• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စာသင်ကျောင်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူအား ထောင် နှစ် ၂၀ ချမှတ်

by ဇူးဇူး
31 July 2019
in သတင်း
A A
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇေ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု / ဇော်ဇေ

35.6k
VIEWS
Share on FacebookShare on Twitter

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင်း အခြေခံပညာ အလယ်တန်းကျောင်း တကျောင်း၏ စာသင်ခန်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကျောင်းအထွေထွေလုပ်သားအား ဇူလိုင် ၃၀ ရက်တွင် မင်းဘူးခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

ကျူးလွန်ခံရသူ ပဉ္စမတန်း ကျောင်းသူလေးဘက်မှ ကူညီ၍ လိုက်ပါ ဆောင်ရွက်ပေးနေသည့် မလွန်-မင်းလှ ပရဟိတအဖွဲ့ခေါင်းဆောင် ဒေါက်တာ ရဲထွန်းဇော်က “မနေ့ကပေါ့။ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်။ စဖြစ်တဲ့နေ့ ကတည်းကဆို ၁ နှစ်ခွဲတိတိ ပြည့်တဲ့နေ့ပေါ့” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
1
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
22
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
219

ဖြစ်စဉ်မှာ ၂၀၁၈ ဇန်နဝါရီ ၃၁ ရက် နေ့လယ်ပိုင်းက ကျောင်းထမင်းစားနားချိန် အတောအတွင်း ပဉ္စမတန်း ကျောင်းသူ အသက် ၁၁ နှစ် ၈ လအရွယ် မိန်းကလေးငယ်ကို KG စာသင်ခန်း အလွတ်တခုထဲသို့ ခေါ်သွားကာ အခန်းတံခါးပိတ် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် ပိုက်ဆံ ၁၀၀၀ ပေးပြီး မည်သူ့ကိုမျှ ပြန်မပြောရန်နှင့် ပြန်ပြောလျှင် သတ်မည်ဟု ခြိမ်းခြောက်ပြီးမှ အခန်း တံခါးဖွင့်ပေးခဲ့ကြောင်း ၎င်းက ပြောပြသည်။

ကလေးသည် မည်သူ့ကိုမျှ မပြောရဲဘဲ ပဉ္စမတန်း စာသင်ခန်းဘက်ပြန်လာပြီး စာသင်ချိန် ပြီးဆုံး သည်အထိ နေခဲ့ကြောင်း၊ ကျောင်းဆင်းချိန် အိမ်ပြန်ရောက်သည့်အခါမှ မိခင်ဖြစ်သူကို တိုင်တန်းခဲ့ရာ အထက်မင်းလှ ရဲစခန်းသို့ ပုဒ်မ ၃၇၆(မုဒိမ်းမှု)ဖြင့် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျူးလွန်သူသည် မိန်းကလေးငယ်နှင့် တရွာတည်းနေ အသက် ၅၁ နှစ်အရွယ် အောင်ဆန်းဆိုသူ ဖြစ်ပြီး အိမ်ထောင် ရှိသူဖြစ်ကြောင်း သိရသည်။

ဒေါက်တာ ရဲထွန်းဇော် က “ထောင်ဒဏ် နှစ် ၂၀ က ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ပြစ်မှု ကျူးလွန်ချိန်တဲ့ကစပြီး ပြစ်ဒဏ်ချပြီးတဲ့ အချိန်ထိက ဒီသက်ငယ်မုဒိမ်းမှုမှာ ၁ နှစ်ခွဲကြာသွားတယ်။ ဒီ ၁ နှစ်ခွဲက ကလေးငယ် တယောက်အတွက် အချိန်များလွန်းတယ်လို့ ယူဆတယ်။ အဲဒီလောက်ထိ အချိန်မကြာသင့်ဘူး။ အချိန်ကြာလာတာနဲ့အမျှ ကလေးမှာ ထိခိုက်မှု အနည်းအများ ရှိတယ်” ဟု မှတ်ချက်ပြုသည်။

အမှုစတင် ဖြစ်ပွားချိန်က ကလေးငယ် စာမေးပွဲ ဖြေခါနီးအချိန်တွင်ဖြစ်ပြီး ယခုအခါ အဆိုပါကျောင်းတွင်ပင် သတ္တမတန်း တက်ရောက်နေကြောင်း ၎င်းက ပြောသည်။

“ဒီလိုအမှုတွေက များသောအားဖြင့် နယ်တွေမှာ ဆင်းရဲတဲ့ မိသားစုက အဖြစ်များတယ်။ တခုခုဆိုရင် သွားရလာရတာ အခက်အခဲရှိတယ်။ ဒီအမှုတွေကို မြန်မြန်မစစ်ဆေးဘဲ အချိန်အကြာကြီး ဆွဲထားခြင်းဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ ကလေးငယ်အတွက်လည်း စိတ်ဒဏ်ရာရမယ့် အခွင့်အလမ်းတွေများတယ်။ အမှုကို တအားကြီး မကြာစေချင်ဘူး” ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၁၈ တွင် သက်ငယ်မုဒိမ်းမှုပေါင်း ၁၀၂၈ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၉ (ဇွန်လအထိ) သက်ငယ်မုဒိမ်းမှုပေါင်း ၄၁၉ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ အရ အသက် ၁၂ နှစ်အောက် ကလေးငယ်များအပေါ် မုဒိမ်းမှု ကျူးလွန်သူ များအား အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ် တသက် ပြစ်ဒဏ် ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

Your Thoughts …
Tags: ကျောင်းသူမကွေးတိုင်းမင်းလှမုဒိမ်းမှု
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

မြိုင်တွင် အမျိုးသမီးစစ်သည်များ သုံး၍ စစ်ကြောင်းထိုးဟုဆို

မြိုင်တွင် အမျိုးသမီးစစ်သည်များ သုံး၍ စစ်ကြောင်းထိုးဟုဆို

by ဧရာဝတီ
15 February 2024
9.8k

အရင်က စစ်ကြောင်းတွေမှာ အမျိုးသမီးစစ်သည်တွေ ပါတာမျိုး မရှိခဲ့ဘူး၊ အခုက ပထမဦးဆုံးပဲ၊ ကျနော်တို့ မျက်မြင်တွေ့ရတာကို အမျိုးသမီး စစ်သည် ၁၀ ယောက် အထက်ပဲ၊ အခုက စစ်တပ်မှာ လူမရှိတော့ဘဲ တပ်အင်အား တော်တော် ချိနဲ့နေတယ်ဆိုတာကို...

တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

by ဧရာဝတီ
11 February 2025
7.6k

လက်ရှိမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ပြောလို့ရတယ်။ ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်နဲ့ ငဖဲမြို့နယ် အတွင်းမှာ နေ့စဉ်လိုလိုပဲ ဖြစ်ပွားနေတာမျိုးတွေရှိတယ်။ တဖွဲ့မဟုတ်တဖွဲ့နဲ့ တနေရာမဟုတ်တနေရာ ထိတွေ့မှုဖြစ်နေတာ တွေရှိတယ်။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတာမျိုးတွေလည်း နေ့စဉ်ရှိနေတယ်

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်

ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်

by ဧရာဝတီ
9 February 2024
7k

၎င်းတို့ကို သစ်ပင်တွင် တွဲလောင်းချိတ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည်။

Next Post
ရွှေဘိုခရိုင်က တန် ၁၀၀ ဆန်စက်ကြီးတွေ ဘာ့ကြောင့် ရပ်တန့်သွားရတာလဲ (ရုပ်/သံ)

ရွှေဘိုခရိုင်က တန် ၁၀၀ ဆန်စက်ကြီးတွေ ဘာ့ကြောင့် ရပ်တန့်သွားရတာလဲ (ရုပ်/သံ)

အိန္ဒိယရေတပ်မှ ရေငုပ်သင်္ဘောတစီးကို တွေ့ရစဉ် / IDRW

အိန္ဒိယက မြန်မာသို့ ရေငုပ်သင်္ဘော လွှဲအပ်ရန် အသင့်ဖြစ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.5k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate