• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထမံသီဘေးမဲ့တောတွင် မျိုးတုန်းလုနီး မြန်မာ့ကျား ၃ ကောင် မွေးဖွား

by လဲ့လဲ့
30 July 2019
in သတင်း
A A
ကျားကောင်ရေမှာ လွန်ခဲ့သော ရာစုက ကောင်ရေ တစ်သိန်း ရှိရာမှ ယခု ကောင်ရေ ၄၀၀၀ ခန့်အထိ ကျဆင်းသွားသည် / WCS

ကျားကောင်ရေမှာ လွန်ခဲ့သော ရာစုက ကောင်ရေ တစ်သိန်း ရှိရာမှ ယခု ကောင်ရေ ၄၀၀၀ ခန့်အထိ ကျဆင်းသွားသည် / WCS

9.7k
VIEWS
Share on FacebookShare on Twitter

၅ နှစ်တာ သုတေသနပြု ရလဒ်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ချင်းတွင်းမြစ်ဝှမ်း ဒေသ ထမံသီ ဘေးမဲ့တောတွင် မျိုးတုန်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် မြန်မာ့ကျားများ ပြန်လည်မွေးဖွားလာပြီဟု သိရသည်။

“ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရှေ့ပိုင်း ၁၅ နှစ်လောက်က မြန်မာနိုင်ငံမှာ ကျားကောင်ရေ တဖြည်းဖြည်းလျော့လာတာ က မျှော်လင့်ချက် မရှိလောက်အောင်ပဲ။ ဒီ ၅ နှစ်အတွင်း ကံကောင်းစွာနဲ့ ကျားလေး ၃ ကောင် မွေးဖွားပြီး တာ ကို ဓာတ်ပုံမှတ်တမ်း ရရှိတယ်”ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့၊ အထက်မြန်မာနိုင်ငံမှ ဒုတိယဌာနေ ညွှန်ကြား ရေးမှူး ဦးလှနိုင်က ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

RelatedPosts

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
81
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
71
Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
342

ဦးလှနိုင်က“ကျားရှိခြင်း၊ မရှိခြင်းက အရမ်း အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ကျားထိန်းသိမ်းတဲ့ တောတွေက ဧရိယာ အကျယ်ကြီး ထိန်းသိမ်းရတယ်။ အဲဒီတော့ သူနဲ့ ဆက်နွယ်နေတဲ့ မျိုးတူ၊ မျိုးကွဲတွေနဲ့ ဂေဟစနစ် ထိန်းပြီးသား ဖြစ်တဲ့အတွက် ကျားကို အထူးပြု ထိန်းသိမ်းရတာဖြစ်တယ်”ဟု ပြောသည်။

ကျားများ မျိုးတုန်းပျောက်ကွယ် မသွားရေးအတွက် ကျားများကို အထူးကာကွယ် စောင့်ရှောက်ခြင်း၊ ကျားအစားအစာကို ဂရုတစိုက် ပြုလုပ်ပေးခြင်းနှင့် ၎င်းတို့နေထိုင်ရာ တောတောင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု လုပ်ဆောင်ပေးရမည်ဟု ၎င်းက အကြုံပြုသည်။

မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီးရှိ ထမံသီဘေးမဲ့တော ထိန်းသိမ်းရေးနှင့် ကျားသုတေသန လုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ‘ကျားထိန်း သိမ်းရေးကို ကင်းလှည့်ထိန်းသိမ်းရေးနည်းဖြင့် ပြုလုပ်ပြီး ကျားများ မည်သည့်နေရာတွင် ပျံ့နှံ့ကျက်စားကြ သည်ကို အမေရိကန်အခြေစိုက် Wildlife Conservation Society(WCS) နှင့် ပူးပေါင်းပြီး ကင်မရာများ ထောင်၍ သုတေသန ပြုလုပ်သည်ဟု သိရသည်။

ထမံသီဘေးမဲ့တောတွင် ကမ္ဘာ့အဆင့် ရှားပါးတောရိုင်းတိရိစ္ဆာန်များဖြစ်သည့် ကျား၊ ကျားသစ်၊ ဆင်၊ ပြောင်၊ ဝက်ဝံ အပါအဝင် မျောက်အမျိုးမျိုး၊ ငှက်အမျိုးမျိုး ကျက်စားလျက်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲများစွာ ပေါကြွယ်ဝသည့် နေရာဖြစ်ကြောင်း WCS Myanmar မှ အချက်အလက်များအရ သိရသည်။

International Tiger Forum မှ ထုတ်ပြန်ချက်အရ မြန်မာနှင့် လာအိုနိုင်ငံသည် ကျားကောင်ရေ အနည်းဆုံး နိုင်ငံများ ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျားကောင်ရေ ၈၅ ကောင်သာ ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကျားကောင်ရေ စာရင်းအချက်အလက် ကောက်ခံမှု မလုပ်နိုင်သေးသည့် တောတောင်များစွာ ကျန်သေးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိသည့် နေရာများတွင်လည်း ယခုအချိန်ထိ Survey မလုပ်နိုင်သေးကြောင်း သိရသည်။

မြန်မာနိုင်ငံ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ နိုင်ဇော်ထွန်းက “ကျားတွေကျက်စားတဲ့နေရာရဲ့ ၁၀ ရာခိုင်နှုန်းကို ကောက်လိုက်တဲ့အခါမှာ ၂၂ ကောင်သော ကျားဓာတ်ပုံတွေ ရတယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို ကောက်လိုက်ရင် ဒီထက်မက ရတယ်”ဟု ပြောသည်။

တရားမဝင် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်မှုအတွက် ဖမ်းဆီးရမိသည့် စာရင်းတွင် ကျားပါဝင် မရှိသည်မှာ နှစ်ကာလကြာပြီဟု ဒေါက်တာ နိုင်ဇော်ထွန်းက ဆိုသည်။

“ကျားကို ခေါင်းကနေ အမြီးအထိ ရောင်းဝယ်ကြတယ်။ မိုင်းလားမှာ ရောင်းဝယ်ကြတယ်လို့ကြားတယ်။ အဲဒီ ဧရိယာကို ကျနော်တို့ မသွားနိုင်တဲ့အတွက် အချက်အလက် အတိအကျ မသိဘူး”ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံရှိ တနသာၤရီ ဘေးမဲ့တော၊ ကရင် ဒေါနတောင်တန်း၊ စစ်ကိုင်းတိုင်းရှိ ထမံသီနှင့် ကချင်ပြည်နယ်ရှိ ဟူကောင်းဒေသတို့တွင် ကျားကောင်ရေ အများဆုံး ရှိနေသည်။ သို့သော် မြန်မာနိုင်ငံ သာမက ကမ္ဘာပေါ်ရှိ ကျားရှိသည့် နိုင်ငံများတွင် မျိုးတုန်းပျောက်ကွယ်မူက စိုးရိမ်ရသည့် အနေအထားတွင် ရောက်ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ကျားများကို တရားမဝင် ရောင်းဝယ်မှုအတွက် သတ်ဖြတ်ခြင်း၊ ကျားများအတွက် အစာရေစာ ရှားပါးမူကြောင့်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ထို့အပြင် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့ တောင်အာရှတွင် ကျားရှိသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံအနက် လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများက ကျားများ မရှိတော့သဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထွက်သွားခဲ့ ရပြီ ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ဌာနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှု မိရိုးဖလာ စီမံခန့်ခွဲမူ နည်းလမ်းများနှင့် ထိုဒေသတွင် ရှိသော ရေမြေတောတောင်များကို ၎င်းတို့ စနစ်ဖြင့် သေချာစွာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်လည်း လိုအပ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့၊ အထက်မြန်မာနိုင်ငံမှ ဒုတိယဌာနေ ညွှန်ကြားရေးမှူး ဦးလှနိုင်က အကြံပြုသည်။

ကမ္ဘာတဝှမ်း ကျားကောင်ရေ တိုးတက်လာစေရန် ရည်ရွယ်၍ နှစ်စဉ် ဇူလိုင်လ ၂၉ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ ကမ္ဘာ့ကျားနေ့ အဖြစ် သတ်မှတ်၍ ကမ္ဘာတဝှမ်း ကျင်းပနိုင်ရန် ၂ဝ၁ဝ ခုနှစ် ရုရှားနိုင်ငံ၊ စိန့်ပီတာစ် ဘတ်တွင် ကျားရှိသည့် နိုင်ငံများမှ ခေါင်းဆောင်များတွေ့ဆုံပြီး ကမ္ဘာ့ကျားထိန်းသိမ်းရေး ထိပ်သီး အစည်း အဝေး (Saint Petersburg Tiger Summit)နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တောရိုင်းတိရိစ္ဆာန်များကို ရေရှည်ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သဘာဝထိန်းသိမ်းရေး နယ်မြေ ၄၂ ခုကို ဖွဲ့စည်းထားပြီး ထိုနယ်မြေများသည် တနိုင်ငံလုံးဧရိယာ၏ ၅ ဒသမ ၇၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အလားတူ အိန္ဒိိယနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်ကြား ၄ နှစ်တာကာလအတွင်း ကျားကောင်ရေ ၃၃ ရာခိုင်နှုန်း စံချိန်တင် တိုးပွားလာခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်က ကျား ၂၂၂၆ ကောင်ရှိရာမှ လက်ရှိတွင် ၂၉၆၇ ကောင်ရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် နိုင်ငံတကာ ကျား အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

မြန်မာနိုင်ငံတွင် မျိုးတုံးအန္တရာယ် ကျရောက်နေသည့် သတ္တဝါ မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိ 

တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းနဲ့ လုပ်ထားတဲ့ အရုပ်တွေက အစ ဥပဒေ အရ ငြိစွန်းပါတယ် 

စစ်ပွဲများက ကျားထိန်းသိမ်းရေးကို ဟန့်တားနေ 

ဧရာဝတီ မြစ်ဝကျွန်းပေါ်က ခေါင်းနီ ကြိုးကြာ

Your Thoughts …
Tags: WCSဇီဝမျိုးစုံမျိုးကွဲထမံသီဘေမြန်မာ့ကျား
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်းတခု ၂၀၂၁ ခုနှစ်၊ မတ်လက လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ခိုလှုံပုန်းရှောင်နေသူများ / KESAN

လေကြောင်းတိုက်ခိုက်မှု စက်ကွင်းထဲက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်

by Carolyn Cowan
22 May 2023
5k

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို KNU ၏ သစ်တောဌာန၊ ဒေသခံ ကရင်လူမှုအသိုက်အဝန်းများနှင့် KESAN တို့က ပူးတွဲ စီမံသည်။

/ WCS

ရှားပါး ဧရာဝတီ လင်းပိုင် ၁ ကောင် သေဆုံးပြန်

by ဒီလှိုင်းဝင်း
8 January 2020
9.8k

သေဆုံးသွားသည့် ဧရာဝတီလင်းပိုင်မှာ အထီး ဖြစ်ကာ အလျား ၇ ပေ ၃ လက်မ၊ လုံးပတ် ၄ ပေ ၄ လက်မ ရှိပြီး အသက်အရွယ်ကြီး ရင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟု WCS...

Next Post
ဇူလိုင် ၇ ရက်က ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ချီတက်နေသည့် ကျောင်းသား အဖွဲ့ဝင်များကို တွေ့ရစဉ်  / ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ

ဆဲဗင်း ဂျူလိုင် ချီတက်မှု တရားစွဲခံရသူ၂ ဦး တရား လာရင်မဆိုင်သဖြင့် ဖမ်းဝရမ်းထုတ်

MyTel ရဲ့ 5G ကွန်ရက် Download Speed

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် 5G ကွန်ရက်ကို MyTel စမ်းသပ်

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.8k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate