• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

35 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘိုကလေးတွင် ပိုလီယိုဝေဒနာရှင်အား အဓမ္မပြုကျင့်သူ ထွက်ပြေးလွတ်မြောက်နေ

by ဆလိုင်းသန့်စင်
25 July 2019
in သတင်း
A A
မြင်းကကုန်း နယ်မြေရဲစခန်း / ဆလိုင်းသန့်စင် / ဧရာဝတီ

မြင်းကကုန်း နယ်မြေရဲစခန်း / ဆလိုင်းသန့်စင် / ဧရာဝတီ

11.8k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ပျဉ်းမကုန်း ကျေးရွာအုပ်စုတွင် အသက် ၃၃ နှစ်အရွယ် ပိုလီယိုဝေဒနာရှင် အမျိုးသမီး ၁ ဦးအား ကျေးရွာတာဝန်ခံဖြစ်သူက အဓမ္မပြုကျင့်ပြီး ထွက်ပြေး လွတ်မြောက်နေသဖြင့် ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ပျဉ်းမကုန်း ကျေးရွာအုပ်စုတွင် နေထိုင်သည့် အသက် ၃၃ နှစ်အရွယ် ပိုလီယို ဝေဒနာရှင် အမျိုးသမီး နေထိုင် သည့် အိမ်သို့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်က ကျေးရွာ တာဝန်ခံ ဝင်းလှိုင် ရောက်ရှိလာပြီး အိမ်ထောင်စု စာရင်း ကောက်ခံခဲ့ကြောင်း၊ မိခင်ဖြစ်သူမှာ စာရွက်စာတမ်းများ ထည့်ထားသော သေတ္တာသော့အား ချွေးမထံ အပ်နှံထား သဖြင့် သွားရောက် ယူဆောင်နေချိန် နေအိမ်၌ တဦးတည်း ကျန်ရစ်ခဲ့သည့် ပိုလီယို ဝေဒနာရှင်အား ဝင်းလှိုင်ဆိုသူက အဓမ္မပြု ကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
94
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
225
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.8k

“သူ့အဖေကလည်း အလုပ်ကိစ္စနဲ့ ခေါင်းရင်းခြံထဲကို သွားတဲ့အချိန် အိမ်မှာ တယောက်တည်း ကျန်ခဲ့တဲ့ ပိုလီယို ဝေဒနာရှင် အမျိုးသမီးကို ကျေးရွာတာဝန်ခံက သားမယားအဖြစ် ပြုကျင့်တာ ဖြစ်ပါတယ်။ တရားခံက လက်ရှိမှာ ထွက်ပြေး တိမ်း ရှောင်နေလို့ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။

မိခင်နှင့် ချွေးမဖြစ်သူတို့ အိမ်သို့ ပြန်လည် ရောက်ရှိလာချိန် ပိုလီယို ဝေဒနာရှင် အမျိုးသမီးမှာ အိမ်နောက်ဖေးခန်းတွင် ရှိနေကြောင်း၊ ဝင်းလှိုင်မှာလည်း အဆိုပါ အခန်းအတွင်းမှ ထွက်လာသဖြင့် မိခင်မှ သမီးဖြစ်သူ မေးမြန်းရာ ဝင်းလှိုင်မှ မိမိ အပေါ့သွားနေစဉ် နောက်ဖေးမီးဖိုခန်း အတွင်း ပွေ့ချီကာ ၅ မိနစ်ခန့် သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

“ဒီဖြစ်စဉ်ဟာ ကိုယ့်သားသမီးကို သူစိမ်းယောက်ျား တယောက်နဲ့ တအိမ်ထဲမှာ စိတ်ချလက်ချ ထားခဲ့လို့ ဖြစ်ပေါ် ရတာလို့ သုံးသပ်ပါတယ်။ နောက်နောင် အလားတူဖြစ်ရပ်တွေ မပေါ်ပေါက်စေဖို့အတွက် မိဘ အုပ်ထိန်းသူများ အနေနဲ့ ကိုယ့်သား သမီးတွေကို စိတ်ချရတယ်ဆိုပြီး လွှတ်မထားဘဲ ရင်အုပ်မကွာ စောင့်ရှောက်ဖို့ လိုအပ်ပါတယ်”ဟု ဒုရဲမှူးကြီး ထွန်းရွှေက ပြောသည်။

လက်ရှိတွင် ကျေးရွာတာဝန်ခံ ဝင်းလှိုင်အား ကျူးလွန်ခံရသူ အမျိုးသမီး၏ မိခင်ဖြစ်သူက တရားလိုပြုလုပ်၍ ပြစ်မှုအမှတ် ၉၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် မြင်းကကုန်း နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကလည်း ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် မွေးရာပါ ပိုလီယိုဝေဒနာရှင် အမျိုးသမီး ၁ ဦးအား ၎င်း၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ပုသိမ်မြို့ အခြေစိုက်အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ထိန်းတပ်မှ ဒုတပ်ကြပ် မျိုးဝင်းထွန်းမှ အဓမ္မ ပြုကျင့်ခဲ့သဖြင့် ပုသိမ်မြို့မရဲစခန်းက မုဒိမ်းမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ကျူးလွန်သူအား တရားရုံးတော်အနေဖြင့် ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဆက်စပ်ဖတ်ရှုရန် – ပိုလီယိုရောဂါသည်အား အဓမ္မပြုကျင့်သူဒုတပ်ကြပ်ကိုဖမ်းဆီး

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

Your Thoughts …
Tags: ပိုလီယိုဝေဒနာရှင်ပုဒ်မ ၃၇၆
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်နေအိမ်သို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် / Nyi Nyi / facebook

အသက် ၁၄ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး

by လဲ့လဲ့
14 April 2020
67.8k

တောင်ဒဂုံမြို့နယ်တွင် မယားပါသမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့် ကိုလတ်(ခေါ်) နိုင်ဟိန်းလတ်အား သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ဧပြီလ ၁၃ ရက်နေ့က ဖမ်းဆီးကာ တောင်ဒဂုံရဲစခန်းတွင် အရေးယူထားကြောင်း

လပွတ္တာမြို့ ဆိုင်းဘုတ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

by ဆလိုင်းသန့်စင်
4 July 2019
80.6k

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအို ဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း

--

ပုဒ်မ ၃၇၆ ပြင်ဆင်တဲ့အပေါ် ဘယ်လိုမြင်ကြလဲ

by လဲ့လဲ့ & မိုးမိုး
3 April 2019
13k

ပုဒ်မ ၃၇၆ ပြင်ဆင်သတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများ၏အမြင်သဘောထားများကို ဧရာဝတီသတင်းထောက်လဲ့လဲ့က မေးမြန်းတင်ပြထားသည်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇော် / ဧရာဝတီ

ကလေးကို လိင်ကျွန်အဖြစ် လုပ်ခဲ့တာ

by ထွန်းထွန်း
9 April 2020
33.2k

အမှု အခြေအနေများ၊ အိမ်ဖော်မိန်းကလေး၏ ကျန်းမာရေးအခြေအနေနှင့် ၎င်းပြောပြသည့် ဖြစ်စဉ်များအား ဆေးရုံသို့ ရောက်ရှိနေသည့် ကာယကံရှင်မိန်းကလေး၏ မိဘ ၂ ဦးနှင့် ဆွေမျိုးနီးစပ်သူတို့အား ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းထားသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု / ဇော်ဇော် / ဧရာဝတီ

မင်းရာဇာအမှုမှ အက်ဆစ်ဖြင့် အပက်ခံရသည့် မိန်းကလေး ဆေးရုံဆင်းခွင့် ရတော့မည်

by ထွန်းထွန်း
20 April 2020
73k

လက်ရှိတွင် မင်းရာဇာတို့အား DKBA တပ်ဖွဲ့က ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးထားသော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးကြောင်းလည်း

Wisdom Hill ကျောင်းက ဇွန်လ ၁ ရက် ညနေတွင် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ / မိုးမိုး / ဧရာဝတီ

လိင်အကြမ်းဖက်ခံရသည့် ကလေးအမှု သံသယတရားခံကို ပြန်လွှတ်သည့်အပေါ် ရဲတပ်ဖွဲ့ရှင်း

by မိုးမိုး
28 June 2019
16.8k

တရားခံဟု ယူဆရသည့် အမျိုးသားတဦးကိုလည်း မေလ ၃၀ ရက်နေ့ကစပြီး  CID မှ စတင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ ဇွန်လ ၂၄ ရက် နေ့တွင် တရားစွဲဆိုရန် အထောက်အထား မခိုင်လုံသည့်အတွက် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

Next Post
သရုပ်ဆောင် ဖြိုးရာဇာနိုင် / ဝေဝေနှင်း / ဧရာဝတီ

ရိုးရိုးသားသားနဲ့ ကြိုးစားပြီး လမ်းမှား မလိုက်ဘူးလို့ ပြောတဲ့ သရုပ်ဆောင် ဖြိုးရာဇာနိုင်

မန္တလေးတိုင်း ကုန်သည်များနှင့် တွေ့ဆုံခဲ့သော အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ ဂျော့ချ် ဆစ်ဘလီ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မြန်မာ့ အပြောင်းအလဲ အမေရိကန် လုပ်ငန်းရှင်များ စောင့်ကြည့်နေဟု ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate