• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အတွင်းဝန်ရုံးတွင် ၈၈၈၈ ပြတိုက်အတွက် နေရာမရှိဟု ဆို

by ကျော်ဖြိုးသာ
30 July 2019
in သတင်း
A A
ထိန်းသိမ်းပြုပြင်ထားသော ရန်ကုန်မြို့ရှိ သမိုင်းဝင် အတွင်းဝန်ရုံးဟောင်း အဆောက်အဦကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက မြင်ရစဉ် / Yangon Heritage Trust

ထိန်းသိမ်းပြုပြင်ထားသော ရန်ကုန်မြို့ရှိ သမိုင်းဝင် အတွင်းဝန်ရုံးဟောင်း အဆောက်အဦကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက မြင်ရစဉ် / Yangon Heritage Trust

6.5k
VIEWS
Share on FacebookShare on Twitter

ရှစ်လေးလုံး အရေးတော်ပုံ အမှတ်တရ ၈၈ ပြတိုက်အတွက် ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် နေရာပေးရန် အဆင်မပြေကြောင်း အဆိုပါ သမိုင်းဝင်အဆောက်အဦးကို ပြန်လည်မွမ်းမံနေသည့် အနော်မာ အနုပညာ အုပ်စုမှ ပြောကြားသည်။

ရန်ကုန်မြို့လယ်ရှိ ဗြိတိသျှ ကိုလိုနီခေတ်အဆောက်အအုံဖြစ်သော ထိုအဆောက်အအုံတွင် ၈၈ ပြတိုက်အတွက် နေရပေးနိုင်မပေးနိုင်ကို ညှိနှိုင်းရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ၈၈ ပြတိုက်ကော်မတီဝင်များနှင့် အနော်မာ အနုပညာအုပ်စုမှ ကိုယ်စားလှယ်များ ပြီးခဲ့သည့်အပတ် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ထိုအဖွဲ့က သောကြာနေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့က မည်သည့်ဆုံးဖြတ်ချက်မျှ မချနိုင်ခဲ့ကြကြောင်း ထိုအစည်းအဝေးတက်ရောက်ခဲ့သူများ၏ အဆိုအရ သိရသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
314
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.2k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
258

လွန်ခဲ့သော ၃၁ နှစ် ဩဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတဝန်းမှ ပြည်သူများ လမ်းမများပေါ်သို့ ထွက်လာကြပြီး ဒီမိုကရေစီ တောင်းဆိုကာ ထိုစဉ်က အာဏာရှင် ဦးနေဝင်း၏ တပါတီအုပ်ချုပ်ရေးကို ဖျက်သိမ်းရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထို ၈၈၈၈ အရေးတော်ပုံသည် ခေတ်သစ်မြန်မာ့နိုင်ငံရေး သမိုင်းတွင် အဓိက အချိုးအကွေ့တခုဖြစ်သည်။

သွေးထွက်သံယိုများသော စစ်အာဏာသိမ်းမှုဖြင့် အဆုံးသတ်သွားခဲ့သော်လည်း ထိုအရေးတော်ပုံသည် ပြည်သူလူထု၏ နိုင်ငံရေးနိုးကြားမှုမြှင့်တင်ပေးလိုက်သောကြောင့် နောင် ၂၈ နှစ်ကြာသောအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရစေသည့် အပြောင်းအလဲများအတွက် လမ်းပွင့်သွားကြောင်း ပြည်တွင်းပြည်ပမှ နိုင်ငံရေးသုတေသီများ သဘောတူ လက်ခံထားကြသည်။

၂၀၁၅ ခုနှစ် ထိုအရေးတော်ပုံ ၂၇ ခုနှစ်ပြည့် အခါသမယတွင် ၈၈ ယာယီပြတိုက်တခုကို အရေးတော်ပုံတွင် ပါဝင်ခဲ့သည့် ကျောင်းသားတက်ကြွလှုပ်ရှားသူများက ရန်ကုန်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်ခဲ့သည်။

ထို နှစ်ထပ် ယာယီအဆောက်အအုံတွင် အရေးတော်ပုံ စတင်သည့်နေ့မှ စတင်ပြီး ခြောက်ပတ်ကြာ စက်တင်ဘာလ ၁၈ ရက်နေ့ အာဏာသိမ်းမှုအထိ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများနှင့် အကြမ်းဖက် နှိမ်နှင်းမှုများအား ရိုက်ကူးထားသော ဓါတ်ပုံများကို ပြသခဲ့သည်။

ထိုဓါတ်ပုံများတွင် ကျောင်းသားစစ်ကြောင်းများ၊ သံဃာတော်များနှင့် ပြည်သူများသည် မြန်မာတနိုင်ငံလုံးရှိ လမ်းမများပေါ်တွင် ချီတက်နေသည်ကို ပြသနေသည်။ အချို့ပုံများတွင် စစ်သားများက ဆန္ဒပြသူများကို လိုက်လံဖမ်းဆီး ပစ်ခတ်ပုံများနှင့် ထိုပစ်ခတ်မှုများအပြီး အလောင်းများပြန့်ကျဲနေပုံများကို ဖေါ်ပြသည်။

ပြသထားသောပစ္စည်းများတွင် ထိုဆန္ဒပြပွဲများအတွင်း ဝတ်ဆင်ခဲ့ကြသည့် ခေါင်းစည်းများနှင့် လက်မောင်းစည်းများကိုလည်း အစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ပုံနှိပ်ရာတွင်သုံးသည့် စာကူးစက်တခုကိုလည်း ပြသထားသည်။

ယခုအခါ ထိုယာယီပြတိုက်သည် ငှားရန်းထားသည့် သက်တမ်းကုန်ဆုံးပြီဖြစ်သောကြောင့် နေရာရှာဖွေနေရသည်။

အတွင်းဝန်ရုံးသည် မြို့လယ်နှင့် နီးကပ်သောကြောင့် ပြတိုက်ကော်မတီက ထိုနေရာကို စိတ်ဝင်စားကြောင်း ၈၈ ပြတိုက် ကော်မတီ ပြောခွင့်ရသူ ဦးရဲနိုင်အောင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။ ထိုနေရာသည် ပြတိုက်၏ လက်ရှိနေရာနှင့်မတူဘဲ နိုင်ငံခြားသားများအပါအဝင် ဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်မည့်အလားအလာရှိသည်ဟု ဆိုသည်။

အတွင်းဝန်ရုံးကို လက်ရှိအချိန်တွင် အနော်မာအုပ်စုက ပြုပြင်မွန်းမံနေပြီး ထိုအုပ်စု၏ ပိုင်ရှင်မှာ စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်းထွန်းကြည်၏ မိသားစုဝင်များဖြစ်နေသည်။ ထိုအုပ်စုသည် အတွင်းဝန်ရုံးကို ပြန်လည်ပြင်ဆင်ထိန်းသိမ်းပြီး ထိုအဆောက်အအုံတွင် ယဉ်ကျေးမှုစင်တာတခု၊ ၁၉၄၇ ခုနှစ်က ထိုအဆောက်အအုံတွင် လုပ်ကြံခံရသော မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ အစိုးရအဖွဲဝင်များကို ရည်စူးသော ပြတိုက်တခုတို့နှင့်အတူ အနုပညာဆိုင်ရာ ပြခန်းများ ဖွင့်လှစ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှာ ၂၀၁၂ ခုနှစ်တွင် ခွင့်ပြုချက် ရခဲ့သည်။

အနော်မာ အဖွဲ့၏ နဂို အစီအစဉ် အရ ဝန်ကြီးများရုံး၏ တောင်ဖက်နှင့် အနောက်ဖက်ဆောင် အပေါ်ထပ်များကို ပြတိုက်အပါအဝင် ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာ လုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်ပြီး သိမ်ဖြူလမ်းဖက်ရှိ အရှေ့ဖက်အဆောင်အား ရုံးခန်းများဖွင့်လှစ်မည်ဖြစ်ပြီး မြောက်ဖက်နေရာကို စားသောက်ဆိုင်များ အတွက် ရည်ရွယ်သည်ဟု အနော်မာ ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသွင်ထွန်းက ဧရာဝတီ ကို ၂၀၁၆ က ပြောဆိုဖူးသည်။

ဖေဖော်ဝါရီလတွင် ဝန်ကြီးများရုံးဝန်းအတွင်း ကျင်းပရန် စီစဉ်ခဲ့သည့် Nigtfest ဈေးရောင်းပွဲတော်မှာ အဆောက်အဦး၏ သမိုင်းဝင်တန်ဖိုးကို ထိခိုက်စေသည်ဟု ပြည်သူလူထုအတွင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့် ပွဲကျင်းပမည့် အစီအစဉ် ကို ဖျက်သိမ်းခဲ့ရသည်။

လက်ရှိတွင် KFC နှင့် Krispy Kreme တို့မှ ဝန်ကြီးများရုံးတွင် ဆိုင်ခွဲများ ဖွင့်လှစ်မည်ဟု မီဒီယာ ဖော်ပြချက်များအရ သိရှိရသည်။

ပြတိုက်များအတွက် သတ်မှတ်ထားသော အနောက်ဖက်အဆောင်ကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သောကြောင့် ၎င်းတို့၏ ကုမ္ပဏီသည် ၈၈ ပြတိုက်ကို လက်မခံရန် အသင့်မဖြစ်သေးကြောင်း အနော်မာအနုပညာအုပ်စု၏ လုပ်ငန်းအကောင်အထည်ဖေါ်ရေး တာဝန်ခံ ဒေါ်ငုကေခိုင်က ဧရာဝတီသို့ပြောသည်။

“လုပ်ငန်းတွေ အားလုံးပြီးရင်တောင်မှ နဂို အစီအစဉ် အရ အဲဒီနေရာကို အာဇာနည်တွေအတွက် ပြတိုက်အဖြစ် သတ်မှတ်ထားတာ။ ၈၈ ပြတိုက်ကို လက်ခံဖို့ အတွက် ကျမတို့အတွက် ခက်ခဲပါတယ်။ ပြီးတော့ အဲဒါက ကျမတို့ရဲ့ နဂို အစီအစဉ်နဲ့ လည်း မကိုက်ဘူး” ဟု သူမကပြောသည်။

အတွင်းဝန်ရုံးတွင် ၈၈ ပြတိုက်အတွက် အခပေး ပြီးနေရာငှားရန်းပါက အဆင်ပြေနိုင်မလား ဟု အနော်မာအုပ်စုသို့ သူ ကနဦး စုံစမ်း သောအခါ အနော်မာ မှ သူ၏တောင်းဆိုမှုကို ကြိုဆိုခဲ့ကြောင်း ဦးရဲနိုင်အေင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။

“ဝန်ကြီးချုပ်က အတည်ပြုပေးရင်တော့ အဆင်ပြေမှာလို့ သူတို့ပြောတယ်” ဟုလည်း သူရှင်းပြသည်။

တနင်္လာနေ့ကကျင်းပသော ပြတိုက်ကော်မတီ၊ ဝန်ကြီးချုပ် နှင့် အနော်မာ ကုမ္ပဏီတို့ကြား သုံးပွင့်ဆိုင်စည်းဝေးပွဲတွင် ဝန်ကြီးချုပ်က ပြတိုက်ကော်မတီ၏ မေတ္တာရပ်ခံချက်ကို သဘောတူကြောင်းပြောခဲ့ပြီး အနော်မာအုပ်စုကမူ ၎င်းတို့အရာရှိများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် အကြောင်းပြန်မည်ဟု ဖြေကြားခဲ့ကြောင်းလည်း ဦးရဲနိုင်အောင်ပြောသည်။

“သူတို့ အခုလို ငြင်းတာကို ကျနော်အံ့သြတယ်။ ဒါပေမယ့် ဒါ သူတို့အခွင့်အရေးပဲ” ဟုလည်း သူပြောသည်။

“ဒါပေမယ့် သမိုင်းဝင် အတွင်းဝန်ရုံးမှာ သမိုင်းဝင် ၈၈ အရေးတော်ပုံအထိမ်းအမှတ် ပြတိုက်အတွက် နေရာမရှိဘူးလို့ သိရတာ ဝမ်းနည်းစရာကောင်းပါတယ်” ဟု သူပြောသည်။

( Kyaw Phyo Thar ၏ No Room for ’88 Museum, Says Company Renovating Yangon Secretariat ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

၈၈၈၈ ပြခန်း ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ရန် စီစဉ် 

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ၇ နှစ်ရှိလာပြီ 

နိုင်ငံခြားသားခရီးသွားများ လည်ပတ်နိုင်မည့် ခရီးစဉ်အသစ်များ ရန်ကုန်တွင် ဖော်ထုတ်မည် 

Your Thoughts …
Tags: ၈၈၈၈ ပြတိုက်ရန်ကုန်တိုင်းဝန်ကြီးချုပ်အတွင်းဝန်ရုံးအနော်မာ အနုပညာအုပ်စု
ကျော်ဖြိုးသာ

ကျော်ဖြိုးသာ

ဧရာဝတီ

Similar Picks:

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့

by ဒဂုန်တာရာ
14 July 2024
2.2k

‘‘အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်...ကျနော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ် တုန်လာသည်...

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို “ကွီးဖြိုး” ဟု နှစ်သက်သူများက ချစ်စနိုးခေါ်ဆိုကြသည် / ဧရာဝတီ

ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေး အချိုးအကွေ့ အတက်အကျများ

by ဇင်လင်းထက်
17 July 2020
23.9k

အငြင်းပွားဖွယ်ရာ လုပ်ရပ်များကြောင့် အဝေဖန်ခံရဆုံး တိုင်းဝန်ကြီးချုပ်ကို ညွှန်ပြရလျှင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုသာ ပြဆိုရမည်ဖြစ်သည်။

De’Be’au Wellness Centre မြန်မာ မြန်မာ ဖွင့်လှစ်ထားသည့် အတွင်းဝန်ရုံးဝင်း အတွင်းနေရာ  / ထက်ဝေ / ဧရာဝတီ

အတွင်းဝန်ရုံးသည် ထူးခြားနေရာဖြစ်၍ ကျန်းမာရေးစင်တာအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဟု လုပ်ငန်းရှင်ပြော

by အောင်သီဟ
29 October 2019
15.1k

လတ်တလောတွင် “De’Be’au Wellness Centre မြန်မာ” အမည်ရှိ ကျန်းမာရေး စင်တာ အနေဖြင့် အလှအပ ရေးရာ ဝန်ဆောင်မှုများ နှင့် နှိပ်နယ်ပေးသော ဝန်ဆောင်မှုများကို အဓိက လုပ်ကိုင်မည် ဖြစ်ရာ မြန်မာနိုင်ငံ၏ အထင်ကရနေရာ...

သုဝဏ္ဏဘောလုံးကွင်းအကယ်ဒမီကျောင်း၊ မြက်ခင်းတု အားကစားကွင်းရှိ ယာယီဆေးရုံသို့ ရောက်ရှိလာသည့် ဝန်ကြီးချုပ်ကို MFD ဥက္ကဌ ဦးဇော်ဇော်က လိုက်လံရှင်းပြခဲ့သည် / U Phyo Min Thein / Facebook

ရိုးမရိပ်သာစင်တာ လိုအပ်ချက်များ အမြန် ဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ကတိပေး

by ထက်ခေါင်လင်း
22 September 2020
13k

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ Quarantine စင်တာတွင် ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများကို အမြန်ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကတိပေးပြောဆိုကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း သတင်းစာရှင်းလင်းပွဲတခုတွင် ၎င်း၏နာရီအား ချွတ်ပြနေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ

ရန်ကုန်တိုင်းအစိုးရတွင် ခေါင်းဆောင်မှုကောင်း ပျောက်နေသည်

by ဧရာဝတီ
28 May 2020
483.9k

ယခု ဗိုလ်တထောင်ဘုရားပွဲ ဂယက်ကိုလည်း နေပြည်တော်မှ ရိုက်ခတ်ခံစားရမိမည်မှာ မလွဲ။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း  / Phyo Min Thein

ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ လူစုလူဝေး ပြုလုပ်မှုဖြင့် တိုင်ကြားခံရ

by ထွန်းထွန်း
26 May 2020
54.3k

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ကာ လူစုလူဝေးဖြစ်ပေါ်စေသည့် ဘာသာရေးပွဲ ပြုလုပ်ခဲ့သည်ဟုဆိုကာ ရန် ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ပေးရန် ယနေ့မနက်ပိုင်းက ပခုက္ကူမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း ကာယကံရှင် ကိုသာထက်အောင်က ပြောသည်။

Next Post
 မင်းသားကြီး Sanjay Dutt ပါဝင်တဲ့ "Prasthanam" ရုပ်ရှင်

နိုင်ငံရေးနောက်ခံ ရုပ်ရှင်မှာ မြင်တွေ့ရဦးမယ့် အသက် ၆၀ ပြည့် မင်းသားကြီး Sanjay Dutt

Pixel 4 ဖုန်းရဲ့ Face Unlock ကတော့ တခြားဖုန်းတွေထက် ပိုအဆင့်မြင့်ဖို့ ရှိပါတယ်

Google Pixel 4 ဖုန်းမှာ Face Unlock နဲ့ လက်ဟန်ပြ ထိန်းချုပ်စနစ်တို့ ပါဝင်လာမည်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.3k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate