• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး ပြန်လုပ်

by မြတ်ပြည့်ဖြိုး
15 August 2019
in သတင်း
A A
ဖောက်ခွဲဖျက်ဆီးခံထားရသည့် ဂုတ်တွင်း တံတားမြင်ကွင်း  / Myo Thant Aung

ဖောက်ခွဲဖျက်ဆီးခံထားရသည့် ဂုတ်တွင်း တံတားမြင်ကွင်း / Myo Thant Aung

39.3k
VIEWS
Share on FacebookShare on Twitter

ပြင်ဦးလွင်နှင့် နောင်ချိုမြို့တွင် ယနေ့ နံနက်ပိုင်း ဖြစ်ပွားခဲ့သော လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရမှု အပေါ် မန္တလေး တိုင်းနှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။

မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက “အခု ထိတွေ့မှု ဖြစ်တဲ့နေရာကို ရောက်နေပြီ။ အခုကတော့ ဖြစ်ပြီးသွားပြီ ဆိုတော့ မြေပြင်အခြေအနေအရ လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက် တာကို ရမခ (အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)နဲ့ ပေါင်းစပ်ပြီး ကျနော်တို့ လုပ်သွားမယ်” ဟု ဧရာဝတီကို ပြော သည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
356
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
4.3k
အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
331

သြဂုတ် ၁၅ ရက် နံနက် ၅ နာရီ အချိန်ခန့်က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်၊ ရှမ်းပြည်နယ် မြောက် ပိုင်း နောင်ချိုမြို့နယ်ရှိ တရားမဝင် ကုန်စည် စစ်ဆေးရေးဂိတ် အဆောက်အအုံများအား ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့ က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး အရပ်သားများအပါအဝင် စစ်သည်တချို့ ထိခိုက် ဒဏ်ရာရရှိခြင်း၊ အဆောက်အအုံနှင့် ကားတချို့ ပျက်စီးသွားကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို နယ်မြေနှင့် အနီးစပ်ဆုံး ဒေသခံလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ပလောင်(တအန်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) က ဆောင်ရွက်ခြင်းဟု ယူဆကြောင်း ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ TNLA အဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် မိုင်းအိုက်ကျော်ကTNLA၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ် (AA) တို့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ သုံးဖွဲ့က စစ်ဆင်ရေး ပြုလုပ်ခြင်းဖြစ်သည်ဟု TNLA က အတည်ပြုသည်။

TNLA သတင်းပြန်ကြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး မိုင်းအိုက်ကျော် က “ဖြစ်ရတဲ့အကြောင်းအရင်း ကတော့ မြန်မာစစ်တပ်ဘက်က ကျနော်တို့ လှုပ်ရှားတဲ့နေမြေတွေကို စပြီး စစ်ဆင်လာတာကြောင့်ကျနော်တို့က ခုခံကာကွယ်စစ်ပုံစံပေါ့။ အဲဒီလို (စစ်ဆင်ရေး) ပြောင်းလိုက်ပြီးတော့ အခုလို တိုက်ပွဲဖြစ်ပွားရတာပါ” ဟု ပြောသည်။

လက်ရှိ အချိန်တွင် ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ပြင်ဦးလွင်မြို့၌ လုံခြုံရေးနှင့် ပတ်သက်၍ တပ်မတော်မှ အဆင်သင့် အနေအထားဖြင့် ပြင်ဆင်ထားသလို၊ နောင်ချိုမြို့နယ်အတွင်းတွင်လည်း တပ်မတော် စစ်ကြောင်းမှ နယ်မြေရှင်းလင်း ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက သိရသည်။

ထိုသို့ ဖြစ်ပွားခဲ့မှု အပေါ် ဒေသခံများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေသလို မန္တလေး-မူဆယ် လမ်းကြော တွင် သွားရောက်နေသော ခရီးသည်တင်ယာဉ်လိုင်းအချို့လည်း ခရီးစဉ်များ ယာယီဆိုင်းငံ့ထားကြောင်း ပြင်ဦးလွင် မြို့နယ် ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးအောင်က ဧရာဝတီကို ပြောသည်။

မန္တလေးမှ မူဆယ်လမ်းကြောသို့ ပျမ်းမျှအားဖြင့် နေ့စဉ် အတက်ကားအစီးရေ ၃၀၀ ဝန်းကျင်ခန့် ရှိကြောင်း အဆိုပါ ကော်မတီက သိရသည်။

မန္တလေး-ကျောက်မဲ ခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ရှိသူ တဦးကလည်း “အခုလို ပစ်ကြခတ်ကြတွေ ဖြစ်တော့ ကျောက်မဲကနေ အဆင်းကားတွေက မဆင်းလာရဲတော့ ခရီးစဉ်တွေကို ဒီနေ့ ဖျက်လိုက်ရတယ်။ မနက်ဖြန်လည်း အခြေအနေကြည့်ပြီးမှ ကားတွေ ထွက်ဖို့တော့ မှာထားတယ်။ ခရီးသွားပါးတဲ့ ရာသီဖြစ်ပေမယ့် အခုလို လမ်းပန်း ဆက်သွယ်ရေးမှာ လုံခြုံမှုမရှိတော့ လုပ်ငန်းတွေပါ ကမောက်ကမ ဖြစ်ကုန်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။

