သတင်း

စားသောက်ဆိုင်ပိုင်ရှင် အသတ်ခံရမှု မြန်မာအလုပ်သမားများ ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ စားသောက်ဆိုင် ပိုင်ရှင် အသတ်ခံရမှု ပတ်သက်၍ မြန်မာလေးဦးကို ထိန်းသိမ်းလိုက်ပြီး၊ ကျန် ၃ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း  Bangkok Post သတင်း၌ ယမန်နေ့က ဖော်ပြသည်။

အဆိုပါ မြန်မာအလုပ်သမားများ အရက်သေစာ သောက်စား ဆူညံနေရမှာ ဆိုင်ရှင် အသစ် တရုတ်လူမျိုးက ဆူပူသဖြင့် ဒေါသဖြင့် သတ်ဖြတ်ခြင်း ဖြစ်ကြောင်း၊ ၎င်းအလုပ်သမားများမှာ ယင်းစား သောက်ဆိုင်တွင် လွန်ခဲ့သည် ၈လခန့် ကတည်းက အလုပ်လုပ်နေခြင်းဖြစ်ပြီး၊ အလုပ်ပြီးပါက အရက်သောက်ကြကြောင်း သိရသည်။

ယခုဖမ်းဆီးထားသူ လေးဦးအနက် သုံးဦးကို ညသန်းခေါင်ယံအလွန် ချွန်ဘူရီ ခရိုင် ပတ္တရားတွင် တွင်ဖမ်းမိခြင်းဖြစ်ပြီး ကျန် တဦးကို ရနောင်းခရိုင်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းမီဒီယာများ က သောကြာနေ့တွင် ဖေါ်ပြသည်။

ရဲတပ်ဖွဲ့သည် စားသောက်ဆိုင်ပိုင်ရှင် တရုတ်အမျိုးသား သေဆုံးပြီးနောက် ထွက်ပြေးသွား သည့်မြန်မာအမျိုးသမီး အလုပ်သမား လေးဦးကို လိုက်လံရှာဖွေနေသည်။

အသက် ၅၁ နှစ်ရှိပြီဖြစ်သော တရုတ်လူမျိုး ချန်ရိဟိုင်၏ အလောင်းကို ကြာသပတေးနေ့နံနက်က ဆွိုင် ရမ်ခမ်ဟမ် ၃၉ ရှိ စီးပွားရေးလုပ်ငန်းအဆောက်အအုံ တတိယထပ်ရှိ သူ၏အိပ်ခန်းကြမ်းပြင်မှ သွေးအိုင်အတွင်း တွေ့ရသည်ဟု ဆိုသည်။

သေဆုံးသူတွင် ဂုတ်၊ နဖူးနှင့် ဦးခေါင်းတို့တွင် ပြင်းထန်သော ဒဏ်ရာများဖြင့်တွေ့ရသည်။ သူ၏ ညာခြေကျင်းဝတ်မှာ ကျိုး နေပြီး ညာဖက်လက်ကို ဓါးဖြင့်ခုတ်ထားသည်။ ကွဲနေသော အရက်ပုလင်း များနှင့် အခြားအရာများသည် အခန်းတွင်းတွင် ပြန့်ကျဲနေသည်။ သွေးစွန်းနေသော ဓါးကို သူ၏ ကုတင်ပေါ်တွင် တွေ့ရသည်။ သံချောင်း တချောင်းနှင့် ဘတ်ငွေ ၁၉၀၀၀ ကို လည်း အခန်းတွင်း တွင်တွေ့ရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ထို သုံးထပ်အဆောက်အအုံ၏ ပထမထပ်ကို မာလာဆူကီ စားသောက်ဆိုင်အဖြစ်ပြုလုပ်ထားပြီး ကျန်နှစ်ထပ်ကို အလုပ်သမားများနေထိုင်ရာနေရာအဖြစ်သုံးသည်။

ယင်းဆိုင်ကို ယခင်က ဗီရော့ဆိုသူက ပိုင်ဆိုင်ပြီး မိတ်ဆွေဖြစ်သူ ချန်ရိဟိုင်ကို ရောင်းချထားပြီး၊ စက်တင်ဘာ ၁ရက်နေ့ တွင် စတင်လုပ်ကိုင်မှာဖြစ်ကြောင်း သိရသည်။

အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးပါသော မြန်မာအလုပ်သမားများ ထိုအဆောက်အအုံတွင် နေထိုင်ကြောင်း မီဒီယာများက ဗီရော့ ဟုသာ ဖေါ်ပြသော ထိုစားသောက်ဆိုင်ပိုင်ရှင်က ကြာသပတေး နေ့တွင် ရဲတပ်ဖွဲ့သို့ပြောခဲ့သည်။

ကြာသာပတေးနေ့ နံနက်ပိုင်းက အမျိုးသမီး အလုပ်သမားမှ ဗီရော့ထံ ဖုန်းဆက်ပြီး သူအနေဖြင့် အမဖြစ်သူထံ သွားရောက် လည်ပတ်မည်ဟု ခွင့်တိုင်ခဲ့သလို၊ တခြားသော အလုပ်သမားများ မူးယစ်သောက်စားကာ ရန်ဖြစ်ထား ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့အတွက် ဗီရော့က သူ၏ လက်ထောက်ကို စားသောက်ဆိုင်သို့ သွားရောက် စစ်ဆေးရန် ညွှန်ကြားရာ ထိုသူရောက် သောအခါ မည်သူ့ကိုမျှ မတွေ့ရဘဲ အထပ်တိုင်း လိုက်လံစစ်ဆေးရာ ချန်ကိုသာ အခန်းတွင်း သေဆုံးလျှက် တွေ့ရကြောင်း  ဖော်ပြထားသည်။

ထိုအလုပ်သမား ၇ ဦးလုံးတို့သည် ကြာသာပတေးနေ့ နံနက် တက္ကစီ တစင်းဌားပြီ အဆောက်အအုံမှ အရင်စလို ထွက်သွားသည်ဟု ရဲတပ်ဖွဲ့ကပြော သည်။

ဖမ်းဆီးထားသူ ၃ ဦးက လူသတ်မှုကို ဝန်ခံကြောင်း ဝန်သောင်လန်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ချာဗာလစ် ငန်ချာလတ် က သောကြာနေ့တွင်ပြောသည်။ ၎င်းတို့အနက် တဦးမှာ သတ်ဖြတ်မှုတွင် မပါဝင်ဘဲ သက်သေအဖြစ် ဆောင်ရွက်မည် ဟု လည်း သူပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading