သတင်း

ရုံး လုပ်ထုံးလုပ်နည်း လွဲမှားမှုကြောင့် စက်မှုဝန်ကြီး အနားပေးခံရဟု သမ္မတရုံးပြော

Want create site? Find Free WordPress Themes and plugins.

စက်မှု ဝန်ကြီး ဦးခင်မောင်ချို ဝန်ကြီးရာထူးမှ အနားပေးခံရသည်မှာ ရုံးပိုင်းဆိုင်ရာလုပ်ထုံး လုပ်နည်းလွဲမှားသည့် အတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြစ် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော သည်။

ဦးဇော်ဌေးက “စက်မှုဝန်ကြီး ဦးခင်မောင်ချို အနားပေးခံရတဲ့ ကိစ္စမှာ ရုံပိုင်းဆိုင်ရာ လုပ်ထုံး လုံးနည်း လွဲမှားခြင်း ၊ ဒါစစ်ဆေး ပေါ်ပေါက်ပါတယ်။ ဒီစစ်ဆေးပေါ်ပေါက်ချက်အရ ဦးခင်မောင်ချို အနေနဲ့ သူ့ ရဲ့တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်နဲ့ နုတ်ထွက်ခွင့် တင်ရတာ ဖြစ်ပါတယ်”ဟု ပြောသည်။

သြဂုတ် ၂ ရက် နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နှစ်ပတ်တကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စက်မှုဝန်ကြီး ဦးခင်မောင်ချို ရာထူးမှ နုတ်ထွက်သည့် ကိစ္စမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကိုင်တွယ်စစ် ဆေးခြင်း မဟုတ်ဘဲ၊ နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက်တိုင်စာ ရောက်ရှိလာသဖြင့် စစ်ဆေးရန်အတွက် ဝန်ကြီး အဆင့် ၃ ယောက်ပါသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ကို စစ်ဆေးနေသည်မှာ အဂ တိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးလျက်ရှိပြီး၊ စက်မှုဝန်ကြီး ဦးခင်မောင်ချို ကိစ္စကို အစိုးရဘက်မှ ကိုင်တွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဇော်ဌေးက “ဒီနုတ်ထွက်ခွင့်အပေါ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတက နုတ်ထွက်ခွင့်ပေးတာ ဖြစ်ပါတယ်။ ဒါက အ စိုးရက ကိုင်တွယ်တဲ့ဟာပါ။ လျှပ်စစ်၊ စွမ်းအင် ဝန်ကြီး ကိစ္စက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကိုင်တွယ်တဲ့ဟာ မတူ ပါဘူး” ဟု ပြောသည်။

စက်မှုဝန်ကြီးနေရာတွင် ဝန်ကြီးအသစ် ခန့်အပ်ခြင်းမပြုတော့ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးဝင်းကို ပူးတွဲခန့်အပ် တာဝန်ပေး အပ်ခဲ့ခြင်းမှာ အစိုးရ သက်တမ်း လက်ကျန် တနှစ်ခွဲ ကျော် အချိန်သာ ကျန်ရှိခြင်းနှင့် လုပ်ငန်းလည်ပတ်မှု ဆက်စပ်နေသည်မှာလည်း စီမံဘဏ္ဍာ ဝန်ကြီးဖြစ်ခြင်းကြောင့် ပူးတွဲဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် နိုင်ငံတော် သမ္မတနှင့်၊ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်တို့က စဉ်းစားပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

စက်မှုဝန်ကြီးဌာနတွင် တပ်ဆင် ထုတ်လုပ်သည့် လူနာတင်ယာဉ်များအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူရာတွင် ဈေးနှုန်း ကွာဟမှုများ ရှိနေခြင်း၊ မြန်မာ့ ဆေးဝါး ထုတ်လုပ်ရေး BPI စက်ရုံအတွက် ကုန်ကြမ်း ပစ္စည်းများ ဝယ်ယူရာတွင် တင်ဒါ မခေါ်ခြင်း တို့အတွက် တာဝန်ရှိသဖြင့် ဦးခင်မောင်ချိုအား ယခုလို အရေးယူခံရခြင်း ဖြစ်နိုင်ကြောင်း ကနဦး သတင်းများ ပေါ်ထွက်ခဲ့သည်။

ဆေးဝါးထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများကို တင်ဒေါ်မခေါ်ယူဘဲ ဝယ်ယူခဲ့သည့် တန်ဖိုးမှာ ကျပ်သိန်း ၁ သောင်းကျော် အထိ ရှိသဖြင့် ယင်းဌာနမှ အစိုးရ အရာရှိတချို့လည်း အရေးယူခံရဦးမည်ဟု သိရသည်။

စက်မှုဝန်ကြီးဟောင်း ဦးခင်မောင်ချိုကို ဇူလိုင် ၂၆ ရက် တွင် ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး ၎င်းသည် လက်ရှိ အစိုးရလက်ထက် သဘောဆန္ဒအလျောက် နုတ်ထွက်သည့် တတိယမြောက် ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ပထမဆုံးအကြိမ် နုတ်ထွက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဖေဇင်ထွန်းနေရာတွင် ထိုစဉ်က ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပူးတွဲတာဝန် ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဦးဝင်းခိုင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဖြစ်လာခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီး အဖြစ် ဦးဟန်ဇော်က တာဝန်ထမ်း ဆောင်နေသည်။

ဒုတိယအကြိမ်အဖြစ် ယမန်နှစ် မေလအတွင်း စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်း နုတ်ထွက်သွားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

စက်မှုဝန်ကြီး ဦးခင်မောင်ချို တာဝန်မှ အနားပေးခံရ 

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဂတိလိုက်စားမှု စုံစမ်းမှု အရှိန်မြင့်

Did you find apk for android? You can find new Free Android Games and apps.
Loading