ယခု မိုးရာသီသည် ကုန်ပါးသော ရာသီဖြစ်သဖြင့် ယခုလို နယ်မြေလုံခြုံရေး ဆိုင်ရာ ပြဿနာ ပေါ်လာခြင်းက ကြီးမား သော သက်ရောက်မှု မရှိသေးဟုလည်း မန္တလေး-မူဆယ် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင် အချို့က ဧရာဝတီကို ပြောဆိုသည်။

တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေး လမ်းကြောင်းတခုလည်း ဖြစ်သည့် မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယခုလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များကလည်း ကျွဲ၊ နွားတင်ပို့သည့် ကားနှစ်စီးကို လက်နက်ကိုင် တစုက ပစ်ခတ်ခဲ့ကြသဖြင့် ယာဉ်မောင်း ၂ ဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ အပြစ်မဲ့ အရပ်သားများ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကမှ ဝန်ခံခဲ့ခြင်းမရှိပါ။ ယင်းမတိုင်မီကလည်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဆက်ကြေးကောက်ခြင်း၊ ကုန်ကားများကို ပစ်ခတ်ခြင်းများ ရှိခဲ့သည်။

ယနေ့မနက်ပိုင်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့သော နေရာတချို့သည် မန္တလေး- မူဆယ်လမ်းနှင့် နီးစပ်နေပြီး ယင်းလမ်းကြောသည် ခရီးသည် နှင့် ကုန်တင်ယာဉ်များပါ သွားရောက်နေသည့် အရေးပါသောလမ်းမကြီးတခု ဖြစ်သလို ယခုလို ဖြစ်ပွားသဖြင့် နယ်မြေ လုံခြုံရေးကြောင့် ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုစီးပွားကိုပါ အခက်အခဲ ဖြစ်စေနိုင်မည်ဟု ဒေသခံများက ဝေဖန် ပြောဆိုကြသည်။

ပြင်ဦးလွင် မြို့ခံတဦးက “အရင်က ဒီလိုတခါမှ မကြုံဖူးသလို အခုလို လုပ်လိုက်တာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ လိုချင်တာကို အလွယ်တကူ မရတော့ အတင့်ရဲလာပြီး ခြိမ်းခြောက်တဲ့ ပုံစံ၊ တပ်လှန့်တဲ့ ပုံစံ ဖြစ်လာတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ လူထူထပ်တဲ့ နေရာတွေ မသွားဖို့၊ လုံခြုံရေး သတိရှိဖို့ မိသားစုကော နီးစပ်ရာ မိတ်ဆွေတွေပါ မှာနေရတယ်” ဟု ဧရာဝတီကို ပြောသည်။

ယနေ့မနက် တိုက်ခိုက်မှုများ ဖြစ်ပြီးနောက် လူမှုကွန်ရက်တွင် ဂုတ်ထိပ်တံတားမိုင်းခွဲခံရကြောင်း သတင်းများ ထွက်ပေါ်နေပြီး ထိုသတင်းမှာ သတင်းမှားဖြစ်ကြောင်း မန္တလေး-လားရှိုးမီးရထားခရီးစဉ်ကို ယနေ့ ပုံမှန် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား မန္တလေးတိုင်းသွားလာရေး လက်ထောက်အထွေထွေမန်နေဂျာ ဦးစံသာအောင်က ဧရာဝတီကို အတည်ပြုပြောကြားသည်။

မြန်မာ့မီးရထားမှ ဦးစံသာအောင်က “ဂုတ်ထိပ်တံတားမကျိုးပါဘူး။ ကျနော်တို့ ရထားလမ်းနဲ့ မဆိုင်ပါဘူး။ လက်ရှိ ဖြစ်နေတဲ့ လုံခြုံရေးအခြေ အနေတွေကိုတော့ အကြမ်းဖျင်းသိထားပေမဲ့ ခရီးစဉ်ကို ဆိုင်းငံ့ထားမျိုးတော့ မလုပ်သေးပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နောင်ချို မူးယစ်စစ်ဆေးရေးဂိတ်က မူးယစ်ဆေးဝါးစစ်ဆေးရေး X-Ray စက်ဖြင့် စစ်ဆေး၍ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိခဲ့သလို ကွတ်ခိုင်တွင်လည်း ထိုသို့ ဖမ်းဆီးရမိသဖြင့် ဒေသခံလက်နက်ကိုင် တပ်ဖွဲ့က ၎င်းတို့အတွက် ထွက်ပေါက်မရှိတော့သဖြင့် ထိုသို့ဆောင်ရွက်ခြင်း ဖြစ်နိုင်သည်ဟုလည်း လူမှုကွန်ရက်တွင် ပြောဆိုနေမှုများလည်း ရှိနေသည်။

နောင်ချိုရှိ တရားမဝင် ကုန်စည်စစ်ဆေးရေး စခန်းအား ရှမ်းပြည်နယ် အစိုးရက ဦးဆောင်ပြီး ဌာနဆိုင်ရာ အနေဖြင့် အကောက်ခွန်ဌာနမှ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကာ လက်ရှိ အနေအထားအရ ပျက်စီးဆုံးရှုံးမှု အခြေ အနေ အသေးစိတ်ကို မသိရှိရသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသူက ဧရာဝတီကို ပြောသည်။

ယခုတိုက်ခိုက်မှုများ မဖြစ်ပွားမီ သြဂုတ် ၁၄ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းတို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြသေးသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေကိုလည်းထည့်သွင်းဆွေးနွေးခဲ့သေးသည်။

ထို့အတူ အစိုးရက မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) ဆိုင်ရာ အချက်များ ဆွေးနွေးရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် ထပ်မံတွေ့ဆုံရန် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက တဆင့်ကမ်းလှမ်းထားသည်။

ထိုကမ်းလှမ်းထားချက်မှာ ယခုတိုက်ပွဲများကြောင့် အပြောင်း အလဲရှိမရှိကိုတော့ မသိရသေးပါ။

တပ်မတော်အနေဖြင့် အရှေ့ပိုင်းစစ်တိုင်း ၅ တိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားခြင်းကို ၂၀၁၉ ခုနှစ် သြ ဂုတ်လ ၃၁ ရက်အထိ ၂ လ သက်တမ်း တိုးပေးထားခြင်း ဖြစ်သည်။

တပ်မတော်က စစ်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းပေးသည့် ကာလကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၁ ရက် အထိ တကြိမ်၊ ၂၀၁၉ ခုနှစ် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ၁ ကြိမ် စုစုပေါင်း၂ ကြိမ် ရပ်ဆိုင်း ပေးထားခဲ့ပြီး ဖြစ်သည်။

ထပ်မံ သက်တမ်း တိုးမြင့်ထားသည့် အပစ်ရပ်နယ်မြေ ၅ ခုမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ် ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံတိုင်း စစ်ဌာနချုပ်တို့ ဖြစ်ကြသည်။

Your Thoughts …
Tags: နောင်ချိုပြင်ဦးလွင်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

by ဧရာဝတီ
27 January 2025
18k

နောက်ပိုင်းတွင် စစ်တက္ကသိုလ်ကို သူ၏ အင်္ဂလိပ်အမည် အတိုကောက်ဖြင့် ဒေါ်စိန်အေးဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

by ဧရာဝတီ
8 June 2024
11.4k

အဆိုပါကျောင်းတော်အား သီတဂူ နွေရာသီ စံကျောင်းတော်ကြီးဟု အမည်ပေးထားသည်။

နောင်ချိုမြို့အနီး စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် MDY PDF တို့ စစ်ဆင်

နောင်ချိုမြို့အနီး စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် MDY PDF တို့ စစ်ဆင်

by ဧရာဝတီ
2 November 2023
11.4k

အဆိုပါ စစ်ကောင်စီ ယာဉ်တန်းတွင် သံချပ်ကာ ၂ စီး နှင့် စစ်ကား ၂၂ စီး ပါဝင်ပြီး ယမန်နေ့ ညနေက ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ တက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ရွှေညောင်ပင်ရွာနှင့် အုမ္မသီးရွာကြား စခန်းချ...

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

by ဧရာဝတီ
22 January 2024
9.5k

တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းကာ စစ်ကောင်စီတပ်အား ကြးဖြတ် တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း၊ မတ္တရာမြို့နယ်ထဲမှ တော်လှန်ရေးအင်အားစုများအနေဖြင့် ဗျုဟာအလိုက် စစ်ကြောင်းထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း

ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

by ဧရာဝတီ
9 August 2024
8.1k

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် MNDAA ၊ TNLA နှင့်မဟာမိတ်တပ်ပေါင်းစုသည် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် တည်ရှိရာ လားရှိုးမြို့နှင့် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ်မြို့တို့အား တိုက်ခိုက်သိမ်းပိုက်ထားသည့်အတွက် ပြင်ဦးလွင်မြို့နှင့်မန္တလေးမြို့တို့၏ အဓိက ခံစစ်စည်းပျက်သွားပြီဖြစ်ကြောင်း

Next Post
အဲဒီကျောပိုးအိတ်တွေကို သေနတ်နဲ့ ပစ်ကြည့်တဲ့ အခါမှာတော့ အမှန်တကယ်ပဲ ကျည်ဆန်မထိုးဖောက်နိုင်ပါဘူး

အမေရိကန်မှာ ကျောင်းသားများအတွက် ကျည်ကာကျောပိုးအိတ် ထုတ်လုပ်ရောင်းချ

Huawei က "Map Kit" လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် မြေပုံဝန်ဆောင်မှုတခုကို ဖန်တီးနေပါပြီ

Google Maps ကို ယှဉ်ပြိုင်မယ့် ကိုယ်ပိုင် မြေပုံဝန်ဆောင်မှုတခုကို Huawei ဖန်တီးနေ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

7 hours ago
4.3k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate