သတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ထောင်ဒဏ် ၁နှစ် ချမှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

အများပြည်သူ အကျိုး ပျက်စီးစေမှု ပုဒ်မ ၅၀၅(က)ဖြင့် တပ်မတော်မှ တရားစွဲထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား အင်းစိန်မြို့နယ် တရားရုံးက ယနေ့တွင် ထောင်ဒဏ် တနှစ် ကျခံရန် အမိန့်ချ သည်။

ယင်းအမှုတွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ပြုကြောင်းလည်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မောင်ဆောင်းခက “ မတရားမှုအပေါ်မှာ မတရားမှု ထပ်ဆင့် လိုက်သလိုပါပဲ။ တရား စစွဲခံရကတည်းက လွတ်လပ်စွာ ပြောဆိုဝေဖန်မှုကို အကြီးအကျယ် ချိုးဖောက်တယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတယ်။ စစွဲက တည်းက မှားနေတဲ့ ကိစ္စတခုမှာ အခုလို ပြစ်ဒဏ်ချလိုက်တာ ပိုပြီးဆိုးသွားစေပါတယ်” ဟု ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက် ၍ သုံးသပ် ပြောဆိုသည်။

ကင်ဆာရောဂါ ခံစားနေရသည့် ဦးမင်းထင်ကိုကိုကြီး အနေဖြင့် ရုံးချိန်းများအတွင် အာမခံရရှိရေး အကြိမ်ကြိမ် တင်ပြခဲ့ သော်လည်း ပယ်ချခံခဲ့ရပြီး အကျဉ်းထောင် အချုပ်၌ ၅ လကျော် နေထိုင်ကာ အမှုရင်ဆိုင်ခဲ့ရသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ မတ်လ ၂၂ ရက် အတွင်း ရေးတင်ခဲ့ သည့် ပို့စ်များထဲမှ ပို့စ် ၁၀ ခုသည် တပ်မတော်၏ ဂုဏ်သိက္ခာအား ထိခိုက်စေ သည်ဟု ဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူး ကြီး လင်းထွန်းက အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလ အတွင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဦးမင်းထင်ကိုကိုကြီးသည် စစ်အစိုးရလက်ထက် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေး တွင် တပ်မတော်၏ ပါဝင်နေမှု အခန်းကဏ္ဍတို့အား ပြင်းထန်စွာ ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။

ထိုသို့ ရေးသားမှုများကြောင့် တရားလိုဖြစ်သူ ဒု ဗိုလ်မှူးကြီး လင်းထွန်းကပင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆-ဃ ဖြင့် အင်းစိန်မြို့မ ရဲစခန်းတွင် ထပ်မံ အမှုဖွင့်ထားမှု ရှိသည့်အတွက် ယင်းအမှုအား ဆက်လက် ရင်ဆိုင်ရဦးမည့် အခြေအနေ ဖြစ်သည်။

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဖမ်းဆီးခံရမှုနှင့် ပတ် သက်ပြီး အမြန်ဆုံး လွှတ်ပေးရေးကို နယ်သာလန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ချက်၊ လစ်သူယေးနီးယား၊ တောင်အာ ဖရိက၊ အီတလီ၊ နော်ဝေ၊ ပိုလန်၊ဟန်ဂေရီ နိုင်ငံများမှ ရုပ်ရှင်အဖွဲ့အစည်းများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ယနေ့ အမိန့်ချမှတ်မှုနှင့် ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား တရားစီရင်ရေး၏ လွတ်လပ်မှုအပေါ် မေး ခွန်းထုတ်ရမည် ဖြစ်ကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

ဆက်စပ်ဖတ်ရှု့ရန်

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော် တရားစွဲဆိုမှု စွဲချက်တင် အမိန့်ချ

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို စွဲချက်တင်၊ မတင် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို စွဲချက်တင်၊ မတင် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

Did you find apk for android? You can find new Free Android Games and apps.
Loading