေး ကော်မတီ အနေဖြင့် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ အဖြစ်အပျက် များအား Memory of the World Register အဖြစ် ယူနက်စကို(UNESCO) သို့ လျှောက်ထားရန် ကြိုးပမ်းခဲ့သော်လည်း လတ်တလောတွင် အခက်အခဲ တချို့ကြောင့် ဆိုင်းငံ့ထားကြောင်း သိရသည်။

Your Thoughts …
Tags: ရှစ်လေးလုံး ပြခန်းဝန်ကြီးများရုံးအနော်မာ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် ဖွင့်လှစ်ထားသော De' Be'au Wellness Centre Myanmar ၏ အတွင်းမြင်ကွင်း / ဇော်ဇော်

ဝန်ကြီးများရုံးအတွင်း ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် Spa ပိတ်သိမ်းမည်

by အောင်သီဟ
8 November 2019
10.4k

ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)တွင် ဖွင့်လှစ်ရန် ပြင်ဆင်နေသာ Spa ကဲ့သို့ ဝန်ဆောင်မှုများ ပေးမည့် ကျန်းမာ ရေးစင်တာမှာ ပိတ်သိမ်းတော့မည်။

De’Be’au Wellness Centre မြန်မာ မြန်မာ ဖွင့်လှစ်ထားသည့် အတွင်းဝန်ရုံးဝင်း အတွင်းနေရာ  / ထက်ဝေ / ဧရာဝတီ

အတွင်းဝန်ရုံးသည် ထူးခြားနေရာဖြစ်၍ ကျန်းမာရေးစင်တာအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဟု လုပ်ငန်းရှင်ပြော

by အောင်သီဟ
29 October 2019
15.1k

လတ်တလောတွင် “De’Be’au Wellness Centre မြန်မာ” အမည်ရှိ ကျန်းမာရေး စင်တာ အနေဖြင့် အလှအပ ရေးရာ ဝန်ဆောင်မှုများ နှင့် နှိပ်နယ်ပေးသော ဝန်ဆောင်မှုများကို အဓိက လုပ်ကိုင်မည် ဖြစ်ရာ မြန်မာနိုင်ငံ၏ အထင်ကရနေရာ...

ဝန်ကြီးများရုံးအတွင်းရှိ Spa ပိတ်သိမ်းရန် ပြင်ဆင်နေစဉ် / YCDC

ဝန်ကြီးများရုံးအတွင်းက Spa ပိတ်သိမ်းခြင်း ရှိမရှိ စည်ပင်စစ်ဆေး

by အောင်သီဟ
10 December 2019
5.3k

ဗိုလ်တထောင်မြို့နယ် အတွင်းရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)တွင် ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့သော Spa ကဲ့သို့ ဝန်ဆောင်မှုများ ပေးမည့် ကျန်းမာရေး စင်တာကို ပိတ်သိမ်းခြင်း ရှိမရှိ ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ...

ကျန်းမာရေး စင်တာ ဖွင့်ရန် စီစဉ်နေသော ရန်ကုန်မြို့က ဝန်ကြီးများရုံး  / ထက်ဝေ / ဧရာဝတီ

ဝန်ကြီးများရုံးက ကျန်းမာရေး စင်တာ လုပ်ငန်း လိုင်စင် မရှိ၍ ပိတ်သိမ်းရမည်ဟု ဆို

by အောင်သီဟ
30 October 2019
19.8k

ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) တွင် လုပ်ကိုင်ရန် ပြင်ဆင်နေသော ကျန်းမာရေး စင်တာသည် လုပ်ငန်း လိုင်စင်မရှိ၍ ပိတ်ရမည် ဖြစ်ကြောင်း

Next Post
အထူးစီးပွားရေးဇုန်အတွင်းရှိ အီတာလျံ-ထိုင်း ကုမ္ပဏီ ဆောက်လုပ်ရေး ပရောဂျက်အနီး  / EarthRights International / Supplied

ထားဝယ် အထူးစီးပွားရေး ဇုန် ၂၀၂၀ နှစ်လယ်ပိုင်းတွင် စတင်နိုင်ရန် မျှော်မှန်း

လွှတ်တော်ကိုယ်စားလှယ်အိမ်မှာ ဓါးကိုင်ရမ်းကားသူ ဖမ်းဆီးခံရ (ရုပ်/သံ)

လွှတ်တော်ကိုယ်စားလှယ်အိမ်မှာ ဓါးကိုင်ရမ်းကားသူ ဖမ်းဆီးခံရ (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.5k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate