သတင်း

ရေလွှတ်ပေးရန် တရုတ်၊ လာအိုနှင့် မြန်မာတို့ကို ထိုင်း တောင်းဆို

ထိုင်းနိုင်ငံတွင် မိုးခေါင်သည့် အခြေအနေများ ဖြစ်ပေါ်နေခြင်းကြောင့် မဲခေါင်မြစ် အထက်ပိုင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ တရုတ်နိုင်ငံတို့ အနေဖြင့် မြစ် များအတွင်းသို့ ရေပိုမိုလွှတ်ပေးရန် ထိုင်းအစိုးရက မေတ္တာရပ်ခံ လိုက်သည်။

ယင်းနိုင်ငံများ အနေဖြင့် အရန်သုံးရန် ရေကန့်သတ်ထားသော်လည်း ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက် ပေးခဲ့ ကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားရေအရင်းအမြစ်ရုံတို့က ဆက်လက် ညှိနှိုင်း သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

လယ်သမားများ၏ ဘဝနေထိုင်မှုအပေါ် စိုးရိမ်မိကြောင်း၊ စိုက်ပျိုးမြေ ၄၀ ရာခိုင်နှုန်းမှာ ရေသွင်းနေရကြောင်း ဝန်ကြီးချုပ် ပရာယွဒ်က ထုတ်ဖော်ပြောကြားခဲ့သည်။

“လယ်သမားတွေ ပိုပြီး အားထုတ်မြှုပ်နှံရတော့ ကျနော်က သူတို့အတွက် စိုးရိမ်နေမိပါတယ်။ ဒါပေမယ့် ရေပြတ်လပ် သွား တာတော့ မရှိပါဘူး။ ရေသွင်း စိုက်ပျိုးရေးကို ရေထုတ်လုပ်မှု ထိန်းသိမ်းဖို့နဲ့ စားသုံးသူကာကွယ်ဖို့ အကန့် အသတ် ထားကိုထားရပါမယ်။ အပျက်အစီးတွေ ပြန်ကာမိစေဖို့ အစိုးရက အကူအညီပေးသွားဖို့ ရှိပါတယ်” ဟု သူက ပြောသည်။

ဆန်စပါးဌာန ညွှန်ကြားရေးမှူး ပရာဆုန် ပရာပိုင် ထရာကောက “မိုးရေချိန်နည်းပါးနေခြင်းသည် ထိုင်းမြောက်ပိုင်း အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင် ဒေသတို့ရှိ ပြည်နယ် ၂၀ အတွင်း စပါးခင်း (ရိုင်) ၁၀ သန်းတို့အပေါ် သက်ရောက်မှုရှိနေကြောင်း” ပြောကြားခဲ့သည်။

နောက်လအစောပိုင်းအထိ မိုး ကောင်းကောင်း မရလျှင် ရေပြတ်လပ်မှုကြောင့် ဆန်စပါးထုတ်လုပ်မှု ရပ်ဆိုင်း လိမ့်မည်ဖြစ်ကြောင်း၊ ယခုနှစ် ဒုတိယနှစ်ဝက်တွင် စပါးဈေး တက်လာမည်ဟု ဆိုနိုင်ကြောင်း ထိုင်းဆန်စပါး တင်ပို့သူများအသင်းက သတိပေးထားသည်။

You may also like these stories:

မိုးခေါင်ခြင်းကြောင့် ထိုင်းနိုင်ငံက ရေလှောင်ကန်တခုမှာ ငါးများ သေဆုံး

Loading