သတင်း

ဆဲဗင်း ဂျူလိုင် ချီတက်မှု တရားစွဲခံရသူ၂ ဦး တရား လာရင်မဆိုင်သဖြင့် ဖမ်းဝရမ်းထုတ်

Want create site? Find Free WordPress Themes and plugins.

ဆဲဗင်း ဂျူလိုင် (7 July) အထိမ်းအမှတ် ချီတက် အလေးပြုပွဲနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း (ငြိမ်းစုစီ) ဆိုင်ရာ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံနေရသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ ၂ ဦးကို ကမာရွတ် မြို့နယ် တရားရုံးသို့ တရား လာရင်မဆိုင်သဖြင့် ဖမ်းဝရမ်း ထုတ်ကြောင်း သိရသည်။

ဖမ်းဝရမ်း ထုတ်ခံရသူများမှာ ကိုဝေယံဖြိုးမိုးနှင့် ကိုသူရလင်း တို့ဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးကို မည်သည့်နေရာတွင် တွေ့ သည်မဆို ဖမ်းဆီးမည် ဖြစ်ကြောင်း ဝရမ်းထုတ်ခံထားရသူ ၂ ဦးနှင့် အတူ ပုဒ်မ ၁၉ ဖြင့်ပင် တရားစွဲခံထားရသည့် ဗကသ အဖွဲ့မှ ကိုမင်းသွေးသစ်က ပြောသည်။

ကိုမင်းသွေးသစ်က“သူတို့၂ ဦးကို ဖမ်းဝရမ်းထုတ်လိုက်တာ ဟုတ်ပါတယ်။ ကျနော်တို့နဲ့ အမှု တူတယ်၊ ဖြစ်ရပ်တူ တယ်၊ ပုဒ်မ တူတယ်။ ဒါပေမယ့် အမှုတွဲတော့ မတူဘူး။ အဲဒီအတွက် တရားသူကြီးက ဒီနေ့ ကျနော်တို့ ရုံးချိန်းမှာ အဲဒီ ကိစ္စကို တော့ ထွေထွေထူးထူး မပြောဘူး”ဟု ဆိုသည်။

ကမာရွတ်မြို့နယ် ဒုစခန်းမှူး ရဲအုပ်မျိုးဦးထံသို့ ဆက်သွယ် မေးမြန်းရာတွင် ၎င်းအနေဖြင့် အလုပ်များနေသည့် အတွက် မဖြေကြားနိုင်ကြောင်း ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။

ထိုကဲ့သို့ တရားရုံးသို့ လာရောက် တရားရင်မဆိုင်သည့် အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော်လည်း မူလ စွဲဆို ထား သည့် ပုဒ်မက အာမခံ ပေးရမည့် ပုဒ်မဖြစ်သဖြင့် မည်သည့်အချိန်တွင် ဖမ်းမိသည်မဆို၊ သို့မဟုတ် နောက်ပိုင်း တရား လာရောက် ရင်ဆိုင်လျှင်လည်း အာမခံပေးရမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် က ပြောသည်။

၅၇ နှစ်မြောက် ဆဲဗင်းဂျူလိုင် အရေးအခင်း အထိမ်းအမှတ်အဖြစ် ရန်ကုန် တက္ကသိုလ်သို့ ချီတက်ခဲ့ကြသော ကျောင်းသား များထဲမှ ကျောင်းသား အဖွဲ့ဝင် ၈ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၁၉ ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

တရားစွဲရာတွင် တက္ကသိုလ် ကျောင်းသား သမဂ္ဂများ အဖွဲ့မှ ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့ကို လှိုင်မြို့နယ် တရားရုံး မှ လည်းကောင်း၊ ဗကသ မှ ၆ ဦးကို ကမာရွတ်မြို့နယ် တရားရုံးမှလည်းကောင်း အသီးသီး တရားရင်ဆိုင် နေရသည်။

လှိုင်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသူ ၂ ဦးက အာမခံမယူဘဲ ထောင် အချုပ်ဖြင့် တရားရင်ဆိုင်လျက်ရှိ သည်။

ကမာရွတ်မြို့နယ် တရားရုံးတွင် တရား ရင်ဆိုင်နေရသူ ၆ ဦးထဲမှ ကိုမင်းသွေးသစ်၊ ကိုစိုင်းသူဝဏ်၊ မအိသီရိကျော် နှင့် အပြာရဲ့ အနီ သံချပ်အဖွဲ့မှ ကဗျာဆရာ ကိုခန့်မင်းထက်တို့က တရားရုံးသို့ လာရောက် တရား ရင်ဆိုင်နေပြီး ကိုဝေယံဖြိုးမိုး နှင့် ကိုသူရလင်း တို့က လာရောက် ရင်ဆိုင်ခြင်း မရှိပေ။

အာမခံယူထားသူ ၄ ဦးသည် ရှေ့နေ မငှားဘဲ ကိုယ်တိုင် တရားရုံးတွင် ထုချေနေပြီး ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ ရဲမှူး သိန်းဟန်ကို ကိုယ်တိုင် ပြန်လည် မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

တရားစွဲဆို ခံထားရသည့် မအိသီရိကျော်က“ကျမတို့က ၁၉ ဂျူလိုင်ဖြစ်တဲ့ အာဇာနည်နေ့မှာ လူတွေအားလုံး ချီတက် အလေးပြုကြတာနဲ့ ကျမတို့ ဆဲဗင်း ဂျူလိုင်မှာ ကျောင်းသားတွေ ချီတက် အလေးပြုတာ ဘာကွာလို့ တရားစွဲတာလဲလို့ မေးတော့ ရဲမှူးက အလံပါလို့တဲ့”ဟု ပြောပြသည်။

ထို့ပြင် မိမိတို့အနေဖြင့် ငြိမ်းစုစီ တွင် ပြဋ္ဌာန်းထားသည့် ဆန္ဒထုတ်ဖော် ဆိုသည်က ကြွေးကြော်မှုပြုခြင်း၊ တောင်းဆို ချက် များ ကိုင်ဆောင်ခြင်း၊ အစိုးရ သို့မဟုတ် တစုံတခုကို ဦးတည်ခြင်း ဖြစ်ကြောင်းဆိုသည်က မှန်သလားဟု တရား လို ကို ပြန်လှန် မေးခွန်းထုတ်ခဲ့ရာ ဟုတ်မှန်သည်ဟု ပြောဆိုခဲ့ကြောင်း၊ မိမိတို့က ထိုနေ့ ချီတက်ရာတွင် မည်သူ့ကိုမှ မဦးတည်သလို မည်သို့ ကြွေးကြော်၊ တောင်းဆိုမှုမှ မပြုခဲ့ဟု ကိုမင်းသွေးသစ်က ပြောသည်။

ကိုမင်းသွေးသစ်က“ကျနော်တို့ တချို့မေးခွန်းတွေကို တိတိကျကျ ပြန်မဖြေနိုင်ဘဲ ဥပဒေနဲ့ညီလို့ တရားစွဲတာဆိုတာပဲ ပြောခဲ့တယ်။ ဆန္ဒထုတ်ဖော်ပွဲနဲ့ ချီတက် အလေးပြုပွဲ ဘာကွာလဲ ဆိုတာကိုလည်း သေချာမဖြေနိုင်ခဲ့ဘူး”ဟု ပြောပြ သည်။

ငြိမ်းစုစီ ပုဒ်မ ၁၉ သည် သက်ဆိုင်ရာသို့ အသိပေး တင်ပြခြင်း မရှိဘဲ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။

ထိုပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ဖြစ်ပေါ်ခဲ့လျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်း ထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်က ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် ကျောင်းသား အဖွဲ့ဝင်များသည် ရန်ကုန်မြို့ ကမာ ရွတ် မြို့နယ် ဆင်ရေတွင်းမှ ရန်ကုန်တက္ကသိုလ် ဝင်းအတွင်းရှိ ဗိုလ်အောင်ကျော် ကျောက်တိုင် အထိ ချီတက်၍ လွမ်းသူ့ ပန်းခွေချခြင်း ပြုလုပ်ခဲ့ကြသည်။

ဆက်စပ် ဖတ်ရှုရန်

ဆဲဗင်း ဂျူလှိုင် အထိမ်းအမှတ် လမ်းလျှောက်ချီတက်သူ ၂ ဦးကို အင်းစိန်ထော

ဆဲဗင်း ဂျူလိုင် ချီတက်ခဲ့သူ ၈ ဦးကို ငြိမ်းစုစီ ပုဒ်မဖြင့် အမှုဖွင့် 

Did you find apk for android? You can find new Free Android Games and apps.
Loading