အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ကို ယခုလက်ရှိ လူအများစု နေထိုင်ရာ ဂျာဗားကျွန်းပေါ်ရှိ ဂျာကာတာမြို့ မှ ဘော်နီယို ကျွန်းပေါ်ရှိ ကာလီမန်တန်သို့ ရွှေ့ပြောင်းရေး အစီအစဉ်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက လွှတ်တော်သို့ သောကြာနေ့တွင် တရားဝင် အဆိုတင်သွင်းခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ၇၄ နှစ်မြောက် လွတ်လပ်ရေး အခမ်းအနား မတိုင်မီ တရက်၌ လွှတ်တော်တွင် ပြောကြားသည့် ပြည်ထောင်စု မိန့်ခွန်းတွင် ဝီဒိုဒိုက ထည့်သွင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့နိုင်ငံရဲ့ မြို့တော်ကို ကာလီမန်တန်ကို ရွှေ့ဖို့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ခွင့်ပြုချက်ကို ကျနော် ဒီနေရာကနေ တောင်းခံလိုက်ပါတယ်” ဟု ဝီဒိုဒိုက ၎င်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။ ဝီဒိုဒိုသည် ဧပြီလ ရွေးကောက်ပွဲ နိုင်ပြီးနောက် ၎င်း၏ ဒုတိယ ရာထူးသက်တမ်းအတွက် အောက်တိုဘာတွင် ကျမ်းသစ္စာ ကျိန်ဆိုရန်လည်း ရှိနေသည်။
“မြို့တော်တခု ဆိုတာ အမျိုးသားရေးလက္ခဏာ သင်္ကေတ တရပ်တင် မဟုတ်ဘဲနဲ့ နိုင်ငံရဲ့ တိုးတက်မှုကိုပါ ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ ဒီအတွက် စီးပွားရေးညီမျှမှုနဲ့ တရားမျှတမှုကို နားလည် သဘောပေါက်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သော်လည်း မြို့တော်သစ်၏ တည်နေရာကို အတိအကျ ထုတ်ဖော် ပြသခဲ့ခြင်းမရှိပေ။
You may also like these stories:
တောမီး မငြိမ်းပါက ရဲတပ်ဖွဲ့နဲ့ စစ်တပ် အရာရှိတွေကို အလုပ်ဖြုတ်မယ်လို့ အင်ဒိုနီးရှားသမ္မတ ပြောကြား
မဲကွဲပေမယ့် အမုန်းမထားတဲ့ အင်ဒိုနီးရှားက အိမ်ကလေး
၂၀၁၉ မှာ ခရီးသွား သန်း၂၀ လာရောက်ဖို့ အင်ဒိုနီးရှား အစိုးရ မျှော်လင့်
ကပ်ဘေးဒဏ်ခံများအတွက် အင်ဒိုနီးရှား နိုင်ငံရေးသမားများ မျှော်လင့်ချက် မပေးနိုင်