• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ဦးတွင် ပစ်ခတ်ခံရ၍ အရပ်သား ၁ ဦး သေဆုံး

by မင်းအောင်ခိုင်
24 July 2019
in သတင်း
A A
ပစ်ခတ်မှု ဖြစ်ပွားခဲ့သော မြောက်ဦးမြို့နယ် တိမ်ညို စံပြကျေးရွာ / မင်းအောင်ခိုင် / ဧရာဝတီ

ပစ်ခတ်မှု ဖြစ်ပွားခဲ့သော မြောက်ဦးမြို့နယ် တိမ်ညို စံပြကျေးရွာ / မင်းအောင်ခိုင် / ဧရာဝတီ

13.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တောင်မြင့် ကျေးရွွာသား ၁ ဦး ပစ်ခတ်ခံရ၍ မြောက်ဦး ဆေးရုံမှ စစ်တွေ ပြည်သူ့ ဆေးရုံသို့ ယနေ့ ပို့ဆောင်ရန် စီစဉ်နေစဉ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားသူသည် အသက် ၂၁ နှစ် အရွယ် ကိုဘိုသန်းထွန်း ဖြစ်ပြီး ဇူလိုင်လ ၂၃ ရက် မွန်း လွဲ ပိုင်းက ၎င်းနေထိုင်ရာ တောင်မြင့်ကျေးရွာမှ မိသားစုဝင်များနှင့် အတူ လယ်ကွင်းထဲသို့ စက်လှေဖြင့် သွားရောက် စဉ် တိမ်ညို စံပြကျေးရွာ အရောက် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောပြသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
100
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
125
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
419

ကိုဘိုသန်းထွန်း၏ အစ်မ မသိန်းနုက“ကျမတို့ လယ်က ကြာကန်ရွာ အနီးမှာ ရှိတယ််။ မျိုးစပါး ၄ ထုပ် တင်ပြီးတော့ စက်လှေနဲ့ လယ်ကွင်းကို သွားကြတာပါ။ အဲဒီလို သွားကြတဲ့အခါ  တိမ်ညိုရွာ အရောက် စပါးဝယ်တဲ့ ထောက်ပို့စခန်း ကနေ သေနတ်တွေနဲ့ ပစ်ပါတယ်။ ကျမ မောင်လေးက သေနတ်မှန်လို့ လှေမှာ ထိုင်နေရင်း တခါတည်း မှောက်သွား တယ်။ ကျမ တို့ ကြည့်ချိန် မရဘူး။ သေနတ်တွေနဲ့ ဆက်တိုက်ပစ်တယ်။ နောက်ဆုံး ကျမတို့ လှေပေါ်ကနေ ချောင်း ထဲ ခုန်ဆင်းရပါ တယ်။ ကမ်းဘက်ကို ရောက်တဲ့ အချိန်ထိလည်း ပစ်ပါသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိမ်ညိုကျေးရွာ အတွင်း တည်ရှိသည့် ထောက်ပို့ စပါးဝယ်ယူသည့် စခန်းမှ ပစ်ခတ်သည့် အတွက် ကိုဘိုသန်းထွန်း၏ ဦးခေါင်း၌ ကျည်ဆန် ထိမှန်သွားကာ မိသားစုဝင်များက စက်လှေကို ကမ်းကပ်ပြီး ရွာသားများကို အကူအညီ တောင်း ခံ ၍ မြောက်ဦး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း မိသားစုဝင်များက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်ခံရသည့် စက်လှေတွင် မျိုးစပါး ၄ ထုတ်နှင့် ကိုဘိုသန်းထွန်း၊ အမွှာညီအစ်ကိုဖြစ်သူ ကိုဘိုသန်းဌေး၊ အစ်မဖြစ်သူ မသိန်းနုနှင့် ယောက်ဖ ဖြစ်သူ ကိုလှမောင်ချေ တို့ မိသားစု ၄ ဦး လယ်ကွင်းသို့ လိုက်ပါလာခဲ့ကြောင်း လည်း သိရသည်။

အမွှာညီအစ်ကိုဖြစ်သူ ကိုဘိုသန်းဌေးက“ကျနော့် အစ်ကိုနဲ့ အစ်မတို့က ရှေ့မှာ ထိုင်တယ်။ ကျနော်ကတော့ နောက်ကနေ စက်လှေမောင်းတယ်။ မိုးကလည်း တအား ရွာတော့ သူတို့ (တပ်) လှမ်းခေါ်လား၊ မခေါ်ဘူးလား ဆိုတာ ကျနော်တို့ မမြင်ပါဘူး။ ပထမ သေနတ်ပစ်သံကြားတော့ ကျနော်က ဒီနေရာမှာ တိုက်ပွဲဖြစ်နေလား မသိဘူး ဆိုပြီး စက်ကို အရှိန် တင်ပြီး မောင်းတယ်။ အဲဒီမှာ ထောက်ပို့တပ်ကနေ တခါတည်း အဆက်မပြတ် လှမ်းပစ်တာ ပါ။ပစ်ကတည်းက ကျနော့် အစ်ကိုက သေနတ်မှန်သွားပြီး သွေးထွက်တာကိုပဲ မြင်တယ်။ သူ့ကိုလည်း ကြည့်ချိန် မရဘူး။ အဆက်မပြတ်ပစ်တော့ ကျနော့် အစ်ကိုကို ထားပြီး ရေထဲခုန်ဆင်းပြေးတဲ့ အချိန်အထိ ပစ်ပါသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ တိမ်ညို ကျေးရွာအတွင်း စပါးဝယ်ယူသည့် တပ်မတော် ထောက်ပို့စခန်းကနေ တပ်မတော်သားများက ဘာကြောင့် ပစ်ခတ်သည်ကိုမသိရှိသော်လည်း ထိုအချိန်က ယင်းနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဟုလည်း သေဆုံးသူ ကိုဘိုသန်းထွန်း၏ မိသားစုဝင်များက ပြောဆိုကြသည်။

ကိုဘိုသန်းထွန်း သေဆုံးခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီက မြောက်ဦး ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်ရင် အား ဆက်သွယ်မေးမြန်ခဲ့ရာ“သေနတ်ဒဏ်ရာကတော့ တချက်တည်းပဲ ဦးခေါင်းကို မှန််တာ။ ကုသမှုတွေတော့ လုပ်လိုက်ပါ တယ်။ ဒဏ်ရာက ပြင်းတော့ ဒီနေ့ မနက် ဆုံးသွားတယ်”ဟု ပြောသည်။

ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူး မြင့်ဌေးက ယမန်နေ့တွင် တိမ်ညို ကျေးရွာရှိ တပ်မတော် ထောက်ပို့ စခန်းကို ရက္ခိုင် စစ်တပ် (AA) က ချောင်းမြောင်း ပစ်ခတ်လာသည့် အတွက်ကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ တိုက်ပွဲကြားတွင် ညပ်ပါသွားခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

ရဲမှူး မြင့်ဌေးက“မနေ့က ထောက်ပို့စခန်းကို AA ကလာပြီး ဓနိတောကနေ ချောင်းပစ်တယ်လို့ ပြောတယ်။ အပြန် အလှန် ပစ်ကြတဲ့အခါ စက်လှေက ဖြတ်တော့ မသွားနဲ့လို့ တပ်က လှမ်းတားသေးတယ်လို့ ပြောတယ်။ အဲဒီမှာ ကြား ထဲမှာ ဘယ်ဘက်က ပစ်လို့ ထိမှန်သွားလဲ မသိဘူး။ ဖြစ်စဉ်ကတော့ အဲဒီလိုပဲ ကျနော်တို့ဆီကို သတင်း တက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်ကမူ ယင်းထောက်ပို့စခန်း အနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ ခြင်း မရှိကြောင်း ပြောသည်။

ဦးဝေလှအောင်က“မနေ့ကတော့ ကျနော်တို့ အဲဒီ ထောက်ပို့ စခန်း အနီးမှာ တိုက်ပွဲဖြစ်တာတော့ မကြားဘူး။ စက်လှေ မှာ ပါတဲ့ လူတွေပြောတာတော့ အဲဒီ ထောက်ပို့စခန်း အရောက်မှာ စခန်းကနေ သေနတ်နဲ့ လှမ်းပစ်တယ်လို့ ပြော တယ်။ ကျနော့် အနေနဲ့ အထက်ကို တင်ပြတဲ့အခါလည်း  အဲဒီပြောပြချက် အတိုင်းပဲ တင်ပြလိုက်ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

လက်ရှိ ကိုဘိုသန်းထွန်း၏ ရုပ်အလောင်းကို မြောက်ဦး ဆေးရုံတွင် ဆေးစစ်ချက် ယူပြီး မနက်ဖြန် မွန်းလွဲ ၁ နာရီ အချိန်၌ မြောက်ဦး သုသာန်တွင် သဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ဖမ်းဆီးခံရသည့် မြောက်ဦး ဒေသခံများထဲမှ ၁ ဦး ထပ်မံသေဆုံး

ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ

Your Thoughts …
Tags: မြောက်ဦး ပစ်ခတ်မှု
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မြောက်ဦးမြို့ဟောင်းတနေရာ / ဧရာဝတီ

မြောက်ဦးက တပ်ရင်းဌာနချုပ်ကို လေးဘက်လေးတန်ကနေ ပစ်တယ်

by နန်းလွင်နှင်းပွင့်
19 March 2019
56.8k

မြောက်ဦး ပစ်ခတ်မှုများနှင့်ပတ်သတ်၍ တပ်မတော် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

Next Post
ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလား (ရုပ်/သံ)

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလား (ရုပ်/သံ)

ဆရာမနှင်းနုကို သံသယ တရားခံအဖြစ် ရုံးတော်ရှေ့ ပို့ပေးဖို့ ဗစ်တိုးရီးယား မိသားစု တောင်းဆို (ရုပ်/သံ)

ဆရာမနှင်းနုကို သံသယ တရားခံအဖြစ် ရုံးတော်ရှေ့ ပို့ပေးဖို့ ဗစ်တိုးရီးယား မိသားစု တောင်းဆို (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.8k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate