သတင်း

ထိုးစစ်ရပ်မည်ဟု မြောက်ပိုင်းမဟာမိတ် ကြေညာ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်နိုင်ရေးအတွက် ထိုးစစ်ရပ်မည်ဟု မြောက်ပိုင်း မဟာမိတ် ဖွဲ့ဖြစ်သည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ရက္ခိုင်စစ်တပ် (AA) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။ 

အဆိုပါ ကြေညာချက်ကို တရုတ်ဘာသာဖြင့် စက်တင်ဘာ ရက်နေ့ ရက်စွဲဖြင့် ကြိုတင်ထုတ်ပြန်ခဲ့ပြီး မြန်မာဘာသာဖြင့် စက်တင်ဘာ ရက်နေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ကအဓိကကတော့ ကျိုင်းတုံ ဆွေးနွေးပွဲကို အခြေခံပြီးမှ ထုတ်ပြန်တာ ဖြစ်ပါတယ်။ အဲမှာ ပါတဲ့ အချက်အလတ်တွေကတော့ ပြည်တွင်းစစ် ရပ်စဲပြီးမှ တနိုင်ငံလုံး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ပေါ့၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ဆန္ဒအပြည့်အဝ ရှိတယ်၊ အဲဒါကြောင့်မလို့ ကျနော်တို့က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ကို မပြုလုပ်တော့ဘူး မိမိကိုယ်ကိုယ် ခုခံကာကွယ်စစ်ပဲ ဆောင်ရွက်တော့မယ် ဖြစ်တယ်ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်နှင့် ရေရှည်ကြာမြင့်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းနိုင်ရန်အတွက် ပြည်တွင်းစစ်များ လျင်မြန်စွာရပ်စဲပြီး တနိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက်ရည်ရွယ်ကြောင်း ဖော်ပြထားသည်။ 

ပဏာမ အပစ်အခတ်ရပ်စဲရေး (Bilateral) မထိုးရသေးသော အစိုးရနှင့် ၎င်းတို့အကြား သြဂုတ် ၃၁ ရက်နေ့ ကျိုင်းတုံ အစည်းအဝေး၏ သဘောထားစုစည်းမှု အတိုင်း “Bilateral Ceasefire Agreement” ကို ညှိနှိုင်းပြင်ဆင်ကြပြီး လျင်မြန်စွာအတည်ပြုနိုင်ရန် မြောက်ပိုင်း မဟာမိတ် ဖွဲ့က တိုက်တွန်းထားသည်။ 

ထို Bilateral Ceasefire Agreement မှတဆင့် နိုင်ငံအတွင်း ဖြစ်ပွားလျှက်ရှိသော လက်နက်ကိုင် ပဋိပက္ခများနှင့် ပြည်တွင်း စစ်မီး အဆုံးသတ်သွားသည်အထိ သက်ဆိုင်သူများနှင့် အမှန်တကယ် ဖော်ဆောင်သွားမည်ဟုလည်း ဆိုထားသည်။ 

အလားတူ Bilateral Ceasefire Agreement လက်မှတ် မရေးထိုးမီ ပြင်ဆင်နေသော အချိန်ကာလ အတွင်း၌ ၎င်းတို့ ဖွဲ့အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်လိုသော စိတ်ရင်းစေတနာအမှန်ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟုလည်း ကတိပြုထားသည်။ 

အဆိုပါထုတ်ပြန်ချက်မှာ သြဂုတ်လ ၃၁ တရက်နေ့က ပြုလုပ်ခဲ့သော ကျိုင်းတုံဆွေးနွေးပွဲက ရခဲ့သော ကောင်းမွန်သည့် ရလဒ်တခုဖြစ်ကြောင်း သို့သော်လည်း အပစ်အခတ်ရပ်စဲလိုက်ပြီဆိုသည့် ကြေညာချက်မျိုး မဟုတ်ကြောင်း စစ်ရပ်စဲရေးအတွက် စစ်ရှိန်လျှော့သွားစေရန်ကြိုးပမ်းသွားမည်ဆိုသည့် သဘောသာ ဖြစ်ကြောင်း တိုင်းရင်းသားအရေးစောင့်ကြည့်လေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။ 

ဦးသန်းစိုးနိုင် က  “မနေ့ကကို ကွတ်ခိုင်ဘက်မှာ ကား စီး မီးရှို့ လိုက်တယ် ကြားတယ်၊ အဲတော့ ရက်နေ့ ကြေညာချက်ကို သိပ်ပြီး အလေးအနက်ထားမနေပါနဲ့ အရေးကြီး တာက စက်တင်ဘာလ ၁၆ ရက်နေ့ Bilateral ထိုးနိုင်သလား၊ ပြီးရင်တပ်မတော်နဲ့ ဆက်ဆွေးနွေးမလား၊ ဆွေးနွေးတာ အဆင်မပြေလို့ရှိရင်တော့ အဲဘက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်အုံးမှာပဲဗျ။ အဲတော့ ၂၁ ရက်နေ့ အလွန်ကိုပဲ စောင့်မျှော်ကြည့်လိုက်ပါဗျာဟု ဧရာဝတီသို့ ပြောသည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်ပြီး နောက်တနေ့ညမှာဘဲ ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အရပ်ဘက် ကုန်သွယ်ရေးကား စီး မီးရှိူ့ခံခဲ့ရသဖြင့် ယခုကဲ့သို့ ထုတ်ပြန်လာမှုအပေါ်တွင်ယုံကြည်ရန် ခက်ခဲကြောင်း မူဆယ်မန္တလေးလမ်းပေါ်တွင် ပြေးဆွဲနေသည့် ကားဆရာ ဦးတင်ထွန်း က ပြောသည်။ 

ဦးတင်ထွန်းကမယုံဘူး အစ်ကိုရေ။ မနေ့ညက နမ့်ကွတ်မှာ ကား ၁၀ စီးလောက်တောင် ရှိတယ်၊ မီးရှို့ပြစ်တာ။ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား နမ့်ကွတ်ဆိုတာလေ။ ကားကြီး ကားငယ်တွေနဲ့ မနေ့ည နာရီလောက်တုန်းက ရှို့ပြစ်တာ။ သူတို့ ပြောတာတွေကတော့ မယုံဘူး။ အခုက ဘယ်က လုပ်လို့ လုပ်မှန်းမသိဘူး အဲလိုဖြစ်နေတာ။ လမ်းကြော တွေက ပွင့်တယ်ပြောလိုက် တော်ကြာ ရှို့တယ်ပြောလိုက် တော်ကြာလုပ်လိုက်နဲ့ဖြစ်နေတာဟု ဧရာဝတီသို့ ပြောသည်။ 

၎င်းက ဆက်၍ကျနော်တို့ကတော့ သူတို့ ငြိမ်းချမ်းရေး ယူမယ်ဆိုလည်း ယူမှ ကောင်းတာဗျာ၊ ယူမယ်ပြောပြီးတော့ ဟိုဘက် တဖက်မှာ အဲလိုတွေ လုပ်နေတာတွေက ခဏခဏကြုံတွေ့ရတယ်ဗျ။ သူတို့က အပြောနဲ့ အလုပ်တွေက မညီကြ ဘူး။ ဟိုဘက်မှာ ပြည်သူတွေ စိတ်ချမ်းသာအောင် ငြိမ်းချမ်းရေး ယူမယ် အပစ်အခတ်ရပ်စဲမယ် ပြောလို့ပြော ဒီဘက်မှာကျတော့ ပစ်လို့ပစ်၊ ကားမီးရှို့လို့ရှို့၊ အဲလိုတွေ လုပ်နေတာဟု ဆိုသည်။ 

မြောက်ပိုင်း မဟာမိတ် ဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်၊ တိုးဂိတ်၊ မူးယစ်ဂိတ်၊ နောင်ချိုတိုးဂိတ်၊ မြို့ရှောင်လမ်း ဂိတ်၊ ရဲစခန်းတို့ ကို ထိုးစစ်ဆင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်၊ လားရှိုးစသည့် မြို့နယ်များအတွင်းနှင့် မူဆယ်မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တိုက်ပွဲများ ယနေ့ထိ (စက်တင်ဘာလ ရက်) ဖြစ်ပွားခဲ့ကြသည်။ 

အဆိုပါ တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှာ အစိုးရ ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အပါအဝင် TNLA MNDAA AA မှ ကိုယ်စားလှယ်များ သြဂုတ်လ ၃၁ ရက် ဆွေးနွေးခဲ့ကြသည်။

ကျိုင်းတုံ ဆွေးနွေးပွဲတွင် စက်တင်ဘာလ ၁၆၁၇ ရက်တွင် ပြန်လည် တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြပြီး တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် တပ်နေရာချထားရေးကိစ္စများအတွက် သတ်မှတ်ရမည့် စည်းမျဉ်း စည်းကမ်းများအပေါ် တပ်မတော်ဖြင့်ဆက်လက် ဆွေးနွေးရန်လည်း သဘောတူညီခဲ့ကြသည်။

You may also like these stories:

မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရ မိုင်းလားတွင် တွေ့ဆုံ

တိုက်ပွဲကြောင့် ပိတ်မိနေသည့် ရွာ ၄ ရွာ ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရ

တိုက်ပွဲများ ရပ်တန့်ရေး တပ်မတော်နှင့် ဆွေးနွေးရန် မြောက်ပိုင်းအဖွဲ့ သဘောတူ

ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ

Did you find apk for android? You can find new Free Android Games and apps.
Loading