သတင်း

မလတ်တောင်ပြိုကျမှု သေဆုံးသူ ၃၀ ၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလက်တောင်ပြိုကျမှုမှ သေဆုံးသူ ရုပ်အလောင်း ၃၀ အထိ ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။  

တောင်ပြိုကျခဲ့သော ဧရိယာအတွင်း လူဦးရေ တရာကျော်နေထိုင်မည်ဟု ခန့်မှန်းထားပြီး ပျောက်ဆုံး နေသူများစာရင်းကို လက်တလော အတည်ပြု ပြောဆို၍ မရနိုင်သေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးထွန်းမင်းအောင်က ရှင်းပြသည်။

သဲဖြူကုန်းကျေးရွာ တောင်ပြိုသည့် ဧရိယာဘေးနေထိုင်သူ ဦးတင်ရွှေ ကတချို့အိမ်တွေက ၁၀ ယောက်ကျော်တဲ့ အိမ်တွေလည်းရှိတယ်၊ ဟိုဘက်က ဦးကရင်တို့အိမ်ဆို မိသားစုလိုက် မရသေးဘူး၊ ကျန်တဲ့ဟာတွေက မတွေ့ကြသေးဘူးဟု ဆိုသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ အရေအတွက်မှာ ယနေ့ မွန်းတည့် ၁၂ နာရီအထိ ရှာဖွေတွေ့ရှိမှုဖြစ်သည်။ မွန်ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့သူ ၄၁ ဦးရှိသည်ဟု သိရသည်။ 

တောင်ပြိုသည့်နေရာသည် မော်လမြိုင်ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/ နှင့် ၁၈၄/ အကြား တွင်ရှိပြီး သြဂုတ် ရက်နေ့ နံနက်ပိုင်းက ပြိုကျခဲ့ခြင်းဖြစ်သည်။ 

တောင်ပြိုကျမှုကြောင့် ပြန်လည်ရရှိခဲ့သော သေဆုံးအလောင်းများမှာ ကျား ၁၀ ဦးနှင့် ဦးဖြစ်ပြီး လမ်းမကြီးပေါ်တွင် ပိတ်ဆို့လျက်ရှိသည့် တောင်မြေများအား မြေတူးစက် (Backhoe/ Dozer) ၁၀ စီးဖြင့် ဖယ်ရှားရှင်းလင်းနေကြောင်းလည်း ယင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

သဲဖြူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ကလည်း မလတ်တောင် ပြိုကျသည့် ဧရိယာအတွင်း ခန့်မှန်း အိမ်ခြေ ၁၆ လုံးဝန်းကျင် ရှိနိုင်ပြီး လူဦးရေ ၉၆ ဦးဝန်းကျင်နေထိုင်ကြောင်းနှင့် မလတ်တောင် ပြိုကျစဉ် လူဦးရေ မည်မျှပါရှိသွားသည်ကိုတော့ လက်တလော မသိရှိနိုင်သေးကြောင်း ပြောသည်။

ပြိုကျခဲ့သည့် မလတ်တောင်ခြေရင်းတွင် ဥတ္တရာရာမ ဘုန်းကြီးကျောင်းလည်း တည်ရှိနေပြီး တောင်ပြိုမှု ဖြစ်စဉ်ကြောင့် သံဃာတော်တပါး ပါရှိသွားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

သြဂုတ် ရက်နေ့ညပိုင်းတွင် ရေကြီးရေလျှံဖြစ်ပွားခြင်းကြောင့် မြေနိမ့်ပိုင်းနေသူအချို့မှာ ရေဘေးရှောင်ရန် ဆွေမျိုးများနေအိမ်သို့ လာရောက်ရှားနေထိုင်ရာမှ တောင်ပြိုမှုဖြစ်စဉ်ထဲ ပါသွားသည့် မိသားစုများလည်း ရှိသည်ဟု သဲဖြူကုန်း ဒေသခံများက ပြောဆိုနေကြသည်။

သဲဖြူကုန်းကျေးရွာရှိ ရန်ကုန်မော်လမြိုင် အဝေးပြေးလမ်းမကြီး ကားလမ်းကျော်မှု ဖြစ်နေခြင်းကြောင့် အဝေးပြေးလမ်းပေါ်တွင် ခရီးသွားကားများနှင့် ကုန်တင်တွဲကားများမှာ ရေကျချိန်စောင့်ဆိုင်း ရပ်နားထားစဉ် တောင်ပြိုကျမှုကြောင့် ယင်းကားများပါ တောင်မြေဖုန်းပိသွားခဲ့ရကြောင်း တောင်ပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရန်ကုန်မော်လမြိုင် ကုန်တင်ကားမှ လွတ်မြောက်လာသူ ယာဉ်နောက်လိုက် ကိုအောင်သီဟဦးက ပြောပြသည်။

အဆိုပါကျေးရွာမှာ အစ္စလာမ်အများစု နေထိုင်ကြပြီး အစ်နေ့အတွက် ဝယ်ယူထားသည့် နွားများလည်း ပါရှိသွားကြောင်း ဒေသခံများက ပြောပြသည်။

ယင်းတောင်ခြေနေထိုင်သူများနှင့် ယင်းတောင်ခြေမှ စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင် အချို့မှာ တောင်ခြေရင်းကို ဖြတ်ထုတ်၍ တညီတည်းဖြစ်ရန် အောက်ခြေမြေညှိထားကြသဖြင့် မိုးရေများချိန်တွင် တောင်အပေါ်ပိုင်းက ပြတ်ကျခြင်းလည်း ဖြစ်နိုင်သည်ဟု သဲဖြူကုန်းဒေသခံ ကိုညီညီဝင်းက သုံးသပ် ပြောဆိုသည်။

You may also like these stories:

ပေါင်မြို့နယ်တွင် မြေပြိုမှုကြောင့် လူ ၁ဝ ဦးသေဆုံး၊ ၃၀ ခန့် ပျောက်ဆုံးနေ

ပင်လယ်ရေ တိုက်စား၍ အလှပ်ကမ်းခြေက နေအိမ် ၃၇ လုံးပြို

မွန်၊ ကရင်နှင့် တနင်္သာရီ တို့တွင် မိုးပိုဦးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading