သတင်း

လက်ထောက်တဦး၏ အရှုပ်တော်ပုံကြောင့် တောင်ကိုရီးယားသမ္မတ သိက္ခာကျ

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းသည် လက်ထောက်တဦး၏ လက်မခံနိုင်စရာ အပြုအမူတခုကြောင့် အပြင်းအထန် အဝေဖန်ခံနေရသည်။ ထိုသို့ အဝေဖန်ခံရခြင်းသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်သူဟူသည့် ၎င်း၏ နိုင်ငံရေးပုံရိပ်ကို ထိထိမိမိ ရိုက်ခတ်သွားစေခဲ့ရသည်။

ယင်းဖြစ်စဉ်ကြောင့် မွန်းကို ထောက်ခံမှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရသည်။ ယခင် အဆင့်မြင့် အတွင်းဝန်ဟောင်း ချိုကွတ် Cho Kuk ထံမှ လူထုအာရုံစိုက်နေမှုကို ရှောင်လွှဲရန် သမ္မတက ဂျပန်နှင့် ထောက်လှမ်းရေး အချက်အလက်များ ဖလှယ်နေမှု ရပ်တန့်စေရေး ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဝေဖန်သံများ ကျယ်လောင်လာခဲ့သည်။ ချိုကွတ်သည် တရားရေးဝန်ကြီး ဖြစ်လာရန် တစ်ပြေးနေသူဖြစ်သည်။

မွန်းအာဏာရပြီးနောက် ချိုသည် ၂၀၁၇ ခုနှစ်၊ မေလက အရပ်ဘက်ရေးရာ အဆင့်မြင့် အတွင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထိုရာထူးအရ ၎င်းသည် အစိုးရရှေ့နေများနှင့် အခြား တရားရေးဆိုင်ရာ အာဏာပိုင်များ အပေါ် လွှမ်းမိုးနိုင်မှု ရှိခဲ့သည်။ မွန်းသည် ထိုရာထူးနေရာ အတွက် ပြင်ပမှ လာသည့် ပုဂ္ဂိုလ်တဦးကို ခန့်အပ်ရန် စိတ်အားထက်သန်ခဲ့သဖြင့် မွန်းအနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား ပြုခြင်းဖြစ်သည်ဟု အစိုးရရှေ့နေများ အကြားတွင် ဝေဖန်ခံခဲ့ရသည်။

ပြဿနာ အစမှာ ချိုသည် ၎င်း၏ သမီးကို ဆိုးလ်မြို့ရှိ နာမည်ကျော် ကိုရီးယား တက္ကသိုလ်ဝင်ခွင့်ရရန် အထောက်အကူ ပြုသည့် ဆေးပညာစာတန်း တစောင် ပြုစုသူစာရင်းတွင် တဦးအပါအဝင် ဖြစ်ရေးအတွက် ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချခဲ့ခြင်းအတွက် စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။

ချို၏ သမီးသည် ဘူဆန်မြို့ရှိ ဆေးကျောင်း တကျောင်းသို့ နောက်ပိုင်းတွင် ဝင်ခွင့်ရခဲ့သည်။ အဆိုပါ ဆေးကျောင်းတွင် ချို၏ သမီးသည် သတ်မှတ် အရည်ချင်းနိမ့်သော်လည်း ပညာသင်ဆု တဆု အထင်အရှား ရရှိခဲ့သည်။

ချို မိသားစုသည် အခွန်ပေးဆောင်ရခြင်းမှ ရှောင်ရှားရန်ကြိုးစားခဲ့ကြောင်း၊ ချို၏ ရာထူးမှာ အများပြည်သူ ကဏ္ဍတွင် ရှိနေသော်လည်း ၎င်းမိသားစုက ပုဂ္ဂလိက ရှယ်ယာငွေကြေး တခုတွင် ပါဝင် ရင်းနှီးမြှုပ်နှံထားကြောင်း စွပ်စွဲထားသည့် အရှုပ်တော်ပုံ ပေါ်ပေါက်လာခဲ့သည်။

ပြီးခဲ့သည့်အပတ် အင်္ဂါနေ့က အစိုးရရှေ့နေများသည် ဘူဆန်မြို့ရှိ ကိုရီးယား တက္ကသိုလ်နှင့် ပူဆန် အမျိုးသား တက္ကသိုလ်များသို့ ဝင်ရောက် စီးနင်းခဲ့ကြသည့်အပြင်၊ ကျောင်းတကျောင်းကို လည်ပတ်နေသည့် မိသားစုတစုထူထောင်ထားသော ဖောင်ဒေးရှင်းတခုကို စစ်ဆေးခဲ့ကြသည်။

“အစိုးရရှေ့နေတွေရဲ့ စုံစမ်း စစ်ဆေးချက်တွေကနေ စွပ်စွဲချက်အားလုံး ရှင်းလင်းသွားမှာပါလို့ ကျနော် မျှော်လင့်ပါတယ်” ဟု ချိုက သတင်းထောက်များကို ယင်းနေ့က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံရှိ အစဉ်အလာ ကြီးမားသော တက္ကသိုလ်များကို လွှမ်းမိုးချုပ်ကိုင်နိုင်သည် အထိ ချို၏ ချမ်းသာကြွယ်ဝမှု မည်မျှရှိနေကြောင်း ဝေဖန် ထောက်ပြမှုများ ထွက်ပေါ်ခဲ့သလို၊ ချိုကလည်း ကျောင်းသားထု အကြားတွင် ကွာဟချက် လျော့ပါးစေရန် ပိုမို ထောက်ပံ့ပေးရမည် ဖြစ်ကြောင်း စောဒက ပြန်တက်ခဲ့သည်။

ချိုက သူ့သမီးကို ကျောင်းဝင်ခွင့် ပေးခဲ့သဖြင့် မျိုးဆက်သစ် လူငယ်များအကြားတွင် သိသိသာသာ အမျက်ဒေါသ ထွက်ခဲ့၍ ကိုရီးယားတက္ကသိုလ်နှင့် ဆိုးလ်တက္ကသိုလ်များတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်နိုင်ချေ ရှိနေသည်။

Realmeter ၏ နောက်ဆုံးစစ်တမ်း ကောက်ယူချက်များအရ မွန်းအပေါ် ကန့်ကွက်မှု ၅၀ ဒသမ ၄ ရာခိုင်နှုန်း အထိ ဖြေဆိုသူများက သဘောထားဆန္ဒ ပေးခဲ့ကြသည်။

ချို တယောက် တရားရေးဝန်ကြီး ဖြစ်လာရေး၊ မဖြစ်လာရေးမှာလည်း ကြီးစွာသော မေးခွန်းတခု ဖြစ်သည်။ ၎င်းရာထူး ခန့်အပ်ရေးအတွက် မွန်းအနေဖြင့် တွေ့ရှိချက်များကို လျစ်လျူရှုနိုင်လင့်ကစား ယနေ့ တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် တောင်ကိုရီးယား အမျိုးသားလွှတ်တော်၌ ၎င်းဝန်ကြီးနေရာ အရည်အချင်းနှင့် ပတ်သက်၍ ကြားနာနေပြီ ဖြစ်သည်။

အထက်ပါ အရှုပ်တော်ပုံသည် အရှိန်အဟုန် ရှိနေဦးမည်ဟု အတိုက်အခံ လေဘာတီ ကိုရီးယားပါတီက မျှော်လင့်နေသည်။ လက်ရှိ စုံစမ်းစစ်ဆေးနေမှုမှာ လုံလောက်မှုမရှိကြောင်း၊ ယင်းအမှုဖြစ်စဉ်အတွက် အစိုးရ ရှေ့နေတဦးကို အထူးသီးသန့် ခန့်အပ်ရန် မိမိတိုက်တွန်းကြောင်း အတိုက်အခံပါတီ ကိုယ်စားလှယ် ခေါင်းဆောင် နကျွန်ဝမ်း Na Kyung-won က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

မွန်း၏အစိုးရသည် ချိုကို ဆက်လက်၍ ကျောထောက်နောက်ခံ ပေးနေဆဲဖြစ်သည်။ လေဘာတီ ကိုရီးယားပါတီ (LKP) အနေဖြင့် ချိုနှင့် ၎င်း၏ မိသားစုကို ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်ပြောဆိုမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း လက်ရှိအာဏာရ ကိုရီးယား ဒီမိုကရက်တစ် ပါတီက ပြစ်တင် ဝေဖန်ခဲ့သည်။ သို့သော် အာဏာရပါတီထဲတွင် သံသယတချို့ ရှိနေကြောင်း ပြသလျက်ရှိပြီး ချို၏ စွမ်းဆောင်ရည် အပေါ် အခြေခံ၍ ဆုံးဖြတ်ချက်တရပ် ချမှတ်ရန် လွှတ်တော်အမတ်များကို တိုက်တွန်း ထားသည်။

ကိုးကား ။ ။ Nikkei Asia Review

တောင်ကိုရီးယား သမ္မတ စက်တင်ဘာ ၃ တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

မွန်းဂျေအင်း၏ မြန်မာခရီးစဉ် တောင်ကိုရီးယား ဘဏ်လုပ်ငန်း အကြီးအကဲများ လိုက်ပါလာမည် 

Did you find apk for android? You can find new Free Android Games and apps.
Loading