သတင်း

အိန္ဒိယ- မြန်မာ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံသို့ ရောက်နေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီနှင့် နယူးဒေလီမြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ (MoU)ကို ယမန်နေ့က လက်မှတ်ရေးထိုးကြောင်း အိန္ဒိယ သတင်းများက ဆိုသည်။

ဝန်ကြီးချုပ် မိုဒီက နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုကို ကျေးဇူး တင်ကြောင်း၊ နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ့ တပ်မတော် စွမ်းရည် တိုးတက် မြင့်မားရေး ဆက်လက် တိုးမြှင့် အကူအညီပေး ဆောင်ရွက် သွားမည့် အခြေအနေများ အပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ် အေး ချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးမှလည်း ဖော်ပြသည်။

အလားတူ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် နှစ် အနည်းငယ် အတွင်းက အိန္ဒိယ၏ အလျင်အမြန် ဖွံ့ဖြိုးလာမှု အခြေအနေ၊ ကာကွယ်ရေးနှင့် လုံခြုံရေး နယ်ပယ်များ အပါအဝင် အိမ်နီးချင်း နှစ်နိုင်အကြား ထူးခြားသည့် ဆက်ဆံရေးတို့နှင့် ပတ်သက်၍ မှတ်ချက်ချ ပြောဆိုခဲ့သည်ဟု ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက “မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ မိတ်ဖက် ဆက်ဆံရေး နောက်ထပ် နက်ရှိုင်းစွာ ဆောင် ရွက်သွား မည့်အကြောင်း အိန္ဒိယအနေဖြင့် အခိုင်အမာကတိပြုကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ သည်” ဟု အဆိုပါကြေညာချက်က ဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဝန်ကြီးချုပ် မိုဒီကို မကြာသေးမီက ရွေးကောက်ပွဲ အနိုင်ရခြင်း အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး အာဂျစ် ကူးမား ဒိုဗယ်၊ ဒုကာကွယ်ရေး ဝန်ကြီး ရရှီ ရှရီပက်ဒ် ရက်ဆို နိုက်၊ အိန္ဒိယ တပ်မတော် ကြည်းတက် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင် ရာဝပ်၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးကာရာဘီယာဆင်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

၎င်း၏ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသည် အိန္ဒိယအမျိုးသားစစ်ပွဲအောက်မေ့ဖွယ်အထိမ်းအမှတ်နေရာသို့ သွားရောက် အလေးပြုခဲ့သည်ဟု သိရသည်။

You may also like these stories:

အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ၊ အဆိုပြုချက် အသီးသီးဆွေးနွေး

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ဂုဏ်သိက္ခာ ထိခိုက်ရဟု တပ်မတော် ပြော

တပ်ချုပ်အပေါ် အမေရိကန်၏ ပိတ်ဆို့မှု အနိုင်ကျင့်သည့် လုပ်ရပ်ဟု တပ်မတော် ပြော

လက်နက်ပြပွဲများသို့ မြန်မာ့တပ်မတော်ကို မဖိတ်တော့ဟု အစ္စရေး ပြော

အိန္ဒိယလုပ် တော်ပီဒိုများဖြင့် မြန်မာရေတပ် အဆင်မြှင့်တင်

Did you find apk for android? You can find new Free Android Games and apps.
Loading