သတင်း

“Women Riders World Relay” ခရီးစဉ်တွင် မြန်မာအမျိုးသမီး ဆိုင်ကယ်သမားများ ပါဝင်မည်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်း အမျိုးသမီး ဆိုင်ကယ်စီးသမားများ၏ ပထမဆုံး စုပေါင်းလှုပ်ရှားမှု ဖြစ်သည့် “Women Riders World Relay”လက်ဆင့်ကမ်း ဆိုင်ကယ်ခရီးစဉ်တွင် မြန်မာမှ အမျိုးသမိး ဆိုင်ကယ်သမား ပါဝင်မည်ဟု သိရသည်။

ပါဝင်မည့် မြန်မာအမျိုးသမီး ဆိုင်ကယ်စီးသမား ၇ ဦးမှာ ရန်ကုန်မှ ၃ ဦး၊ မန္တလေး ၄ ဦးဖြစ်သည်။

ရည်ရွယ်ချက်မှာ အမျိုးသမီးများ စွန့်စားမှု လုပ်ငန်းများတွင် စိတ်ပါဝင်စားလာစေရန်၊ မြန်မာနိုင်ငံတွင် ကျား၊ မခွဲခြားဆက်ဆံမှု လျော့ကျလာ စေရန်၊ လူမျိုး၊ ဘာသာ၊ ကျား၊ မ လိင်ခွဲခြားမှုများကို  မြန်မာနိုင်ငံ၌ အပြု သဘောဆောင်ပြီး မြှင့်တင်ပေးရန် ဖြစ်ကြောင်း “Women Riders World Relay”(WRWR) အဖွဲ့မှ Anneက ပြောသည်။

ယခုပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံး ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့သည့် ကမ္ဘာလှည့်ဒေါ်တင်တင်စိန်လည်း တက် ရောက်ပြီး ဆိုင်ကယ်စီးမည့်သူများအား အားပေးစကားပြောကြားခဲ့သည်။

WRWR Myanmar team (မြန်မာနိုင်ငံ)အတွက် ပူးတွဲစီစဉ်သူ ကိုသက်ဆွေဝင်း က “တနှစ်အတွင်းမှာ နိုင်ငံ ပေါင်း ၉၀ကို ကမ္ဘာပတ်မယ့် အမျိုးသမီးဆိုင်ကယ်စီး ခရီးစဉ်ဖြစ်ပါတယ်။ WRWR 2019 စာတန်း ရေးထိုးထား တဲ့ လက်ဆင့်ကမ်းတုတ်လေးကို နိုင်ငံ တနိုင်ငံကနေ တနိုင်ငံကို အမျိုးသမီး ဆိုင်ကယ်စီး သမား တွေက သယ်ပြီး သွားကြမှာဖြစ်ပါတယ်”ဟု ပြောသည်။

ယင်းခရီးစဉ်မှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ တွင် စကော့တလန်မှ စတင်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီ UAE နိုင်ငံတွင် ပြီး ဆုံးမည်ဖြစ်သည်။ ကမ္ဘာတဝှမ်းရှိ အမျိုးသမီး ဆိုင်ကယ်စီး စုစုပေါင်း တသောင်း ရှစ်ထောင် ကျော်ကလည်း ယင်းခရီးစဉ် ပါဝင်နိုင်ရန် အဆိုပြုထားသည်ဟု သိရသည်။

လက်ဆင့်ကမ်းတုတ်ကို အိန္ဒိယမှ လေယာဉ်ဖြင့် မန္တလေးသို့ သယ်ဆောင်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ WRWR Myanmar team ဆိုင်ကယ်စီးအဖွဲ့များက မန္တလေးမှတဆင့် မြဝတီနယ်စပ်အထိ ထိုလက်ဆင့်ကမ်း တုတ်ကို ခရီးစဉ် ၂ရက်ကြာ သယ်ဆောင်သွားမည်ဖြစ်သည်။

WRWR Myanmar team အတူ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးဆိုင်ကယ်စီးအဖွဲ့များ ဖြစ်သည့် Peace Bike Tourနှင့် Women Peace Riders တို့က ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခင် ငြိမ်းချမ်းရေး ဆိုင်ကယ်စီး ခရီးစဉ်တွင် ပါဝင်ခဲ့ဖူးပြီး၊ ယခု ခရီးစဉ်တွင်လည်း လိုက်ပါမည့် အမျိုးသမီး ဆိုင်ကယ်စီးသမား မပွင့်ဖြူလတ်က “အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို ပြသနိုင်မယ့် ခရီးစဉ် ဖြစ်တာကြောင့် ဒီခရီးစဉ်ကို ပါဝင်ဖြစ်တာ ဖြစ်တယ်။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ မခြား ဘယ်လောက် စွမ်းဆောင် နိုင်တယ်ဆိုတာ ပြသချင်တာလည်း ပါ ပါတယ်”ဟု ပြောသည်။

တခြားနိုင်ငံမှ အမျိုးသမီး ဆိုင်ကယ်စီးသမားများ၏ အတွေ့အကြုံများ၊ ၎င်းတို့၏ လုပ်ဆောင်မှုများကို သင်ယူ ရရှိနိုင်ရန် ထိုခရီးစဉ်မှ မျှော်လင့်မိကြောင်း ၎င်းက ဆက်ပြောသည်။

ကိုသက်ဆွေဝင်းက“မြန်မာနိုင်ငံမှာ ဆိုင်ကယ်စီးခြင်းဖြင့် ပိုပြီး စည်းလုံးလာဖို့ရယ်၊ မတူတဲ့ ဒေသတွေမှာ ရှိတဲ့ ဆိုင်ကယ်စီးအဖွဲ့တွေ တွေ့ဖို့ရယ်၊ မြန်မာနိုင်ငံရဲ့ အလှတရားတွေကို ဆိုင်ကယ်စီး ခရီးကတဆင့် နိုင်ငံတကာကို ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေးခုနဲ့ မြန်မာနိုင်ငံရဲ့ ဆိုင်ကယ်စီးခရီးစဉ်ကို စီစဉ်ခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

အမျိုးသမီး ဆိုင်ကယ်စီး သမားများ ထိုခရီးစဉ်တွင် ပါဝင်လာခြင်းအားဖြင့် အမျိုးသားများသာ လုပ်နိုင်သည် ဆိုသည့် အလုပ်များကို အမျိုးသမီးများပါ လုပ်ဆောင်နိုင်ပြီး လုပ်ခွင့်လည်းရှိသည်ဆိုသည့် အမြင်များကို ပြောင်းသွားနိုင်သည့် အကျိုးတရားရနိုင်ကြောင်း ကိုသက်ဆွေဝင်းက ထောက်ပြသည်။

You may also like these stories:

ဘဝကို ရုန်းကန်ရင်း ချန်ပီယံဆုရအောင် ယူချင်တဲ့ လက်ဝှေ့မယ် ချယ်ရီမောင်

ရေကူး အားကစားသမားကောင်း ဖြစ်ချင်တဲ့ သွန်းမိုးမေ

Did you find apk for android? You can find new Free Android Games and apps.
Loading