သတင်း

ပုဏ္ဏားကျွန်း၌ ရဲယာဉ်တန်း မိုင်းဆွဲခံရ၊ ဒုရဲမှူးသေဆုံး ၄ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ယနေ့ မွန်းလွဲပိုင်းက ကျောက်ဖြူ အခြေစိုက် အမှတ် (၃၂) ရဲတပ်ရင်းမှ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ဒုရဲမှူး သောင်းလွင်သေဆုံးပြီး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

တိုက်ခိုက်ခံရသည့် ရဲတပ်ဖွဲ့ဝင် ယာဉ်တန်းမှာ ကျောက်တော်မှ စစ်တွေသို့ လာရောက်စဉ် ပုဏ္ဏား ကျွန်းမြို့နယ် အတွင်းတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“ဆွဲမိုင်းအဆွဲခံရတဲ့အတွက် ယာဉ်တန်းအနည်းငယ် ပျက်စီးသွားတာ ရှိတယ်။ တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရတာ အနည်းငယ် ရှိတယ်။ ဒဏ်ရာရတဲ့  ၅ ဦးထဲမှာ ဒုရဲမှူး သောင်းလွင်လည်း ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယနေ့  ကျောက်တော်ဘက်မှ လာသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင် ယာဉ်တန်းမှာ  ကျောက်တော်နှင့် ပုဏ္ဏားကျွန်းနယ်စပ် အနီးတွင် တကြိမ် ၊ ယိုးတရုတ်အလွန် ပြိုင်းချောင်း  ကျေးရွာ အနီးတွင် တကြိမ်၊ စုစုပေါင်း ၂ ကြိမ် မိုင်းဆွဲ တိုက် ခိုက်ခံရခြင်း ဖြစ်ကြောင်း၊ ဒုရဲမှူးသောင်းလွင်မှာ ဆေးရုံသို့ သယ်ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြာင်း   ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ဒဏ်ရာ ရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို ဆေးရုံကို ပို့ဆောင်ထားကာ ၎င်းမိုင်းဆွဲတိုက်ခိုက်သည့်  နေရာ အနီးဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးများကို လုပ်ဆောင်လျှက် ရှိကြောင်းလည်း သိရသည်။

ယမန့်နေ့  ညနေပိုင်းကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်မှာ ရေယာဉ် ဆိပ်ကမ်း ရုံးအနီးတွင် ရှိနေစဉ် ဓားထိုးခံရသည့်အတွက် လက်ရှိအချိန်အထိ ဆေးကုသမှုကို ခံယူရသည်။

ဆက်စပ်ဖတ်ရှု့ရန် – ကျောက်တော် ရဲတပ်ဖွဲ့မှူး ဓားထိုးခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading