မြောက်ကိုရီးယား၏အရှေ့ဘက်ကမ်းရိုးတန်း ဟိုဒိုကျွန်းဆွယ်မှ နေ၍ တာတိုပစ် ဒုံးကျည်နှစ်စင်း ယနေ့နံနက်ပိုင်းက ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောကြားသည်။
ယင်း ဒုံးကျည်များကို ဝမ်ဆန်နယ်မြေမှ နေ၍ မိနစ် ၂၀ ကြာ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပြီး၊ ၂စင်းလုံးသည် ပင်လယ် မကျမီ ကီလိုမီတာ ၃၀ အမြင်မှ ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ် အဖွဲ့ (JSC) ကိုးကား၍ ယွန်ဟပ်သတင်း က ဆို သည်။
မြောက်ကိုရီးယား အနေဖြင့် တခါမှထုတ်မသုံးဖူးသေးသည့် ဒုံးကျည်သစ်အမျိုးအစားဖြစ်ဖွယ်ရှိကြောင်း ကနဦးက သတင်းရရှိသော်လည်း ယင်းဒုံးကျည်အမျိုးအစားနှင့် အလားတူပုံစံမျိုးကို ယခင်ရက်သတ္တပတ်ကပင် မြောက်ကိုရီး ယားက ပစ်လွှတ်ခဲ့ဖူးကြောင်းတောင်ကိုရီးယား စစ်ဦးစီး အရာရှိတဦးက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်ကို စောင့်ကြည့်သွားရန် အမျိုးသားလုံခြုံရေးကောင်စီ(NSC) ကို တောင်ကိုရီးယား အာဏာပိုင်များက ဆော်သြထားပြီး၊ နောက်ထပ်ပစ်လွှတ်မှုများ လာနိုင်၍ တောင်ကိုရီးယားစစ်တပ်က အသင့်အနေအထားရှိရန် တိုက်တွန်းသည်။
မြောက်ကိုရီးယားသည် လွန်ခဲ့သည့် ၆ရက်က တာတိုပစ်ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ပြီးနောက် ယခု ဒုတိယ အကြိမ် ထပ်မံ ပစ်လွှတ်ခြင်းဖြစ်သည်။
နည်းဗျူဟာထိန်းလက်နက် အသစ်အဆန်းတခုဟူ၍ မြောက်ကိုရီးယား အမွှမ်းတင်ထားသော ယင်းဒုံးကျ့ည်များသည် ဂျပန်ပင်လယ် အတွင်းသို့ မကျမီ ကီလိုမီတာ ၄၃၀ အကွာအဝေးအထိ ပျံသန်းလာခဲ့သည်။
မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုကို နှစ်နှစ်တာ ရပ်ဆိုင်းထားပြီးနောက် တာတိုပစ် ဒုံးကျည်များကို ပြန်လည် ဆက်တိုက်ပစ်လွှတ်နေခြင်းဖြစ်သည်၊ ဒုံးကျည်ပစ်လွှတ်မှုနှင့် ပတ်သက်၍ အမေရိကန် စစ်ရေးစောင့်ကြည့်သူ တချို့ က သတိပေးခဲ့ထားသော်လည်း
မေလကပင် မြောက်ကိုရီးယားသည် ၎င်း၏နှစ်နှစ်တာ ဒုံးကျည်စမ်းသပ်မှုရပ်ဆိုင်းထားခြင်းကို အဆုံးသတ်ခဲ့ပြီးနောက် တာတိုဒုံးကျည်များကို ပြန်လည်၍ ဆက်တိုက်ပစ်လွှတ်နေခဲ့သည်။ အဆိုပါဒုံးကျည်များနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်သူများကို စိတ်အနှောင့်အယှက်ပေးသည့် လက်နက်ငယ်အချို့ဟု ဆိုကာ ပယ်ချခဲ့သည်။
မြောက်ကိုရီးယားနှင့် သမ္မတ ထရမ့်တို့၏ နျူကလီးယား ကင်းစင်ရေး ဆွေးနွေးမှုမှာ သောင်မတင်ရေမကျဖြစ်နေပြီး ပြုံယမ်းက ၎င်းအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှု ပြန်မရုတ်ပေးမီ နျူကလီးယားလက်နက် စွန့်လွှတ်ရန် ငြင်းဆန်နေခဲ့သလို အမေရိကန်ကလည်း နျူးကလီးယားကင်းစင်ရေးကို ဦးစွာပထမ ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် နှင့် နောက်ကြောင်း ပြန်မလှည့်ရန် တောင်းဆိုနေခဲ့သည်။
You may also like these stories:
မြောက်ကိုရီးယား ရေငုပ်သင်္ဘောသစ် တည်ဆောက်နေမှု ကင်ဂျုံအန်း စစ်ဆေး
ကိုရီးယားကျွန်းဆွယ်အရေး ခေါင်းဆောင်နှစ်ဦး ဆွေးနွေး
မြောက်ကိုရီးယားမှာလည်း စမတ်ဖုန်းတွေ သုံးနေပြီ
ဖယ်ရှားခံရသည် ဆိုသော မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ဂီတပွဲ၌ ပြန်ပေါ်လာ