သတင်း

ပြင်ဦးလွင် တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယဖြစ်ခံရသူ ၂ ဦး အဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်ခံရမှုတွင် ပါဝင်သည်ဟု သံသယ ဖြစ်သူ ၂ ဦးကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ က ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၏ တောင်ဘက် ၇ မိုင်ခန့် ဝေးသည့် နေရာတွင် နေထိုင်သူ ရှမ်းပရဟိတ ကျောင်းဆရာများဖြစ်သူ ညီအကို နှစ်ဦး ဖြစ်သည့် စိုင်းခွန်မိုင်းနှင့် စိုင်းလင်းစင့်တို့ကို ဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ဖခင် ဦးစိုင်းစောလှက ဧရာဝတီသို့ ပြောသည်။

“သူတို့ (အာဏာပိုင်)က မသကာၤမှုနဲ့ ဆွဲထားတာပါ။ ပြင်ဦးလွင်မှာ ဖြစ်တဲ့ ကိစ္စနဲ့ပေါ့လေ။ အဲဒီကိစ္စတွေနဲ့ ဆက်စပ်တယ်လို့ သူတို့ က သံသယလို့ခေါ်တယ်လို့ပဲ ပြောတာပဲ။ ၁၇ ရက်နေ့ ညနေက နေပြည်တော်ကနေ စရဖတွေ လာပြီးတော့ စစ်ဆေး ခွင့်ပြုပါ ဆို ပြီးတော့ သားဖြစ်တဲ့ စိုင်းခွန်မိုင်းကို ခေါ်သွားတယ်”ဟု ဦးစိုင်းစောလှက ပြောသည်။

၎င်းကိုယ်တိုင်လည်း ပြင်ဦးလွင် ရဲစခန်းက ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း၊ ၎င်း၏ သား ၂ ဦးစလုံးသည် ကွန်းဟိန်းမြို့ နယ်တွင် သွားရောက်လုပ်ကိုင်နေသည့် ရှမ်းပရဟိတကျောင်းမှ ကျောင်းဆရာများ ဖြစ်သည်ဟု သိရသည်။

ဦးစိုင်းစောလှက“၁၇ ရက်နေ့ညက စိုင်းခွန်မိုင်းကို ခေါ်သွားတယ်။ သူ့ကို စစ်ဆေးပြီးတော့ သူ့ညီကိုလည်း ၁၉  ရက်နေ့မှာ ထပ်လာ ခေါ်သွားတယ်။ ကျနေ်ာသားတွေက ကျောင်းဆက်တက်ဖို့ ပရဟိတကျောင်းကနေ ခနပြန်လာနားနေတာ။ အခုလည်း တိုင်ချက်ရှိလို့ လာတာလို့ သိရတယ်။ ကျနေ်ာသား ပြန်တဲ့နေ့နဲ့ ဒီဖြစ်စဉ် ဖြစ်တဲ့နေ့ကလည်း တရက်တည်း ဖြစ်နေတော့ အထင်လွဲစရာတွေ ဖြစ် သွားတာပေါ့”ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယင်းဖြစ်စဉ် အသေးစိတ်ကို မသိရှိသေး ကြောင်း ပြောသည်။

ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်က နောင်ချိုနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ် ပြုလုပ်ခဲ့သည်။

ထို့ပြင် မူဆယ်-မန္တလေးကြား ကုန်သွယ်လျက်ရှိသော ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချိုမြို့ ဂုတ်တွင်း တံတားကိုလည်း ဖောက် ခွဲ ဖျက်စီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး နှစ်ဖက် တိုက်ပွဲများ ရင်ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့ချိန်ထိ ဖြစ်သည်။

တရုတ်၏ ကြားဝင် ညှိနှိုင်းမှုအရ တိုက်ပွဲများ ရပ်ရမည် ဆိုပါက ရခိုင်၊ ကိုးကန့်၊ ပလောင် တိုင်းရင်းသားဒေသများတွင် ပြုလုပ်နေ သည့် စစ်ဆင်ရေးများကို ရပ်ရန် လိုကြောင်း၊ တိုင်းရင်းသားဒေသများတွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန်နှင့် စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးမှု အပစ်ရပ်ရေး ကိစ္စက အစိုးရက ဆောင်ရွက်ပေးရန် TNLA က တောင်းဆိုထားသည်။

ထို့ပြင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့ မျိုးက ပြည်မထဲအထိ လာရောက်ပြီး တိုက် ခိုက်ရုံ သာမက အနည်းဆုံး နေရာ ၆ ခုတွင် စနစ်တကျ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယင်းအဖွဲ့ ၏ နောက်ကွယ်တွင် အင်အား ကောင်းသည့် အဖွဲ့ မျိုး ရှိနိုင်မည်ဟု သုံးသပ်မှုများ ရှိရာ ယင်းကိစ္စများကိုမူ သတင်း အတည်ပြုဆဲသာ ဖြစ်သည်ဟု တပ်မတော် တာဝန်ရှိသူများက ပြောဆိုထားသည်။

ဆက်စပ်ဖတ်ရှုရန်

ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်ခံရမှု တပ်မတော် သတင်း ကြိုမရ

လူ့အခွင့်အရေးကော်မရှင် လူရော မူပါ ပြုပြင်ပြောင်းလဲပါ

AA ဝါဒဖြန့်မှု နားမယောင်ဘဲ တပ်ထဲရှိ ရခိုင်များ သစ္စာရှိဆဲဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading