ထိုင်း- မြန်မာ နယ်စပ် ဝပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA)၏ ထိန်းချုပ်မှု အောက်ရှိ တပ်သားနှင့် အရပ်သား ၃၀ ကျော်တို့သည့် ပိုးသတ်ဆေးခတ် ထားသည့် ရေသောက်သုံးမိ သဖြင့် ယမန်နေ့ညက မဲဟောင်ဆောင် ပြည်နယ် ပန်းမဖ ခရိုင် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ကုသပေးနေရကြောင်း The Nation သတင်းကဆိုသည်။
ပန်းမဖ ခရိုင်အနေဖြင့် ၀ ပြည်သူများကို လူသားချင်း စာနာသည့် အထောက်အပံ့များကို ပေးနေကြောင်းကို ခရိုင် အကြီးအကဲမှ နေ၍ မဲဟောင်ဆောင်ပြည်နယ် အုပ်ချုပ်ရေးမှူးထံသို့ အင်္ဂါနေ့က သတင်းပို့ တင်ပြထားကြောင်း သိရသည်။
ခရိုင်အကြီးအကဲ အဆိုအရ သောက်ရေ အဆိပ်သင့်၍ ပျို့အန်နေကြသည့် “ဝ”အရပ်သားနှင့်တပ်ဖွဲ့ဝင် ၁၁ ဦးပါဝင် သော ပထမအသုတ်ကို ခရိုင်ဆေးရုံသို့ ဒေသစံတော်ချိန် ည ၁၀း၃၀ နာရီက ပို့ဆောင်ပေးခဲ့ရကြောင်း၊ အချို့မှာ သတိလစ် မေ့မျောနေကြောင်း ခရိုင်အကြီးအကဲ၏ အဆိုအရ သိရသည်။
ည ၁၁း၁၀ နာရီတွင် ခရိုင်ဆေးရုံသို့ ၂၈ ဦး ထပ်မံ ပို့ဆောင်ခဲ့ရာ စုစုပေါင်း အမျိုးသား ၃၇ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို လက်ခံကုသ ပေးခဲ့သည်။ ၎င်းတို့အားလုံးသည် ဝထိန်းချုပ်နယ်မြေမှ ထိုင်းနိုင်ငံ ပန်းမဖခရိုင် ဘန့်မိုင်လွန်ဒေသသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အကြောင်းအရင်းမှာ ဝဒေသခံအချို့က ၎င်းတို့ စိုက်ခင်းများကို ပိုးသတ်ဆေးဖျန်းပြီးနောက် မိုးသည်းထန်စွာ ရွာသွန်း ခဲ့ရာ ဝကျေးရွာတွင် အဓိက အားထားနေသည့် ရေ အရင်းအမြစ်ထဲသို့ ပိုးသတ်ဆေးများ ဝင်၍ သောက်သုံးရေ အဆိပ် သင့်ခဲ့ခြင်း ဖြစ်ကြောင်း ဝယူနစ်ခေါင်းဆောင်က ထိုင်းကျန်းမာရေးအရာရှိများကို ရှင်းပြကြောင်း သိရသည်။
You may also like these stories:
မလေးရှားနိုင်ငံမှာ ကိုယ်ဝန်ဆောင် ဆင်များ အဆိပ်သင့် သေဆုံး
ငရုတ်သီး၊ မြေပဲနဲ့ ပြောင်းဖူးတို့မှာ တွေ့ရတဲ့ Aflatoxin မှိုရဲ့ ကျန်းမာရေး အန္တရာယ်
အလွန်အကျွံစားမိရင် လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ပင်လယ်စာများ
လူတိုင်းသိထားသင့်တဲ့ အစာအဆိပ်သင့်ခြင်းရဲ့လက္ခဏာ ၅ ခု